ပုပ်ဖရန်စစ်မှ ကမ္ဘာ့ကပ်ဘေး ကိုဗစ်တွင် ပါဝင် ကူညီသူ အမျိုးသမီးများအား အသိအမှတ်ပြုခြင်း

ပုပ်ဖရန်စစ်မှ ကမ္ဘာ့ကပ်ဘေး ကိုဗစ်တွင် ပါဝင် ကူညီသူ အမျိုးသမီးများအား အသိအမှတ်ပြုခြင်း

ပုပ်ဖရန်စစ်မှ ကမ္ဘာ့ကပ်ဘေး ကိုဗစ်တွင် ပါဝင် ကူညီသူ အမျိုးသမီးများအား အသိအမှတ်ပြုခြင်း

ဗာတီကန်နန်းတော်၊ တမန်တော်ကြီး စာကြည့်တိုက်မှာ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းအစီအစဉ်မှာ အရှင်သူမြတ်ပုပ်ဖရန်စစ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး အတွင်း ဆက်ကပ်ကြတဲ့ အမျိုးသမီးများအား သခင်ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းကို တပည့်တော်ကြီးများထံ ကြေငြာပြောကြားခဲ့ကြတဲ့အမျိုးသမီးများအားဖြင့် ကမ္မဌာန်း တရားပေးရင်း အသိအမှတ်ပြု ခဲ့တာဖြစ်ပါတယ်။

အခုလို ကပ်ဘေး ပြဿနာ အချိန်မှာအခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေကြတဲ့ စတိုးဆိုင် ၀န်ထမ်းလေးတွေ၊ မိသားစု အတွက် ဘိုးဘွားတွေ၊ မသန်စွမ်းသူတွေ၊ ကလေးတွေအတွက် စောင့်ရှောက်ရင်းအိမ်မှာနေကြတဲ့ မိခင်တွေ၊ အမညီမတွေ နဲ့ အတူ၊ အကျဉ်းထောင်စောင့်ကြပ် အမျိုးသမီး ၀န်ထမ်းများ၊ လုံခြုံရေးတာ၀န်ခံများ၊ သူနာပြုများ၊ ဆရာ၀န်များနဲ့ ကျန်းမာရေး၀န်ထမ်း အမျိုးသမီးအားလုံး ကို အထူးဖော်ပြပြီး အရှင်သူမြတ်က အသိအမှတ် ပြုခဲ့ခြင်းဖြစ်ပါတယ်။

၄င်းတို့ထဲမှ တချို့သူတွေဟာ အန္တရာယ် ရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကာ တာ၀န်ထမ်းဆောင်နေကြရကြောင်း၊ ဘုရားသခင်၏ ထူးခြားသောကောင်းကြီးမင်္ဂလာ ၄င်းတို့အပေါ်သက်ရောက်စေပါမည့်အကြောင်းနှင့် ၄င်းတို့၏ မိသားစု နှင့် ရပ်ရွာအဖွဲ့အစည်းများရဲ့ နာူလည်မှုနှင့် ပံ့ပိုးမှုများရရှိစေပါရန်အရှင်သူမြတ်က ဆုတောင်းပေးခဲ့တာပါ။

ထို့နောက်အရှင်သူမြတ်က အားလုံးကို ပျော်ရွှင်သော ပါစကားချိန်ခါ ဖြစ်ပါစေလို့နုတ်ဆက်ရင်း တဉီးနဲ့ တဉီး စာနာစိတ်ထားကူညီကြရန် တိုက်တွန်းခဲ့ပါတယ်။

ဒီနောက်မှာတော့ ပြတင်းဝ သို့သွားရောက် ကာ ပရိတ်သတ်များ ကင်းမဲ့ပြီး တိတ်ဆိတ်နေတဲ့ စိန့်ပီတာရင်ပြင်တော်ကြီးကို ကြည့်ကာ အပေါ်ထပ်မှ ကောင်းကြီးမင်္ဂလာပေးခဲ့ပါတယ်ဆိုတာကို ဗာတီကန် သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်၊SJA

 

https://bit.ly/34w9kTa

 

Add new comment

2 + 1 =