ပုပ်ဖရန်စစ်နှင့်ဆီးရီးယားမှဘာသာရေးခေါင်းဆောင်းတို့သည် ငလျင်ဘေးကြုံနေရသော ဆီးရီးယားပြည်သူများအတွက်ဆုတောင်းပေးကြရန်ပန်ကြားလိုက်

ပုပ်ဖရန်စစ်နှင့်ဆီးရီးယားမှဘာသာရေးခေါင်းဆောင်းတို့သည် ငလျင်ဘေးကြုံနေရသော ဆီးရီးယားပြည်သူများအတွက်ဆုတောင်းပေးကြရန်ပန်ကြားလိုက်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့်ဆီးရီးယားမှဘာသာရေးခေါင်းဆောင်များက   ငလျင် ဘေးကို ဆိုး၀ါးစွာကြုံနေရသောတူရကီနှင့်ဆီးရီးယားပြည်သူများအဖို့ဆုတောင်းပေးကြရန်ပန်ကြားလိုက်သည်။

ရိုက်တာသတင်းအရ ငလျင်၏ပြင်းအားမှာ (၇.၈) ရှိသည်။ ထိုငလျင်ကြောင့် လူပေါင်း (၁၇၀၀) ခန့်အသက်ဆုံးရှုံးခဲ့ရပြီး ထောင်နှင့်ချီထိခိုက်ဒဏ်ရာရခဲ့ကြသည်။ အရေအတွက်အတိအကျမပြောနိုင်သောလူများလည်း ပြိုလဲနေသောအဆောက်အဦးများကြားပိတ်မိ၊ ပိမိနေကြကြောင်းနှင့်အချိန်နှင့်အမျှရှာဖွေတွေ့ရှိလာမည့် သေကြေပျက်ဆီးမှုအခြေအနေမှာပိုမိုဖြင့်ဆက်ဆိုးရွားနိုင်ကြောင်းဆိုထားပါသည်။ အမေရိကန်ငလျင်တိုင်းတာရေးစခန်း၏ပြောကြားချက်အရ ငလျင်သည် (၁၁) မိုင်အနက်တွင်ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဟုသိရပါသည်။

ရဟန်းမင်းကြီးဖရန်စစ်က ယခုသတင်းဆိုးကြောင့်လွန်စွာစိတ်ထိခိုက်၀မ်းနည်းရကြောင်း၊ အသက်ဆုံးရှုံးသွားသောမိမိတို့၏ဆွေမျိုးညာသိများအတွက်ပူဆွေးနေသူတို့နှင့်ထပ်တူ၀မ်းနည်းရကြောင်းဖြင့် တူရကီနှင့်ဆီးရီးယားနိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စာလှယ်များထံသို့ ဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin က ကြေးနန်းစာဖြင့်ချက်ချင်းပေးပို့အားပေးဆုတောင်းပေးခဲ့သည်။

ရဟန်းမင်းကြီးအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် ထိခိုက်ဒဏ်ရာရရှိကြသူများအားပြုစုစောင့်ရှောက်မှုပေးနိုင်ရန်နှင့်မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဘေးနီးသော်လည်း ဘုရားသခင်ပေးသနားသောအင်အားသတ္တိဖြင့်စိတ်ခိုင်စွာဖြင့်ကူညီကယ်ထုတ်နိုင်ရန်၊ ဆီးရီးယာပြည်သူများ၏ ကာလရှည်ကြာသော‌ေ၀ဒနာများကိုလည်းစာနာပါကြောင်းဖြင့်မိန့်ကြားအားပေးဆုတောင်းပြုထားသည်။

ဆီးရီးယားသည် ဆယ်စုနှစ်တစ်ခုကြာမျှ ပြည်တွင်းစစ်ဖြစ်နေခဲ့သည်။ ဖေဖော်၀ါရီလ (၆) ရက်နေ့က ငလျင်ကြောင့် မရေမတွက်နိုင်သော အဆောက်အဦးများလည်းပြိုလဲပျက်ဆီးခဲ့ကြသည်။ ၄င်းတို့အနက် ကက်သလစ်ဘုရားကျောင်းများလည်းပျက်ဆီးသွားခဲ့ကြောင်း ACI MENA (အကူအညီလိုအပ်သောသာသနာ နယ်များအားကူညီပေးသည့်ဘာသာရေးအဖွဲ့အစည်း) ကအာရမိုက်ဘာသာစကားဖြင့်ထုတ်လွှင့်သော CNA သတင်းဌာနသို့ပြောကြားခဲ့သည်။ ဆီးရီးယားကက်သလစ်သာသနာ၏ဘာသာရေးခေါင်းဆောင် Mar Ignatius Ephrem Josef III Younan ကလည်း သူ၏ဘာသာတူများအားဆုတောင်းပေးကြရန်ပန်ကြားခဲ့သည်။

သူသည်လက်ရှိ၌ ဘာသာရေးအရဆီးရီးယားသာသနာ၏လက်အောက်ရှိအီရတ်ရှိသာသနာနယ်သို့ရောက်ရှိနေသည်။ သူသည် အန္တီအုတ်သာသနာနယ်ရှိ ဆီးရီးယားကက်သလစ်သာသနာ၏ခေါင်းဆောင်ဖြစ်သည်။ ကွယ်လွန်သွားကြသော၀ိညာဉ်များကိုသနားရန်၊ စိတ်ပိုင်း၊ ကာယပိုင်းထိခိုက်နာကျင်ခံစားနေရသော ဘာသာတူများ၊ ပုံစံအမျိုးမျိုး ဖြင့်ထိခိုက်ခဲ့ကြသောသူများအား ရပ်တည်ကူညီပေးနေကြသူများသနားရန်၊ နှစ်သိမ့်ပေးရန်ဆုတောင်းပေးခဲ့သည်။ သာသနာ၏ခေါင်းဆောင်များလည်း ငလျင်ဒဏ်သင့်ပြည်သူများနှင့်ထပ်တူခံစားရကြောင်းနှင့်အားလုံးအတွက်ဆုတောင်းပေးကြောင်း၊ အသက်ဆုံးရှုံးသွားသောသူတို့၏ခန္ဓာများကြား Melkite ဂရိကက်သလစ်ဖြစ်သော 'မယ်တော်' သာသနာအုပ်စု၏ကျောင်းထိုင်ဖြစ်သည့် ဖာသာရ် Imad Daher သည်လည်းပါသည်။ နာရီပေါင်းများစွာရှာဖွေရာမှတွေ့ရှိခဲ့သည်။

ကက်သလစ်လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်သော (ACN - Aid to the Church in Need) ၏ပြောကြားချက်အရ ဘုန်းတော်ကြီးသည် သူသီတင်းသုံးနေသော Aleppo မှယခင်ဂိုဏ်းချုပ်ဆရာတော်ကျောင်းတိုက်ဟောင်းပြိုလဲရာတွင် ပါသွားခြင်းဖြစ်သည်။ ဘာသာတူတစ်ဉီးမှာပြိုလဲနေသည့်တိုက်တာများကြားကျဉ်းမြောင်းသောထွက်ပေါက်မှလွှတ်မြောက်လာခဲ့ပြီး ဆေး၀ါးကုသမှုခံယူလျှက်ရှိကြောင်း၊ အခြားဘာသာတူတစ်ဦးလည်းအသက်ဆုံးရှုံးခဲ့ရကြောင်းထုတ်ပြန်ထားသည်။

ဆက်လက်၍ ဆိုပါအဖွဲ့ကခရစ်ယာန်အများအပြားနေထိုင်သော Aleppo, Homs, Lattakia, Hama တို့၌အပျက်အဆီးများပြားဆိုးရွားကြောင်း၊ ဘာသာရေးအ ဆောက်အဦးအနေဖြင့် Aleppo ရှိစိန့်ဂျော့ဆီးရီးယားဩသိုဒေါ့စ်ကယ်သီဒရယ်၊ Lattakia မှ စိန့်ဖရန်စစ္စကင်ဘုရားကျောင်းများပျက်ဆီးသွားခဲ့သည်။ ACN၏အကူအညီဖြင့် Aleppo မြို့၌ဖွင့်လှစ်ထားသော 'Hope' (မျှော်လင့်ခြင်း) ဂေဟာသည်လည်းအနည်းငယ်ပျက်ဆီးသွားခဲ့သည်။ ဆီးရီးယား၊ ဘေရွတ်တို့မှခရစ်ယာန်များသည် အဆိုပါသဘာ၀ဘေးဒဏ်ကြောင့်တုန်လှုပ်သွားခဲ့သည်။ လမ်းမ ကြီးများပေါ်ပြေးထွက်ခဲ့ကြသည်။ နောက်ထပ်ငလျင်လှုပ်မည်ကိုစိုးရိမ်နေကြ သည်။

Aleppo မှဖရန်စစ္စကင်ဘုန်းတော်ကြီးတစ်ပါးဖြစ်သော ဖာသာရ် Bahjat Karakach က အနည်းဆုံးအဆောက်အဦး (၄၀) ခန့်ပျက်ဆီးခဲ့ကြောင်း၊ လူများစွာ လည်းဆက်လက်ပိတ်မိနေကြကြောင်း၊ ၄င်းတို့၏ကျောင်းတိုက်အားလည်း အိုးမဲ့အိမ်မဲ့ဖြစ်သွာသော ငလျင်ဘေးသင့်ပြည်သူများအားခိုနေခွင့်ပြုရန်တံခါးဖွင့်ထားကြောင်း၊ ဘုရားကျောင်း၌လည်းခိုနေခွင့်ပြုထား၍ လက်ရှိ၌မစ္ဆားတရားအား ခန်းမကြီးတစ်ခု၌ပူဇော်လျှက်ရှိကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများအား နေရာထိုင်ခင်း၊ အစားအစာနှင့်ချက်ပြုတ်စားသောက်ရန် ၄င်းတို့၏မီးဖိုအားလည်းအသုံးပြုခွင့်ပေးထားကြောင်း၊ နေ့စဉ် ထမင်းပွဲ (၁၂၀၀) ပွဲပြင်ပေးရကြောင်း၊ တတ်နိုင်သလောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်
Photo courtesy of CNA

https://bit.ly/4043NyV

Add new comment

14 + 0 =