ပုပ်ဖရန်စစ်နှင့်တွေ့ဆုံရန် အမေရိကန် သမ္မတဂျိုးဘိုင်ဒန် ခရီးစတင်ထွက်ခွာ

ပုပ်ဖရန်စစ်နှင့်တွေ့ဆုံရန် အမေရိကန် သမ္မတဂျိုးဘိုင်ဒန် ခရီးစတင်ထွက်ခွာ

ပုပ်ဖရန်စစ်နှင့်တွေ့ဆုံရန် အမေရိကန် သမ္မတဂျိုးဘိုင်ဒန် ခရီးစတင်ထွက်ခွာ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နှင့် အမေရိကန် သမ္မတ အဖြစ် ပထမဆုံးအကြိမ် တွေ့ဆုံမယ့် တွေ့ဆုံမှုအတွက်ကို ဂျွန်လ ၁၅ ရက်နေ့ နံနက်မှာ ခရီးစတင်ထွက်ခွာခဲ့ပြီုဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒန် အစည်းအဝေးများစွာ တက်ရောက်ဘို့ ဉရောပကို ရောက်ရှိနေတာပါ။ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးများ (G7) အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ သမ္မတဘိုင်ဒန်ဟာ ဘယ်လ်ဂျီယန် နိုင်ငံ၊ ဘရူဆဲလ်စ် ကနေ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း နှင့် ပါပါးဖရန်စစ်နဲ့ တွေ့ဆုံအပြီးမှာတော့ ဂျွန်လ ၁၆ ရက်နေ့မှာ ရပ်ရှားသမ္မတ Vladimir Putin နဲ့တွေ့ဆုံဘို့ Geneva ကို ချက်ခြင်းသွားရောက်ရန် အစီအစဉ်ဆွဲထားတယ်လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကို သမ္မတဘိုင်ဒန်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာမှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြောင်းနဲ့ ထိုစဉ်က အရှင်သူမြတ်ဟာ ဖီလာဒဲလ်ဖီးယားမှာ ကမ္ဘာ့မိသားစုများ အစည်းအဝေးကြီးကို တက်ရောက်ချိန်ဖြစ်ကြောင်း

အသက် ၄၆ နှစ်မှာ ဉီးဏှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ ၎င်းရဲ့သားဆုံးရှုံးရချိန်၊ ပါပါးဖရန်စစ်က အမေရိကားရောက်ချိန်မှာ ၎င်းအားနှစ်သိမ့်မှုပေးခဲ့တယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ဖွင့်ဟပြောကြားခဲ့ပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of Catholic Review/Google Images

https://bit.ly/3xe4o2u

Add new comment

1 + 4 =