ပုပ်ဖရန်စစ်ထံ ဖိလစ်ပိုင် သံအမတ်အသစ်မှ စိန့်လောရဲင်းဇိုးလူးဝစ် ၏ဆင်းတုအား ဆက်သ

ပုပ်ဖရန်စစ်ထံ ဖိလစ်ပိုင် သံအမတ်အသစ်မှ စိန့်လောရဲင်းဇိုးလူးဝစ် ၏ဆင်းတုအား ဆက်သ

ပုပ်ဖရန်စစ်ထံ ဖိလစ်ပိုင် သံအမတ်အသစ်မှ စိန့်လောရဲင်းဇိုးလူးဝစ် ၏ဆင်းတုအား ဆက်သ

 

ဗာတီကန်အတွက် ဖိလစ်ပိုင်သံအမတ် အသစ်ဖြစ်တဲ့ မစ္စစ် Myla Grace Macahilig ဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နဲ့ ဗာတီကန်မှာတွေ့ဆုံခဲ့ပြီး သူမရဲ့ အထောက်အထား စာလွှာများကို ပြသခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှ ရောက်ရှိလာသည့်အားလျော်စွာ သူမနိုင်ငံ၊ ဖိလစ်ပိုင်ကက်သလစ်များရဲ့ အားကိုးရာ ရဟန္တာ၊  အထင်ကရ ရဟန္တာတစ်ပါးဖြစ်ပြီး နိုင်ငံရဲ့ ပထမဆုံးရဟန္တာဖြစ်တဲ့  ရဟန္တာစိန့်လော်ရဲင်းဇိုးလူးဝစ် ရဲ့ ပုံတူဆင်းတုတော်၊ ဖိလစ်ပိုင်နိုင်ငံ ကက်သလစ်အသင်းတော်က သန့်ရှင်းသော ရက်သတ္တပတ်မှာ ကျင်းသုံးလေ့ရှိတဲ့ ထုံးတမ်းစဉ်လာတွေကို ပြုစုထားတဲ့ စာအုပ်နဲ့ အခြား ဖိလစ်ပိုင် လက်ဆောင်တွေကို အရှင်သူမြတ်ထံ သူမက ဆက်သခဲ့ပါတယ်။

ခဏတာ တွေ့ဆုံအပြီးမှာ သံအမတ်၏ ဆွေမျိုးများနဲ့ ဝန်ထမ်းများကိုလည်း အရှင်သူမြတ်က တွေ့ဆုံနုတ်ဆက်ခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံဟာ ခရစ်ယာန် ရောက်ရှိခြင်းနှစ် ၅၀၀ ပြည့် အထိမ်းအမှတ်ကျင်းပနေချိန်ဖြစ်တာမို့ အခုအချိန်ဟာ သူမရဲ့ သာသနာ့တာဝန် အသစ်ကို ထမ်းဆောင်ဘို့ အကောင်းဆုံး အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3xfT2fB

Add new comment

6 + 2 =