ပုပ်ဖရန်စစ်နှင့်ကာဒီနယ်အသစ်များ ပုပ်ဘေနေဒစ် (၁၆)ထံ အလည်အပတ်ကြွရောက်

ပုပ်ဖရန်စစ်နှင့်ကာဒီနယ်အသစ်များ ပုပ်ဘေနေဒစ် (၁၆)ထံ အလည်အပတ်ကြွရောက်

ပုပ်ဖရန်စစ်နှင့်ကာဒီနယ်အသစ်များ ပုပ်ဘေနေဒစ် (၁၆)ထံ အလည်အပတ်ကြွရောက်

နိုဝင်ဘာလ (၂၈) ရက်နေ့က သိက္ခာထပ်ရန်အမည်ထွက်ရှိလာသောကာဒီနယ်အသစ် (၁၃) ပါးရှိပါသည်။ သို့သော် ဖိလစ်ပိုင်နှင့်ဘရူနိုင်း နိုင်ငံမှဆရာတော်နှစ်ပါးမှာမူကိုဗစ် (၁၉) ကြောင့်ခရီးထွက်ရန်အခြေအနေမပေး၍ ကိုယ်တိုင်မပါဝင် နိုင်ပေ။ အခမ်းအနားအတွင်း၌ကာဒီနယ်အသစ် (၁၁) ပါးသာကိုယ်တိုင်ကြွရောက်ခံယူနိုင်ခဲ့သည်။ ကာဒီနယ်အသစ်များ သည်ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်များပြီးဆုံးသွားသောအခါ ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ထံသို့လည်းသွား ရောက်ဂါရဝပြုကာ ကောင်းကြီးခံယူခဲ့ကြသည်။

ရဟန်းမင်းကြီး‌ဘေနေဒစ် (၁၆) သည်ဗာတီကန်ဝင်းအတွင်းရှိ “Mater Ecclesiae” ရသေ့ကျောင်း၌သီတင်းသုံးလျှက်ရှိသည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) နှင့်ကာဒီနယ် သစ်များသည် “Mater Ecclesiae”ရသေ့ကျောင်းဘုရားကျောင်း၌ရင်းနှီးဖော်ရွေစွာတွေ့ဆုံခဲ့ကြသည်။ ကာဒီနယ်များသည်မိမိတို့တစ်ပါးစီကိုမိတ်ဆက်ခဲ့ကြသည်။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) လည်းပြုံးပျှော်စွာကြိုဆိုခဲ့ကြောင်း၊ ကာဒီနယ်များနှင့်အတူ “Salve Regina” (သနားခြင်း၏မယ်တော်) ဓမ္မတေးကိုအတူတကွသီဆိုပြီးနောက်၊ ကာဒီနယ်သစ်များအားကောင်းကြီး ပေးခဲ့သည်။ ယခုကဲ့သို့ “Mater Ecclesiae” ရသေ့ကျောင်းသို့ကာဒီနယ်သိက္ခာထပ်ပြီးနောက်ဘုရားဖူးခရီးပြုသည့်အစဉ် အလာကို (၂၀၁၆) ခုနှစ်မှစတင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် (၂၀၁၄ နှင့် ၂၀၁၅) ခုနှစ်ကာဒီနယ်များ၏အစည်းအ‌ ဝေး၌ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည်ကိုယ်တိုင်အစည်းအ‌ဝေးတက်ရောက်ခဲ့သောကြောင့်လည်ပတ်ရန်မလို အပ်ခဲ့ပေ။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2VokRQK

Add new comment

1 + 2 =