ပုပ်ဖရန်စစ်က ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် ၏ဆက်ကပ်မှုအတွက် ကျေးဇူးတင်

ပုပ်ဖရန်စစ်က ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် ၏ဆက်ကပ်မှုအတွက် ကျေးဇူးတင်

ပုပ်ဖရန်စစ်က ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် ၏ဆက်ကပ်မှုအတွက် ကျေးဇူးတင်

            ပြီးခဲ့သော အင်္ဂါနေ့ သည် ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏ ရဟန်း၀ါတော် (၇၀) ပြည့်နှစ်ပတ်လည် နေ့ဖြစ်သည်။ ထိုနေ့၌ ရဟန်းမင်းကြီးဖရန်စစ်က‘ယခုကဲ့သို့  မင်္ဂလာ ရှိသောနှစ်ပတ်လည်နေ့သည် ကျွန်ုပ်တို့အားလုံး၏ စိတ်နှလုံးကိုကြည်နူးစေသည်။ ကျွန်ုပ်တို့ ၏ဖခင်၊ နောင်တော်လည်းဖြစ်သော ချစ်ခင်ရသော ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ်၊ ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာ၊ ကျေး ဇူးတင်ခြင်းများသည် ယနေ့ကဲ့သို့  မင်္ဂလာ နေ့မျိုး၌ ကိုယ်တော်နှင့်အတူနီးကပ်စွာရှိနေမည်’ ဟု တနဂ်နွေနေ့မဟုတ်သော် လည်း စိန့်ပီတာနှင့်စိန့်ပေါလ်တို့၏ ပွဲနေ့ကြီးဖြစ်၍ မွန်း တည့် အန်ဂျေလူး ဆုတောင်းခြင်းကိုရဟန်းမင်းကြီး ဖရန်စစ်နှင့် အတူရွတ်ဆိုပူဇော်ရန်စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေ သောဘုရားဖူးများကို ရဟန်းမင်းကြီးကမိန့်ကြားခဲ့ သည်။     

            ထို့နောက် ဘုရားဖူးများအား ‘ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် သီတင်းသုံးနေသောနေရာသည် ဗာတီကန်၀င်း အတွင်းရှိ တိတ်ဆိတ်စွာဆုတောင်းခြင်းပြုသောနေရာအဖြစ်ပြောင်းလဲပုံဖော်ရန်ဖြစ်ကြောင်း၊ သို့မှသာ ထိုနေရာ၌ရှိနေ ကြသောသူများသည် သာသနာတော်ကြီးအတွက်အထူးဆုတောင်းပေးကြမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီး (ငြိမ်း) သည် ယခုအခါ ထိုအစီအစဉ်ကိုအစပျိုးလိုက်သည့် တစ်ပါးတည်းသောသူဖြစ်နေသည်။

          ရဟန်းမင်းကြီး (ငြိမ်း) သည် သူ၏ဆု တောင်းခြင်းအချိန်ကို အမိသာသနာတော်ကြီးအတွက်၊ ရောမသာသနာတော်ကြီးအတွက်ဆုတောင်းပေးလျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူသည်ရောမသာသနာ၏ ဆရာတော် (ငြိမ်း) လည်းဖြစ်သည်။ ထိုအတွက်ကျေးဇူးလည်းတင်ပါသည်။ ကိုယ်တော်၏ သက်သေကောင်းပြသမှုအတွက်ကျေးဇူးတင်ပါသည်။ ဘုရားရှင်ဆီသို့သာ အာ ရုံပြုထားသော ကိုယ်တော်၏အကြည့်အမြင်များအတွက်ကျေးဇူးတင်ပါသည်ဟုဆိုခဲ့ပါသည်။    

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3w462CD

Add new comment

11 + 1 =