ပုပ်ဖရန်စစ်ဆေးစစ်ချက်တွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့

ပုပ်ဖရန်စစ်ဆေးစစ်ချက်တွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့

ပုပ်ဖရန်စစ်ဆေးစစ်ချက်တွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့

သက်တော် ၈၃ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်ဟာ ရက်သတ္တပတ်နီးပါး အအေးမိနေခဲ့ပြီး ၄င်းအတွက် ဆေးစစ်ချက်တွင် ကိုရိုနာဗိုင်းရပ်စ် ပိုးမတွေ့ရှိကြောင်းနှင့် ဒီစမ်းသပ်ချက်အကြောင်းကိုတော့ ဗာတီကန်က ထုတ်ဖော်ပြောဆိုခြင်းမရှိပေမဲ့ ပုပ်ဖရန်စစ် အနည်းငယ်နေမကောင်းဖြစ်နေသည်ဟုတော့ ဗာတီကန်သတင်းကဖော်ပြခဲ့ပါတယ်လို့ Romereports ကဆိုပါတယ်။
အအေးမိလျှက်ပင် အရှင်သူမြတ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းနဲ့ အထူးဧည့်သည်တော်တချို့နှင့်တွေ့ဆုံခြင်း လူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်းကို ပြုခဲ့ပါသေးတယ်။ သို့သော် ဗာတီကန်ရုံးတော် ထိပ်သီး၀န်ထမ်းများ နှင့်အတူ နှစ်ပတ်လည် ဥပုသ်စောင့်ခြင်းအစီအစဉ် ကိုတော့ဖျက်သိမ်း ကာ ဗာတီကန် နားနေဆောင် Santa Marta မှာပဲ သီးသန့်ဥပုသ်စောင့်နေတာဖြစ်ပါတယ်။
အခုလိုကောင်းကောင်း အနားယူခြင်းအားဖြင့် လာမည့် ရက်သတ္တပတ်မှာ ပုံမှန် အတိုင်း အစီအစဉ်တွေကို ပြန်လည်လုပ်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း
အီတလီမှာတော့ လူဦးရေ ၂၀၀၀ ကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၅၂ ဦးသေဆုံးကာ ၁၄၉ ဦးတော့ နေပြန်ကောင်းလာပါတယ်လို့ Romereports သတင်းအရသိရှိပါတယ်။

အာဗီအေမြန်မာ ဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

http://bit.ly/38wT84h

Add new comment

7 + 5 =