ပုပ်ဖရန်စစ်မှရေများကိုမဖြုန်းရန်၊ အလွဲမသုံးရန်ပန်ကြား

ပုပ်ဖရန်စစ်မှရေများကိုမဖြုန်းရန်၊ အလွဲမသုံးရန်ပန်ကြား

မတ်လ (၂၂) ရက်နေ့သည် နှစ်စဉ် 'ကမ္ဘာ့ရေအရင်းအမြစ်နေ့' အဖြစ်သတ်မှတ်ကျင်းပလေ့ရှိသည်။ ယခုနှစ်မတ်လ (၂၂) သည် ဗုဒ္ဓဟူးနေ့၌ကျရောက်ခဲ့သည်။ ထိုနေ့သည်ရဟန်းမင်းကြီးကမ္ဘာပေါ်မှဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်ကျယ်၌တွေ့ဆုံလေ့ရှိသောနေ့လည်းဖြစ်သည်။ ထိုသို့တွေ့ဆုံချိန်၌ရဟန်းမင်းကြီးက ရေများကိုမဖြုန်းတီးရန်၊ အလွဲမသုံးရန်၊ ရေသည်စစ်မက်ဖြစ်ပွားရခြင်း၏အကြောင်းအရင်းလည်းမဖြစ်စေရန်တိုက်တွန်းခဲ့သည်။

လူသားထုတစ်ရပ်လုံးနှင့်အနာဂတ်မျိုးများ၏အကျိုးအတွက်ထိန်းသိမ်းကာကွယ်ရမည်။

ရဟန်းမင်းကြီးသည်ထိုနေ့၌ စိန့်ဖရန်စစ်အာစီးစီ၏အဆိုအမိန့်ဖြစ်သော 'ကျွန်ုပ်၏သခင်၊ နှမတော်သီတာရေကြည်အားဖြင့် ကိုယ်တော်အားချီးမွမ်းထောပနာရှိပါစေသော်။ သီတာရေကြည်သည်အလွန်အကျိုးရှိလှသည်။ နှိမ့်ချသည်။ တန်ဖိုးရှိသည်။ ကြည်လင်ဖြူစင်သည်' ဟုရွတ်ဆိုဆုတောင်းခဲ့သည်ကိုပြန်လည်ကိုးကားထားသည်။ ဤရိုးရှင်းလှသောဆုတောင်းချီးမွမ်းခြင်း၌ ဖန်ဆင်းခြင်း၏အလှအပ်ကိုခံစားရသည်။ ဖန်ဆင်းခြင်းကိုထိန်းသိမ်းစောင့်ရှောက်ရာ၌ကြုံတွေ့ရသောစိန်ခေါ်ချက်များကိုလည်းသတိ၊ အသိရရှိလာစေသည်။

ယခုကဲ့သို့ 'ကမ္ဘာ့ရေအရင်းအမြစ်နေ့' ကိုနှစ်စဉ်ကျင်းပရခြင်းမှာ ကမ္ဘာပေါ်ရှိလူပေါင်း (၂) ဘီလျံသည်သောက်ရေသန့်ကိုအပိုအလျှံမဟုတ်။ လိုအပ်သလောက်ပင်မရနိုင်သည့်ဒုက္ခကိုကြုံတွေ့နေရသည်။ ကုလမှ 'ရေအရင်းအမြစ်ဆိုင်ရာအစည်းအ‌ေ၀းကြီးအား (၁၉၇၇) ခုအာဂျင်တီးနားနိုင်ငံ၌ပထမဦးဆုံးကျင်းပခဲ့သည်။

ထို့နောက် ဆယ်စုနှစ် (၅) စုကျော်လာမှ ကုလကအဆိုပါအကြောင်းအရာနှင့်ပတ်သက်သောအစည်းအဝေးကြီးကို နူးယော့ခ်ရှိကုလရုံးချုပ်၌ (မတ်လ ၂၂ - ၂၄) ရက်နေ့အထိ ဒုတိယအကြိမ်အစည်းအ‌ေ၀းကြီးကိုထပ်မံကျင်းပခဲ့သည်။

အစည်းအ‌ေ၀းကြီး၌ ကမ္ဘာကြီးမှလည်းရေနှင့်ပတ်သက်၍ရှားပါးမှုနှစ်စဉ်တိုး၍ကြုံလာနေရမှု၊ ရေကိုထိန်းသိမ်းစောင့်ရှောက်ရေးအသိပညာပေးမှုအကြောင်းများကိုဆွေးနွေးခဲ့ကြသည်။

ရေရှားပါးခြင်းအခက်အခဲပြဿနှင့်စပ်လျင်း၍ အချိန်မီကာကွယ်နိုင်ရန်နှင့်လက်တွေ့ဖော်ဆောင်ရာ၌လည်းအောင် မြင်ထိရောက်မှုရှိစေရန်၊ ရေအရင်းအမြစ်ကိုအဘယ်သို့ထိန်းကာကွယ်စောင့်ရှောက်ရမည်တို့ကိုလည်း စမ်းသပ်လုပ်ဆောင်ပြီး ရေပြတ်လပ်သည့်ဒုက္ခကိုကြုံတွေ့နေရသောသူများအားကူညီပေးနိုင်ရန်ဆုတောင်းပေးပါကြောင်း ရဟန်းမင်းကြီးကမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးသည် ဒုတိယအကြိမ်ကုလ၏ 'ရေအရင်းအမြစ်' ဆိုင်ရာအစည်းအ‌ေ၀းသို့တက်ရောက်ခဲ့ကြသောသူများအား ရေလုံလောက်စွာရရှိရေးသည် လူတစ်ဦး၏မွေးရာပါအခြေခံအခွင့်အရေးဖြစ်သည့်အကြောင်းကိုသတင်းစကားပါးခဲ့သည်။

ကုလ၏ 'ရေအရင်းအမြစ်' ဆိုင်ရာအစည်းအ‌ေ၀းကြီးမှ ကမ္ဘာကြီးအားလက်တွေ့ကျကျထိရောက်သောအဖြေကိုချပြလမ်းညွှန်ပေးနိုင်ရန်၊ သို့မှသာလူသားတို့သည် ရှင် သန်ရန်၊ အနားဂတ်ကိုမျှော်ကိုးရန်၊ အနာ ဂတ်၌ပြည့်စုံစွာလုပ်ဆောင်နိုင်ရန်သတင်း စကားပါးထားသည်။

ရဟန်းမင်းကြီးကဆက်လက်၍ ကမ္ဘာအဖွဲ့အစည်းတစ်ခုလုံးအားလည်း လူသားထုတစ်ရပ်လုံး၏ဘက်စုံလွှမ်းခြုံသောဖွံ့ဖြိုးမှု၌ပါ၀င်အားဖြည့်ဖော်ဆောင်ကြရန်ကိုလည်းတိုက်တွန်းခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3MeNlYI

Add new comment

4 + 4 =