ပုပ်ဖရန်စစ်မှ စစ္စတင်းဘုရားကျောင်း ကွိုင်ယာဒါရိုက်တာအသစ်ခန့်အပ်

ပုပ်ဖရန်စစ်မှ စစ္စတင်းဘုရားကျောင်း ကွိုင်ယာဒါရိုက်တာအသစ်ခန့်အပ်

ပုပ်ဖရန်စစ်မှ စစ္စတင်းဘုရားကျောင်း ကွိုင်ယာဒါရိုက်တာအသစ်ခန့်အပ်

နိုဝင်ဘာ၂၂ ရက် စိန့်စီစီလျားပွဲနေ့တွင် ပုပ်ဖရန်စစ်သည် စစ္စတင်းဘုရားကျောင်းကွိုင်ယာဒါရိုက်တာအသစ် ခန့်အပ်ခဲ့သည်။

သူသည်Mgr. Marcos Pavon ဖြစ်ပြီး ဘရာဇီးနိုင်ငံသားလည်းဖြစ်သည်။သူသည် ဆလေးရှင်းဘုန်းကြီး Fr. Massimo Palombini အနားယူသည့် ၂၀၁၉ ဇူလိုင်လနောက်ပိုင်းတွင် ခေတ္တဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။

သက်တော် ၅၈ နှစ် ရှိပြီဖြစ်သော အဆိုပါဘုန်းတော်ကြီးသည် စစ္စတင်းကွိုင်ယာတွင် ၁၉၉၈ ခုနစ်ကတည်းက ပါဝင်သီဆိုလာခဲ့သူဖြစ်သည်။

သူသည် ရှေ့နေအဖြစ် လုပ်ကိုင်ပြီးမှ ၁၉၉၆တွင် ရဟန်းတစ်ပါးဖြစ်လာခဲ့ပြီး Copolompo သာသနာတွင် အမှုတော်ထမ်းခဲ့သည်။

စစ္စတင်းကွိုင်ယာတွင် ကမ္ဘာတစ်ဝှမ်းမှ အဆိုတော် အယောက်၂၀ ပါဝင်ပြီး အမြင့်သံသီဆိုသည့် အသက် ၉ နှစ် မှ ၁၃ နှစ် ကြား ယောကျ်ားလေး ၃၅ ယောက်လည်းရှိသည်။

နှစ်ပေါင်း၁၅၀၀သက်တမ်းရှိသော ထိုကွိုင်ယာသည် ကမ္ဘာပေါ်ရှိ သက်တမ်းအကြာဆုံး သီဆိုသည့် ကွိုင်ယာလည်းဖြစ်သည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: Mazur/catholicnews.org.uk

https://bit.ly/39r7nfs

 

 

Add new comment

3 + 9 =