ပုပ်ဖရန်စစ်နှင့်ဆလိုဗက်ကီးယားသမ္မတတို့ယူကရိန်းစစ်ဘေးရှောင်ကိစ္စဆွေးနွေးကြ

ရဟန်းမင်းကြီးဖရန်စစ်နှင့်ဆလိုဗက်ကီးယားသမ္မတတို့ယူကရိန်းစစ်နှင့်စစ်ဘေးရှောင်ကိစ္စဆွေးနွေးကြ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဆလိုဗက်ကီးယားနိုင်ငံသို့ကြွရောက်ခဲ့ပြီး နိုင်ငံတော်၏သမ္မတနှင့်တွေ့ဆုံဖြစ်ခဲ့သည်မှာ (၁၅) လကြာအပြီးယခုဗာတီကန်၌ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။

အလွန်လက်ရာသေသပ်ပြီး ကြည်ညိုဖွယ်ကောင်း သော စိန့်ဖရန်စစ်အစီးစီပုံအား သမ္မတက ပုပ်ရဟန်းမင်းကြီးအားလက် ဆောင်ပေးခဲ့သည်။ ဤပန်းချီဆရာသည် ရဟန္တာများ၏ပုံ ကိုသာရေးဆွဲလေ့ရှိသည်။ ထို့အတူဆလိုဗက်ကီးယားနိုင်ငံသားတို့လက်ရာခရစ္စမတ်လက်ဆောင်နှင့်ချိုချဉ်များကိုလည်းပေးခဲ့သည်။ ဤလက်ဆောင်များကို စိတ်မူမမှန်သူများ၊ မသန်စွမ်းသူများမှပြုလုပ်ခြင်းဖြစ်သည်။ ဆလိုဗက်ကီးယားနိုင်ငံမှကလေးသူငယ်များအားသင်ကြားပေးသော ရဟန်းမင်းကြီးဖရန်စစ်အကြောင်းစာအုပ်ကိုလည်းလက်ဆောင်ပေးခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်မှလည်း သမ္မတအား ဆောင်းတွင်း၌အေးချမ်းခိုက်တုန်နေသောဆင်းရဲသားတစ်ဦးအား သူ၏အပေါ်ခြုံ၀တ်ရုံတစ်ပိုင်းကိုဖြတ်ပေးနေသောစိန့်မာတင်း၏ကြေးဖြင့်သွန်းထားသောဆွဲပြားကိုပေးခဲ့သည်။ စိန့်မာတင်းကဲ့သို့လည်း နွမ်းပါးချို့တဲ့လိုအပ်သူများအားကူညီပေးရန်လည်းတိုက်တွန်းခဲ့သည်။ သမ္မတအနေဖြင့်ထိုသို့ပြုလုပ်ကြောင်း၊ ဆက်လက်လုပ် ဆောင်ရန်နှင့်မိမိ၏အိတ်စိုက်၍လည်းလုပ်ဆောင်ရန်မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးနှင့်သမ္မတတို့၏တွေ့ဆုံခြင်းသည် နာရီ၀က်ခန့်ကြာမြင့်ခဲ့ပြီး အချင်းချင်းအတွက်ဆုတောင်းပေးရန် တောင်းခံပြီးနောက် လှိုက်လှဲနွေးထွေးစွာနှုတ်ဆက်၍အဆုံးသတ်ခဲ့ကြသည်။

ရဟန်းမင်းကြီးသည် (စက်တင်ဘာ ၂၀၂၁)ဆလိုဗက်ကီးယားနိုင်ငံသို့ကြွရောက်စဉ်ကလည်း သမ္မတနှင့်သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆလိုဗက်ကီးယားသမ္မတသည် ယခင်က သဘာ၀ ပတ်၀န်းကျင်ဆိုင်ရာဥပဒေကျွမ်းကျင်သောရှေ့နေတစ်ဦးဖြစ်သည်။ ထို့ကြောင့် ရဟန်းမင်းကြီးဖရန်စစ်နှင့်သဘာ၀ပတ်၀န်းကျင်ဆိုင်ရာအကြောင်းအရာကိုဦးစွာဆွေး နွေးဖြစ်ခဲ့ကြသည်။

ယခုတစ်ကြိမ်တွေ့ဆုံချိန်၌မှု ယူကရိန်းစစ်နှင့်ယူကရိန်းနိုင်ငံ၏ စစ်ဘေးဒုက္ခသည်များအားလက္ခံသည့်အရေးနှင့်စပ်လျင်း၍ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3uS5XEf

Add new comment

5 + 9 =