ပုပ်ဖရန်စစ်မှ ကြာသပတေးနေ့ကြီး ခြေဆေးခြင်း ၌အမျိုးသမီးများပါ၀င်ခွင့်ပြုပြီးဟုဆို

ပုပ်ဖရန်စစ်မှ ကြာသပတေးနေ့ကြီး ခြေဆေးခြင်း အခမ်းအနား၌အမျိုးသမီးများပါ၀င်ခွင့်ပြုပြီးဟုဆို

ကြာသပတေးနေ့ကြီးည၌ အမျိုးသမီးများသည်အမျိုးသားများနှင့်အတူခြေဆေးခြင်းအခမ်းအနား၌ပါ၀င်နိုင်ကြောင်းကိုရဟန်းမင်းကြီးဖရန်စစ်က ကြေညာချက်တစ်စောင်ထုတ်၍အသိပေးကာစတင်လုပ်ဆောင်ပြခဲ့သည်။ ဤကြေညာချက်မတိုင်မီအထိ ခြေဆေးခံသော အခမ်းအနားကား အမျိုးသားများကိုသာရွေးချယ်ပါ၀င်စေခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်က ၀တ်ပြုခြင်းဆိုင်ရာအပိုင်း၏တာ၀န်ခံကာဒီနယ် Robert Sarah အား ကြာသပတေးနေ့ကြီးခြေဆေးခြင်းအခမ်းအနားနှင့်စပ်လျင်း ၍ ဉပဒေ စာတစ်စောင်ရေးသားပေးပို့ခဲ့သည်။ ထိုစာထဲ၌ ယခုမှစ၍ ကြာသပတေးနေ့ကြီးညနေပိုင်း၏ခြေဆေးခြင်းအခမ်းအနားတွင် တပည့်တော်ကြီး (၁၂) ပါးအားကိုယ်စားပြု၍ လူ (၁၂) ဦးကိုရွေးချယ်လေ့ရှိသည်။ ထိုတပည့်တော်ကြီး (၁၂) ပါးသည် ဘုရားသခင်၏လူမျိုးတော်ကိုကိုယ်စားပြုသောအစုအဖွဲ့ဖြစ်သည်။ ဤအချက်နှင့်စပ်လျင်း၍ ကျွန်ုပ် (ရဟန်းမင်းကြီး) အနေဖြင့်ထောက်ရှုနေခဲ့သည်မှာ ဤခြေဆေးခြင်းကိုဘုရား သခင် ၏လူမျိုးတော်အား လုံးလုံးလျားလျားကိုယ်စားပြုသည်၊ အထက်ခန်း၌ကျင်းပခဲ့သော ယေဇူးသခင်၏နောက်ဆုံးညစာစားပွဲသည်ကမ္ဘာလူသားထုအားကယ်တင်ရန်မည်သည့်အဟန့်အတားမျှမရှိသောချစ်ခြင်းဖြင့်ပေးဆပ်ခဲ့သည့်လက်ဆောင်မွန်ဖြစ်သည်ကိုပို၍လက်တွေ့ကျရုပ်လုံးကြွလာစေလိုသည်ဟုရေးသားပေးပို့ခဲ့သည်။

ဤအခမ်းအနား၌ပါ၀င်ရန်ရွေးချယ်ခြင်းခံရသူများနှင့်စပ်လျင်း၍ လုံလောက်သောရှင်းပြချက်များကိုလည်းပြုလုပ်ရမည်ဖြစ်သည်။ အဆိုပါပြောင်းလဲကြေညာချက်ကိုကာဒီနယ် Robert Sarah က (ဇန္န၀ါရီလ ၆၊ ၂၀၁၆) တွင်လက်မှတ်ရေးထိုးခဲ့သည်။

ယခင်ကသာသနာတော်ကြီး၏၀တ်ပြုခြင်းဆိုင်ရာလက်စွဲစာအုပ်၌ "အဆိုပါခြေဆေးခြင်းအခမ်း၌ပါ၀င်ရန်ရွေးချယ်ခံရသောအမျိုးသားများသည်" ၀တ်ပြုခြင်းအခမ်း အနားကိုဦးဆောင်သောရဟန်းနှင့်အတူခြံရံလျှက်သွားရမည်ဟုရေးသားထားရာယခုမှာမူ "ဘုရားသခင်၏လူမျိုးတော်ကိုကိုယ်စားပြုသည့် ခြေဆေးခံယူရန်ရွေးချယ်ခံရသောသူတို့သည်" ဟုပြောင်းလဲပြင်ဆင်ရန်ဖြစ်ကြောင်းရှင်းပြထားသည်။

အဆိုပါအခမ်းအနား၌ပါ၀င်ရန်အတွက် အခမ်းအနားဦးဆောင်သူက ဘုရား သခင်၏လူမျိုးတော်ကိုကိုယ်စားပြုမည့် သင့်လျှော်သူများကိုရွေးချယ်နိုင်သည်။ ဘုရားသခင်၏လူမျိုးတော်ထဲ၌ အမျိုး သမီး၊ အမျိုးသားများလည်းပါ၍ အမျိုး သမီးများကိုလည်းရွေးချယ်နိုင်ကြောင်း၊ အရွယ် (၃) ပါးဖြစ်သည့် 'သက်ငယ်၊ သက်လတ်၊ သက်ကြီးများလည်းဖြစ်နိုင်ကြောင်း၊ ကျန်းမာသူ၊ မကျန်းမာသူ၊ သူတော်စင်အမျိုးသား၊ အမျိုးသမီး၊ သူတော်စင်များမဟုတ်သော်လည်း ဘုရားအမှုတော်ထမ်းရန်ရာသက်ပန်ဆက်ကပ်အပ်နှံထားကြသောအမျိုးသားအမျိုး သမီး၊ ဓမ္မအမှုတော်ဆောင်များပါ၀င်နိုင်သည်ဟုဆိုသည်။

ဤလမ်းညွှန်ပြင်ဆင်ချက်ကို ကမ္ဘာတစ်၀ှမ်းမှသာသနာအုပ်စုအတော်များများတွင်လိုက်နာလုပ်ဆောင်လျှက်ရှိသည်။

အစဉ်အလာရမြင်တွေ့နေခဲ့သည်မှာ အမျိုး သားများဖြစ်သော်လည်း ယခုအခမ်းအနားသည် 'Sacraments' (စက္ကရာမင်တူး) မဟုတ်။ 'Sacramental' (စက္ကရာမင်တူးအားခံယူရာတွင်ပို၍လေးနက်မှုရှိစေရန်ကူညီပေးသောအရာ) သာဖြစ်၍ လုပ် ဆောင်နိုင်ကြောင်းရဟန်း မင်းကြီး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ၀တ်ပြုခြင်းဆိုင်ရာတာ၀န်ခံရုံးတော်မှတရား၀င်ကြေညာခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင်သည်လည်း ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်သော (၂၀၁၃) ခုနှစ်၌ ကြာ သပတေးနေ့ကြီးညနေပိုင်းခြေဆေးခြင်းအခမ်းအနားကို ရောမရှိ 'Casal del Marmo juvenile ' အကျဉ်း ထောင်၌ ကျင်းပရာ အမျိုးသားများ၊ အမျိုးသမီးများ၊ ကက်သလစ်မဟုတ်သောသူများ၊ မွတ်စလင်အမျိုးသမီးများကိုပင်လျှင်ထည့်သွင်းဆေးကြောပေးခဲ့သည်။

နောက်တစ်နှစ်အကြာ ရဟန်းမင်းကြီးဖရန်စစ်သည် ထိုနှစ်၏ကြာသပတေးနေ့ကြီးညနေပိုင်းအခမ်းအနားကို သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းစောင့်ရှောက်ရေးဂေဟာဖြစ်သော 'Don Gnocchi' ၌ဦးဆောင်ကျင်းပရာလူငယ်များ၊ သက်ကြီးရွယ်အိုများကိုရွေးချယ်ပါ၀င်စေခဲ့သည်။ ၄င်းတို့အနက် (၄) ဦးမှာအမျိုးသမီးများဖြစ်ကြသည်။

အသစ်ပြန်လည်ပြုပြင်လိုက်သောလမ်း ညွှန်ချက်၌ ဤခြေဆေးခြင်းအခမ်းအနားတွင်ပါ၀င်သူအမျိုးသား၊ အမျိုးသမီးများဟုဆိုရာဒေသန္တရဘာသာတူအဖွဲ့အစည်းကိုသာဆိုလိုပြီး ၄င်းတို့အနက်မှရွေးချယ်နိုင်သည့်သဘောကိုဆိုလိုကြောင်း၊ သို့ သော်ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ဘာသာတူမဟုတ်သောသူများအားလည်းရွေးချယ်ပါ၀င်စေခြင်းကိုမှုနောက်နောင်ဖြည့်စွက်လမ်းညွှန်ချက်များ၌ထည့်သွင်းနိုင်ကောင်းထည့်သွင်းနိုင်ကြောင်း၊ သို့သော်ဖြစ်နိုင်ခြေရှိသောအခြေအနေတစ်ခုကား ဘာသာကွဲလက်ထပ်ပြီး ဘာသာတူဖြစ်သူသည်ဘာသာတရားကိုင်းရှိုင်းသူ၊ သူ၏ အိမ်ထောင်ဖက်သည်လည်းဘာသာတူမဟုတ်သော်လည်း ဘာသာတရားကိုနားလည်သူဖြစ်သောအိမ်ထောင်ဖက်များကိုရွေးချယ်ပါ၀င်စေခြင်းသည်ဖြစ်နိုင်ချေရှိကြောင်း ၀တ်ပြုခြင်းဆိုင်ရာဌာန၏ အတွင်း ရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Arthur Roche ကရှင်းပြခဲ့သည်။

ခရစ်ယာန်မဟုတ်သောသူများအားရွေးချယ်ပါ၀င်စေခြင်းနှင့်စပ်လျင်း၍ ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၃) ခုနှစ်က ရဟန်းမင်းကြီးအမှုတော်ကိုထမ်းဆောင်ရန်ရွေးချယ်ခံရပြီးများမကြာမီတွင်ဤကြာသပတေးနေ့ကြီးညနေပိုင်း၌ခြေဆေးခြင်းအခမ်းအနားတွင် မွတ်စလင်လူငယ်တစ်ဦးကိုလည်းရွေးချယ်ပါ၀င်စေခဲ့ကြောင်း၊ ထိုအခြေအနေသည် ချွင်းချက်အခြေအနေအဖြစ်သတ်မှတ်နားလည်ရမည်ဖြစ်ကြောင်း၊ 'ဘုရားသခင်၏လူမျိုးတော်' ဟူသောစကားစုကိုပြန်ဆိုနားလည်ခြင်းနှင့်စပ်လျင်း၍ ဂိုဏ်းချုပ်ဆရာတော်က 'Lumen gentium' ဒုတိယဗာတီကန်လမ်းညွှန်ချက်အရ 'သာသနာအတွင်းမှဘာသာတူများကိုသီးသီးသန့်သန့်ဆိုလိုသည်' ဟုလည်းဖြေကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3GlJRQo

Add new comment

1 + 11 =