ပုပ်ဖရန်စစ်နှင့်ပုပ်ဘယ်နဒစ်တို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး

ပုပ်ဖရန်စစ်နှင့်ပုပ်ဘယ်နဒစ်တို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး

ဗာတိကန်တွင် ဗုဒ္ဓဟူးနေ့က စတင်ခဲ့သော ကိုဗစ်ကာကွယ် ဆေးထိုးခြင်းအစီအစဉ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

နှင့် ပုပ်ရဟန်းမင်းကြီး ဘယ်နဒစ် ၁၆ တို့သည် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့ကြကြောင်းသိရသည်။

ဗာတိကန် သတင်းတိုက်မှ ပြော​ရေးဆိုခွင့်ရှိသူ Matteo Bruniက အရှင်သူမြတ်နှစ်ပါးစလုံးသည် ကာကွယ်ဆေးထိုးပြီးကြောင်း သတင်းထောက်များ၏အမေးကိုဖြေပေးခဲ့သည်။

တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်း ကြီးဖရန်စစ်နှင့် အီတလီရုပ် မြင်သံကြားအစီအစဉ်တစ်ခုတို့၏ အင်တာဗျူးတွင် ပုပ်ဖရန်စစ်က လာမည့်အပတ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးမည်ဟု ဖြေကြားပေးခဲ့သည်။

ပုပ်ဖရန်စစ်က "ကာကွယ် ဆေးထိုးခြင်းသည် လူ့ကျင့်ဝတ်နှင့်ဆိုင်သော တာဝန်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဤအရာသည် သင်၏ ကျန်း မာရေး၊ သင်၏အသက်၊ သင့်ပတ်ဝန်းကျင်ရှိ လူများ၏အ သက်နှင့်ဆိုင်သည်" ဟု မီး မောင်းထိုးပြခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဘယ်နဒစ်၁၆၏ အတွင်းရေးမှူးဖြစ်သူ ဆရာတော်Bp. Georg Gaeswein ကလည်း အရှင်သူမြတ်သည် ကာကွယ်ဆေးထိုးနှံမည့်အကြောင်း မကြာသေးမီကပင် ကြေညာပေးခဲ့သည်။

ဘာသာပြန်- Agnes Lawh Lun

https://bit.ly/3nPiIsU

Add new comment

3 + 0 =