Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်နှင့်ပုပ်ဘယ်နဒစ် ၁၆ (ငြိမ်း) တို့ တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံ
ပုပ်ဖရန်စစ်နှင့်ပုပ်ဘယ်နဒစ် ၁၆ (ငြိမ်း) တို့ တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံ
အသက် ၆၀ အထက်များ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံဘို့ ဗာတီကန်မှာ စတင်လှုပ်ရှားလာပြီဖြစ်တာမို့ ပါပါးဖရန်စစ်နဲ့ ပါပါးဘဲန် တို့လည်းပဲ တတိယအကြိမ်ကာကွယ်ဆေးထိုးပြီးကြောင်း ဗာတီကန်သတင်းတိုက်အရသိရတယ်လို့ ဆိုပါတယ်။
ဖိုက်ဇာ ကာကွယ်ဆေးအမျိုးအစားကို ဒီနှစ်အစောပိုင်းမှာ ပါပါးတို့ ၂ ပါးစလုံး ၂ ကြိမ်တိုင် ထိုးနှံခဲ့ပြီးဖြစ်ကြောင်း ၊ အစကနဉီးကထဲက ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ကိုဗစ်ကာကွယ်ဆေး ကို အားပေးခဲ့သူဖြစ်ကြောင်း
“ကာကွယ်ဆေးထိုးတယ်ဆိုတာ တစ်ဉီးနဲ့တစ်ဉီး အထူးသဖြင့်အားနည်း ချိူ့တဲ့သူများကို ဂရုစိုက်ခြင်းဖြစ်ပါတယ်။ အယောက်ဆီတိုင်းက မိမိတို့ တတ်နိုင်တဲ့ဘက်က တတ်နိုင်တာလေးတွေကို ပြုလုပ်နိုင်ကြဘို့ကျွန်ုပ်ဆုတောင်းပါတယ်”လို့ ပုပ်ဖရန်စစ်က ဆိုခဲ့ဘူးပါတယ်။
၂၀၂၁ ခုနှစ်အစောပိုင်း၊ ကာကွယ်ဆေးများစတင်ရရှိနိုင်ချိန်မှာကထဲက အိမ်ယာမဲ့သူများနဲ့ အပယ်ခံရသူများအတွက် ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံနိုင်ဘို့ ဗာတီကန်က ဝေငှခဲ့ပါတယ်။
ဗာတီကန် ဝန်ထမ်းများအနေနဲ့ ဗာတီကန်အတွင်းဆက်လက် အမှုတော်ဆောင်ဘို့ဆိုရင် ကာကွယ်ဆေးအကြိမ်ရေ ပြည့်မှီစွာ ထိုးနှံကြရမှာဖြစ်ကြောင်းကိုလည်း ဗာတီကန်က ကြေငြာထားတာပါ။
ဉပမာအားဖြင့် ဆွဇ်သက်တော်စောင့် ဝန်ထမ်း ၃ ဉီးဟာ ကာကွယ်ဆေးထိုးနှံခြင်းမပြုတဲ့အတွက် အလုပ်မှထုတ်ပယ်ခံရသလို နောက်ထပ် ၃ ဉီးဟာလည်း ကာကွယ်ဆေးအကြိမ်ရေ ပြည့်မှီစွာထိုးနှံပြီးချိန်အထိ အလုပ်မှ ရပ်နားခံထားရတာဖြစ်ပါတယ်။
ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of America Magazine
Add new comment