ပုပ်ဖရန်စစ်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီ အောက်တိုဘာ ၃၀ ၌တွေ့ဆုံမည်

ပုပ်ဖရန်စစ်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီ အောက်တိုဘာ ၃၀ ၌တွေ့ဆုံမည်

ပုပ်ဖရန်စစ်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီ အောက်တိုဘာ ၃၀ ၌တွေ့ဆုံမည်

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာလာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့ ၊ ဗာတီကန်ရှိတမန်တော်ကြီး ခန်းမဆောင်မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နဲ့  မိနစ် ၃၀ ကြာ တွေ့ဆုံမှာဖြစ်တယ်လို့ ဗာတီကန်က သတင်းထုန်ပြန်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ၁၆ ကြိမ်မြောက် G-20 နဲ့ COP-26  ညီလာခံကြီးများသို့ တက်ရောက်ဘို့အတွက် အောက်တိုဘာ ၂၉ မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ရောမမြို့နဲ့ Glasgow ကိုခရီးပြုခဲ့မှာဖြစ်ကြောင်း

အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ဒီခရီးစဉ်အတွက် အောက်တိုဘာ ၂၈ မှာ အိန္ဒိယမှ ခရီးစတင်ထွက်ခွာမှာဖြစ်ပြီး ယဉ်ကျေးမှုထုံးတမ်းအရ ဗာတီကန်ရဲ့ အကြီးမြတ်ဆုံးသူ သက်တော် ၈၄ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့လည်း အိန္ဒိယ သတင်းဌာနကထုတ်ပြန်ထားပါတယ်။

ကက်သလစ်သာသနာ့ဉီးသျှောင်နဲ့ မိုဒီ တို့ဟာ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံကြမှာဖြစ်ကြောင်း

လက်ရှိအိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မခံရခင် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ပုပ်ဖရန်စစ်ဟာ ပုပ်အဖြစ်အရွေးခံခဲ့ရတာဖြစ်ပါတယ်။ ပါပါးဖရန်စစ်အနေနဲ့ အိန္ဒိယသို့အလည်အပတ်ကြွရောက်လိုတဲ့ ဆန္ဒပြင်းပျစွာရှိပေမယ့်လည်း မရေရာတဲ့ အကြောင်းအရာ များနဲ့ ဒီအစီအစဉ်ဟာ ဖြစ်မလာသေးဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာလည်း အိန္ဒိယ က ကာဒီနယ်ကြီး ၃ ပါးဟာ ယခု လက်ရှိဝန်ကြီးချုပ်မိုဒီအားတွေ့ဆုံခဲ့ကြပြီး အိန္ဒိယ သို့ ပါပါးဖရန်စစ်ကို ဖိတ်ခေါ်ပါရန်တောင်းဆိုခဲ့ကြကြောင်း

အိန္ဒိယနိုင်ငံ Kerala ကက်သလစ်ဆရာတော်ကြီးများကောင်စီ ဉက္ကဌ Cardinal George Alencherry ကတော့ ခေါင်းဆောင်ကြီး ၂ ဉီးရဲ့တွေ့ဆုံမှုဟာ သမိုင်းဝင်တွေ့ဆုံမှုဖြစ်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ ဗာတီကန်နဲ့ ကက်သလစ်အသင်းတော်ကြီးအတွက် နွေးထွေးတဲ့ဆက်ဆံရေးမျိုးဖြစ်လာမည်ဟု ယုံကြည်ကြောင်းဆိုပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3vQE0fH

 

Add new comment

2 + 2 =