ပုပ်ဖရန်စစ်နှင့်သမ္မတဘိုင်ဒန်တို့ ဗာတီကန်၌တွေ့ဆုံ

ပုပ်ဖရန်စစ်နှင့်သမ္မတဘိုင်ဒန်တို့ ဗာတီကန်၌တွေ့ဆုံ

ပုပ်ဖရန်စစ်နှင့်သမ္မတဘိုင်ဒန်တို့ ဗာတီကန်၌တွေ့ဆုံ

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နဲ့ သမ္မတဂျိုးဘိုင်ဒန်တို့ဟာအောက်တိုဘာလ ၂၉ ရက်နေ့က ကြိုတင်ကြေငြာထားတဲ့အတိုင်းပဲတွေ့ဆုံခဲ့ကြပါတယ်။

သမ္မတဘိုင်ဒန်နဲ့ အမျိုးသမီး ဂျေးဘိုင်ဒန်တို့ဟာ အရံကား  ၈၅ စီးခြံရံပြီး တော့ဗာတီကန်ကို ရောက်ရှိလာကြတာပါ။ သူတို့ဟာ ဂျီ ၂၀ ထိပ်သီးညီလာခံကြီးမတိုင်မှီ အရှင်သူမြတ်နဲ့တွေ့ဆုံတာလည်းဖြစ်ပါတယ်။

သမ္မတအဖြစ်နဲ့ ဒါဟာပုပ်ဖရန်စစ်ကို ဂျိုးဘိုင်ဒန်က ပထမဆုံးအကြိမ်တွေ့ဆုံတာပါ။ အိမ်ဖြူတော်ကနေလိုက်ပါလာတဲ့ အကြံပေးအရာရှိတေ၊ ရာထူးရာခံပုဂ္ဂိုလ်တွေကိုလည်း သမ္မတ က ပုပ်ဖရန်စစ် ကို တစ်ဉီးပြီးတစ်ဉီးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ဂျိူးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ ဒုတိယမြောက် ကက်သလစ် သမ္မတ တစ်ဉီး ဖြစ်ကြောင်း၊ ကက်သလစ်ဖြစ်တဲ့အတွက် ကိုက်ညီသင့်လျော်တဲ့လက်ဆောင်ဖြစ်တဲ့ ဝါရှင်တန်ဒီစီ ပုဂ္ဂိုလ်သုံးပါးဘုရားကျောင်းမှ ၁၉၃၀ ခုနှစ်က ထဲက ဂျေးဆွဇ်များ အသုံးပြုခဲ့သည့် အထူးရွေးချယ်လာခဲ့တဲ့ သမိုင်းမော်ကွန်းဝင် အမှတ်တရ  သင်္ကန်း ဝတ်ရုံတော်ကို အရှင်သူမြတ်အတွက် လက်ဆောင်အဖြစ် သမ္မတဘိုင်ဒန်က ဆက်သခဲ့ပါတယ်။

အရှင်သူမြတ်မှလည်း စိန့်ပီတာဘာဆီးလိကား ပုံနောက်ခံပါတဲ့ ကြွေထည် ပုံတော်တစ်ခု နဲ့ မှတ်တမ်းစာအုပ်ကို အမှတ်တရ ပြန်လည်ပေးခဲ့တာပါ။

“သင့်တော်သလားဆိုတာ တပည့်တော်မသိပါဘုရား၊ ဒါပေမဲ့ ဒီအကြွေစေ့လေးဟာ အမေရိကန် ထုံးတမ်းမှာ သမ္မတက စစ်သည်တော်တွေနဲ့ ခေါင်းဆောင်တွေကို ပေးအပ်လေ့ရှိတဲ့အကြွေစေ့လေးဖြစ်ပါတယ်။ တစ်ပည့်တော်အတွက် တွေ့ဖူးသမျှထဲမှာ အရှင်သူမြတ်ဟာ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ အထူးကြိုးပမ်းသူဖြစ်တာမို့ အရှင်သူမြတ်ခွင့်ပြုမယ်ဆိုရင် ဒီအကြွေစေ့လေးဆက်သပါရစေ” လို့ သမ္မတဘိုင်ဒန်က ဆိုရင်းအကြွေစေ့လေးကို ဆက်သခဲ့ပါတယ်။

အကြွေစေ့လေးရဲ့ တဖက်မှာ Delaware ပြည်နယ်ပုံဖြစ်ကြောင်းနဲ့ ဒီပြည်နယ်မှာ ၄၉ နှစ်အရွယ် ၎င်းရဲ့သား ဟာ ကြည်းတပ်မှာ ၂၆၁ ဦး မြောက်အဖြစ်အမှုထမ်းရင်း ကင်ဆာနဲ့ သေဆုံးခဲ့တာဖြစ်လို့ အမှတ်တရလည်းဖြစ်ကြောင်း သမ္မတဘိုင်ဒန်က ပုပ်ဖရန်စစ်ကို ရှင်းပြခဲ့ပါတယ်။

၎င်းတို့ရဲ့တွေ့ဆုံမှုမှာ အရယ်အရွှန်းဖောက်ခြင်းလေးတွေလည်းရှိခဲ့ကြောင်း

ပုပ်ဖရန်စစ်နဲ့တွေ့ဆုံအပြီးမှာတော့ သမ္မတဟာ ဗာတီကန်အကြီးအကဲ ကာဒီနယ်ကြီး Card. Pietro Parolin နဲ့ Abp. Paul Richard Gallagher တို့နဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of ANSA

 https://bit.ly/31facOy

Add new comment

1 + 0 =