ပုပ်ဖရန်စစ်က ရုရှားသမ္မတပူတင်အား ကျူးကျော်စစ်ရပ်တန့်ရန်ပန်ကြား

ပုပ်ဖရန်စစ်က ရုရှားသမ္မတပူတင်အား ကျူးကျော်စစ်ရပ်တန့်ရန်ပန်ကြား

နောက်ထပ်ဘာဖြစ်လာလေမည်နည်း။ လူတိုင်း၏ စိတ်နှလုံးထဲ၌ ကိန်း၀ပ်နေသောဘုရား သခင် ၏ နာမတော်မြတ်နှင့်လူသားထုအသိ၏နာမတော်၌ စစ်ကိုချက်ချင်းရပ်တန့်ရန်ကျွန်ုပ်ထပ်မံတောင်းဆို လိုက်ပါသည်ဟုယမန်နေ့တနင်္ဂနွေနေ့ မွန်းတည့်အချိန် အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုစဉ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တောင်း ဆိုလိုက်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် တနင်္ဂနွေနေ့အပတ်စဉ် သူ၏ရဟန်းမင်းကြီးရုံးတော်၏ပြူတင်းပေါက် မှထိုတနင်္ဂနွေနေ့ဖတ်ရူသောဧ၀ံ​ေဂလိကျမ်းစာကိုအခြေခံ၍ ထောက်ရူချက်ပေးလေ့ရှိသည်။ ထို့နောက် စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ဘုရားဖူးများနှင့်အတူ အန်ဂျေလူးဆုတောင်းမေတ္တာကိုရွတ်ဆို ပူဇော်လေ့ရှိသည်။ သို့သော် ယမန်နေ့ အောက်တိုဘာလ (၂) ရက်နေ့ (၂၇) ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့၌မူ ရဟန်းမင်းကြီးဖရန်စစ်သည် ခါတိုင်းနှင့်မတူဘဲ ယူကရိန်း၌ရုရှား၏ကျူးကျော်စစ်ကို ချက်ချင်းရပ်တန့်ရန်တောင်းဆိုခဲ့သည်။

သွေး၊ မျက်ရည်ချောင်းစီးနေမှုကြောင့် ၀မ်းနည်းကြေကွဲရသည့်အကြောင်းကိုထုတ်ဖော်မိန့်ကြား ပြီး၊ ဖိအားပေးသောမေးခွန်းကိုလည်းမေးခဲ့သည်။ လူသားထုသည် အနူမြူလက်နက်၏ ခြိမ်းခြောက်မှုကို တစ်ကျော့ပြန်ခံစားနေရသည်။ အလွန်အဓိပ္ပါယ်မဲ့လွန်းလှသည်။

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ကောင်းသောနေ့ဖြစ်ပါစေ….
ယူကရိန်း၌ဖြစ်ပွားနေသောစစ်သည် ပိုမိုဆိုး၀ါးလာနေပါသည်။ ခြိမ်းခြောက်လာနေသည်။ အလွန်စိတ်ပူစရာများဖြစ်လာနေရသည်။ ထို့ကြောင့်ယနေ့ အန်ဂျေလူးမေတ္တာမဆိုမီထောက်ရူချက်ကို ဤအကြောင်းနှင့်စပ်လျင်း၍သာမိန့်ကြားချင်ပါသည်။ ဤကြောက်မက်ဖွယ်ကောင်းပြီး၊ နားမလည်နိုင်သောအနာတရများကို ကုသရန်ကြိုးစားခြင်းထက် လူသားတို့အားခံစားစေရန်လုပ်ဆောင်နေကြသည်။ သွေးချောင်းပိုမိုစီးစေသည့်အပြင် ယခုထက်ဆိုးရွားသွားအောင်ဖန်တီးနေသည်။

သွေး၊ မျက်ရည်ချောင်းစီးနေစေသော ဤစစ်ပွဲကာလများကြောင့် လွန်စွာ၀မ်းနည်းရသည်။ လူ ထောင်သောင်းနှင့်ချီသေကြေရသောကြောင့် အထူးသဖြင့် ကလေးများသေကြရခြင်း၊ အဆောက်အဦး များပြိုကျပျက်ဆီးခြင်းကြောင့် ပြည်သူများစွာအိုးမဲ့အိမ်မဲ့ဖြစ်သွားရခြင်း၊ အအေးဓာတ်လွန်ကဲခြင်း၊ အ စားအစာများပြတ်လတ်ခြင်းတို့ကိုခံစားကြုံတွေ့နေကြရသည်။ အချို့သောလုပ်ဆောင်ချက်များသည် အပြစ်မရှိဟုသတ်မှတ်ရန်ခက်ခဲသည်။ ဘယ်တော့မှသတ်မှတ်လို့မရ။ ယူကရိန်းဟုပြောလိုက်လျှင် နိုင်ငံ ၏မြို့များဖြစ်သော Bucha, Irpin, Mariupol, Izium, Zaparizhzhia နှင့်အခြားသောဒေသများကို ကြက်တူရွေးရွတ်သလိုသာသိနေပြီး ထိုနေရာများ၌ဖော်မပြနိုင်၊ စဉ်းစားမရလောက်သောဒုက္ခပင်လယ်‌ေ၀နေကြ၊ လုံခြုံမှုမရှိသည့်နေရာများဖြစ်နေသည်ကိုမသိ၊ လစ်လျူရူနေခြင်းသည် အလွန်စိတ်အနှောက်အယှက်ဖြစ်ရသည်။

လူသားထုကြီးသည် အနူမြူလက်နက်၏ ခြိမ်းခြောက်မှုကြီးကိုတစ်ကြော့ပြန်ခံနေရ သည်မှာလွန်စွာအဓိပ္ပါယ်မဲ့လှသည်။
နောက်ဘာထပ်ဖြစ်လာမည်နည်း။ သွေးအဘယ်မျှထပ်မံစီးထွက်ရဦးမည်နည်း။ သို့မှသာစစ် သည် ပဋိပက္ခတစ်ခု၏မှန်ကန်သောဖြေရှင်းနည်းမဟုတ်။ ဖျက်ဆီးသောအခြေအနေသာဖြစ်သည်ကိုသိ လာကြမည်နည်း။ လူတိုင်း၏စိတ်နှလုံးထဲ၌ကိန်း၀ပ်နေသောဘုရားသခင်၏မြတ်နာမနှင့်လူသားထု၏ စိတ်နေသဘောထားဖြင့် စစ်ကိုချက်ချင်းရပ်တန့်ရန် ကျွန်ုပ်ထပ်မံပန်ကြားပါသည်။ လက်နက်များကို အားပေးအားမြောက်လုပ်ဆောင်မှုများကိုရပ်တန့်ပါ။ တွေ့ဆုံဆွေးနွေးရေးကိုစတင်ကြပါစို့။ သို့မှသာ ဖိအားမပါ၊ အာဏာအလွဲသုံးမှုများမပါသောနည်းလမ်းဖြင့်ဖြေရှင်း၍ နှစ်ဦးသဘောတူညီမှု၊ တရားမျှတပြီး တည်ငြိမ်မှုကိုအာမခံသောနည်းကိုစတင်ကြပါစို့။

လူ့အသက်သည် သန့်ရှင်းသည်ကိုလေးစားလိုက်နာပြီး၊ နိုင်ငံတိုင်း၏အချုပ်အခြာအာဏာကိုလေးစားလိုက်နာခြင်း၊ လူနည်းစုများ၏တရားအခွင့်အရေးကို အလေးထားသောလမ်းကြောင်းဖြင့်ဖြေရှင်းကြရမည်။

ကျွန်ုပ်အနေဖြင့် အလွန်ဆိုး၀ါးသောအခြေအနေအတွက် အလွန်အမင်းစိုးရိမ်လာမိပါသည်။ အဘယ်ကြောင့်ဆိုသော် အပြည်ပြည်ဆိုင်ရာဥပဒေကိုချိုးဖောက်သည့်လုပ်ရပ်များကိုကျူးလွန်လာသည် ကိုသတိထားမိလိုက်ပါသည်။ နူးကလီးယားလက်နက်အသုံးပြုမည့်အရိပ်အခြေများမြင်တွေ့နေရသည်။ ထိန်းချုပ်ရန်မဖြစ်နိုင်တော့သည့်အခြေအနေအထိဖြစ်လာနေသည်။ ထိုသို့လုပ်ဆောင်ခြင်း၏နောက် ဆက်တွဲဆိုးကျိုးကို ကမ္ဘာတစ်၀ှမ်းလုံးကခံစားရမည်ဖြစ်သည်။

ကျွန်ုပ်၏မေတ္တာရပ်ခံချက်သည် ပထမဦးဆုံးအနေဖြင့် ရုရှားသမ္မတပူတင်အားတိုင် တည်သည်။ ကွင်းဆက်လိုက်မည့်အကြမ်းဖက်သည့်လုပ်ရပ်၊ လူများစွာကိုသေကြေစေသည့်လုပ်ရပ်များကို ရပ်တန်းကရပ်ရန်၊ ဤသို့ပန်ကြားရခြင်းမှာ သူ့ပြည်သူအတွက်လည်းဖြစ်သည်။ အခြားတစ်ဖက်၌ ယူကရိန်းနိုင်ငံ ၌ ဒုက္ခပင်လယ်‌ေ၀နေသော ယူကရိန်းပြည်သူတို့အတွက် ယူကရိန်းသမ္မတအားလည်းပန်ကြားအပ်ပါ သည်။

ငြိမ်းချမ်းရေးနည်းလမ်းကိုရှာဖွေရန်တိုက်တွန်းပါသည်။ အခြားသော လုပ်နိုင်ကိုင်နိုင်သောနိုင်ငံ တကာမှခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်း ဆောင်များအားလုံး စစ်ကိုဖြစ်နိုင်သည့်နည်းနှင့်အဆုံးသတ် ရေး၊ ဤအရှုပ်တော်ပုံ၌ ၄င်းတို့လည်းခြေမရှုပ်ကြရန်၊ သို့သော် ငြိမ်းချမ်းရေးစကားဝိုင်းကိုအစပြုရန် အားပေးသူများဖြစ်ကြရန်တိုက်တွန်းခဲ့သည်။

မျိုးဆက်သစ်များအား ကျန်းမာ ရေးနှင့်ညီညွှတ်သော ငြိမ်းချမ်းရေး၏လေကောင်းလေသန့်များရူရှိုက်ခွင့်ကိုပေးကြပါ။ ညစ်ညမ်းသော စစ်ညှီနံ့ကိုမရူရှိုက်မိစေပါနှင့်။ ဤသို့သောလေပုပ်လေသိုးကိုရူခိုင်းခြင်းသည် လွန်စွာမိုက်မဲလွန်းရာကြ သည်။

ရုရှား၏ (၇) လကြာထိုးစစ်ဆင်လူမဆန်သည့်စစ်ပွဲဖြစ်ပြီးနောက် သံကင်းတမန်ကင်းနည်းလမ်း အသွယ်သွယ်ဖြင့်ချဉ်းကပ်ခဲ့သည်။ အခြေအနေအတော်များများ၌မကျင့်သုံးခဲ့သော သံတမန်နည်းလမ်း များကိုလည်းအသုံးပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအနိဌာရုံအခြေအနေကိုမဖြစ်ပွားစေလို၍ဖြစ် သည်။ စစ်ပွဲသည်ကြီးမားသောအမှားတစ်ရပ်ဖြစ်သည်။ ခြောက်ခြားစရာတစ်ခုဖြစ်သည်။ လူသားတို့၏နှ လုံးသားကိုပြုပြင်ပြောင်းလဲပေးနိုင်သောဘုရားသခင်၏သနားခြင်းကို ငြိမ်းချမ်းခြင်း အမိမယ်တော်၏ ထပ်ဆင့်ဆုတောင်းပေးခြင်းကိုလည်းခံယူဆုတောင်းကြပါစို့။ ပုံပေမြို့မှငြိမ်းချမ်းခြင်းမယ်တော်၏ တောင်းလျှောက်ခြင်းနှင့်အတူ ကျွန်ုပ်တို့လည်း စိတ်၀ိညာဉ်ကိုပူးပေါင်းပြီးတောင်ခံယူကြပါစို့ဟုဆိုကာ ၎င်း၏ တရားကို ပါပါးဖရန်စစ်က အဆုံးသတ်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3EezVYU

Add new comment

1 + 1 =