ပုပ်ဖရန်စစ်ခရီးစဉ်အတွက် အီရတ်မှ ကက်သလစ်များ ဆုတောင်းခြင်းစတင်

ပုပ်ဖရန်စစ်ခရီးစဉ်အတွက် အီရတ်မှ ကက်သလစ်များ ဆုတောင်းခြင်းစတင်

ပုပ်ဖရန်စစ်ခရီးစဉ်အတွက် အီရတ်မှ ကက်သလစ်များ ဆုတောင်းခြင်းစတင်

မတ်လ မှာကြွရောက်လာမယ့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ရဲ့ အီရတ်နိုင်ငံ သို့ တမန်တော်ကြီးခရီးစဉ်အတွက် ဇန်နဝါရီ ၁၇ ရက်မှ စတင်ကာ အီရတ် တနိုင်ငံလုံးရှိကက်သလစ်ဘာသာ၀င်များအနေနဲ့ Chaldean Patriarch Louis Raphael Sako ရေးစပ်ထားသော အထူးဆုတောင်းမေတ္တာကို ရွတ်ဆိုဆုတောင်းပူဇော်သွားကြမှာဖြစ်ပါတယ်။

အကြမ်းဖက်မှုများ ကွဲပြားမှုများနှင့် နှစ်ပေါင်းကြာရှည်နေလာခဲ့သည့် နယ်မြေတွင် အရှင်သူမြတ်၏ အလည်အပတ်ကြွရောက်ခြင်းသည် ငြိမ်းချမ်းရေးပန်းများ ဖူးပွင့်ဝေဆာနိုင်ပါစေကြောင်းကို အီရတ် မှ မျှော်လင့်နေပါကြောင်း

အရှင်သူမြတ်၏ ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်မှ ၈ ရက်အထိ ကြာမည့် အီရတ်ခရီးစဉ်ရှိမည့်အကြောင်းကို ၂၀၂၀ ဒီဇင်ဘာ ၇ ရက်နေ့က ဗာတီကန်မှ အတည်ပြုကြေငြာခဲ့တာပါ။

အီရတ်မှ ကာဒီနယ် Sako က အထက်ပါ အရှင်သူမြတ်ပုပ်ဖရန်စစ် ခရီးစဉ်အတွက် ဆုတောင်းမေတ္တာကို ဇန်နဝါရီ ၁၇ ရက်မှ စတင်ကာ တနင်္ဂနွေနေ့ မစ္ဆားတရားအပြီးတိုင်းမှာရွတ်ဆိုဆုတောင်းဘို့ ဘာသာ၀င်များကိုဖိတ်ခေါ်ထားကြောင်း ဗာတီကန်သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: AFP or licensors

http://bit.ly/3ilVaLt

Add new comment

7 + 9 =