ပုပ်ဖရန်စစ်မှ စလိုဗက်ကီးယားသမ္မတအား ဗာတီကန် ၌ လက်ခံတွေ့ဆုံ

ပုပ်ဖရန်စစ်မှ စလိုဗက်ကီးယားသမ္မတအား ဗာတီကန် ၌ လက်ခံတွေ့ဆုံ

ပြီးခဲ့သော တနင်္လာနေ့က ပုပ်ရဟန်း မင်းကြီးဖရန်စစ်သည်

စလိုဗက်ကီးယားသမ္မတ Zuzana Caputova အား ဗာတီကန်တွင် လက်ခံတွေ့ဆုံခဲ့သည်။

ရဟန်းမင်းကြီးအား တွေ့ဆုံဂါဝပြုပြီးနောက် သမ္မတသည် နိုင်ငံတကာဆက်ဆံရေး၏ အတွင်းရေးမှူးဖြစ်သူ ဂိုဏ်း ချုပ်ဆရာတော် Paul Richard Gallagherနှင့် တွေ့ဆုံခဲ့သေးသည်။

ဗာတီကန်၏သတင်းထုတ်ပြန်ရေးဠာနမှ “နိုင်ငံတကာဆက်ဆံရေး၏ အတွင်း ရေးမှူးနှင့် သမ္မတတို့၏ ချစ် ကြည်ရင်းနှီးသော တွေ့ဆုံခြင်းတွင် ပညာရေးနှင့် လူ့အသိုင်းအဝိုင်းရှိ အသင်းတော်၏ အခန်းကဏ္ဍတို့တွင် တစ်ဦးကိုတစ်ဦး ပိုပြီး အား ပေး ကြရန် မျှော်လင့်ကြောင်းနှင့် နှစ်ဦးနှစ်ဖက်ကြားတွင်ရှိသော ဆက်ဆံရေးကိုလည်း အသိအမှတ်ပြုကြောင်း” ထုတ်ပြန်ခဲ့သည်။

ဘုရားရှင်၏ ဖန်ဆင်းခြင်းလက်ရာများအား ကာကွယ်ရန်နှင့် COVID-19 ၏ အ ကျိုးသက်ရောက်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။

“ဥရောပ၏ လက်ရှိနှင့် အနာ ဂတ်အတွက် စိန်ခေါ်မှုများဖြစ်သည့် လုံခြုံရေး၊ ရွေ့ပြောင်းနေထိုင်သူများနှင့် ပဋ္ဋိပက္ခမဖြစ်အောင် ကာကွယ် ခြင်းများ၊ ပဋ္ဋိပက္ခများကို ပြေလည်အောင် ဖြေရှင်းပေးခြင်းများ ကဲ့သို့သော နယ်မြေဒေသနှင့်သာမက နိုင်ငံတကာနှင့်ပါ သက်ဆိုင်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း” ဗာတီကန်မှ ထုတ်ပြန်ခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of:ANSA

https://bit.ly/2LKWBqt

Add new comment

9 + 10 =