ပုပ်ဖရန်စစ်က ရုရှာသမ္မတပူတင်အားမြို့တော်မော်စကိုတွင်တွေ့ဆုံလိုကြောင်းတောင်းဆိုသော်လည်း တုန့်ပြန်မှုမရသေး

ပုပ်ဖရန်စစ်က ရုရှာသမ္မတပူတင်အားမြို့တော်မော်စကိုတွင်တွေ့ဆုံလိုကြောင်းတောင်းဆိုသော်လည်း တုန့်ပြန်မှုမရသေး

ပုပ်ဖရန်စစ်က ရုရှာသမ္မတပူတင်အားမြို့တော်မော်စကိုတွင်တွေ့ဆုံလိုကြောင်းတောင်းဆိုသော်လည်း တုန့်ပြန်မှုမရသေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ရုရှားနိုင်ငံ၏မြို့တော် မော်စကိုသို့ကြွရောက်ပြီး သမ္မတပူတင်နှင့်တွေ့ဆုံ၍စစ်ရေး ရပ်တန့်ရေးဆွေးနွေးလိုကြောင်းတောင်းဆိုလိုက်သော်လည်း လက်ရှိအချိန်ထိတုန့်ပြန်မှုမရှိသေးဟုသိရပါသည်။ အီတ လီနိုင်ငံ၏ နာမည်ရသတင်းစာတစ်စောင်ဖြစ်သော ‘Corriere della Sera’ ၏တွေ့ဆုံမေးမြန်ချက်၌ ပုပ်ရဟန်းမင်းကြီးကသမ္မ တပူတင်အနေဖြင့် ရဟန်းမင်းကြီးအားလက်ခံတွေ့ဆုံရန် မဖြစ်နိုင်သကဲ့သို့၊ မတွေ့ဆုံချင်၍လည်းဖြစ်နိုင်ကြောင်း အ ဘယ်ကြောင့်ဆိုသော် လက်ရှိ၌ ရုရှာခေါင်းဆောင်သည် စစ်ကိုရပ်ရန်မရှိသောကြောင့်လည်းဖြစ်နိုင်ကြောင်းမိန့်ကြားခဲ့ သည်။ ရဟန်းမင်းကြီးသည်ကျူးကျော် စစ်စတင်သည့်ပထမနေ့၌ ယူကရိန်းနိုင်ငံ၏သမ္မတ Volodymyr Zelenskyy အား ဖုန်းဖြင့်စကားပြောခဲ့ကြောင်း၊ ထိုသို့စကားပြောရာ၌ ရဟန်းမင်းကြီးအနေဖြင့် ရုရှားသမ္မတပူတင်နှင့်ဦးစွာတွေ့ဆုံခြင်းမ ပြုဘဲ ယူကရိန်းနိုင်ငံသို့မကြွရောက်သေးကြောင်း၊ ရဟန်းမင်းကြီးအနေဖြင့် ရုရှားသမ္မတပူတင်ထံမှ ပြီးခဲ့သော ဒီဇင်ဘာ လကရဟန်းမင်းကြီး၏ မွေးနေ့နှုတ်ဆက်ရန်ဖုန်းဆက်သည်မှလွဲ၍ ယနေ့ထိတိုင်ဖုန်းအဆက် အသွယ်မရသေးကြောင်း မိန့်ကြားသည်။ ဟန်ဂေရီသမ္မတ၏ပြောကြားချက်အရ ရုရှားခေါင်းဆောင်တို့၏တွေ့ဆုံခြင်း၌ အကြံအစဉ်တစ်ခုရှိ ကြောင်း လာမည့်မေ (၉) ရက်နေ့သည် နာဇီဂျာမဏီက ဆိုဗီယက်ရုရှားအားလက် နက်ချလိုက်ပြီး၊ ဒုတိယကမ္ဘာစစ်ကြီး အဆုံးသတ်လိုက်ပြီး အရာအားလုံးပြီးဆုံးသွားခဲ့သော နှစ်ပတ်လည်နေ့လည်းဖြစ်သည်ဟုပြောကြားခဲ့သည်ဟု ဆိုပါ သည်။

အာဗီအေ ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

#rvamyanmar #rvapastoralcare #PopeFrancisNews RVANews 

Add new comment

9 + 1 =