ပုပ်ဖရန်စစ်က ဆင်းရဲသား၊ ဒုက္ခသည်များအပေါ် သာသနာအနေဖြင့်ချစ်ခြင်းမေတ္တာပြသရမည်ဟုဘူဒါပတ်မြို့ စိန့်အဲလစ်ဇဘက်ဘုရားကျောင်း၌မိန့်ကြား

ပုပ်ဖရန်စစ်က ဆင်းရဲသား၊ ဒုက္ခသည်များအပေါ် သာသနာအနေဖြင့်ချစ်ခြင်းမေတ္တာပြသရမည်ဟုဘူဒါပတ်မြို့ စိန့်အဲလစ်ဇဘက်ဘုရားကျောင်း၌မိန့်ကြား

"ကျွန်ုပ်တို့အနေဖြင့် မေတ္တာတရားနှင့်ဆိုင်သောဘာသာစကားကို ကျွမ်းကျင်ထိရောက်စွာပြောဆိုနိုင်သော သာသနာတစ်ခုကိုလိုအပ်သည်။ ဆိုလိုသည်မှာမေတ္တာတရားလုပ်ငန်းများကိုလုပ်ဆောင်ပေးနိုင်သောသာသနာကိုလိုအပ်နေသည်။ မေတ္တာတရားနှင့်ဆိုင်သောစကားသည် တစ်ကမ္ဘာလုံးကလည်းနားလည်သည်။ ကြားနိုင်သည်။ ဤဘာသာစကားသည် သက်၀င်ယုံကြည်မှုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေနားလည်စေနိုင်​သည်"ဟု ဟန်ဂေရီနိုင်ငံ၏မြို့တော် ဘူဒါပတ်မြို့ရှိ စိန့်အဲလစ်ဇဘက်၏အမည်နာမကိုခံယူထားသောဘုရားကျောင်းကြီး၌ ယနေ့ (ဧပြီ ၂၉) စနေနေ့၌မိန့်ကြားခဲ့သည်။

သူသည် အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ပါကိစ္စတန်နှင့်အာဖကန္နီစတန်နိုင်ငံတို့မှထွက်ပြေးလာပြီးခိုလှုံနေသော နွမ်းပါးချို့တဲ့သူနှင့်ဒုက္ခသည် (၆၀၀) နီးပါးတို့အားမိန့်ကြားခဲ့ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည် နိုင်ငံအတွင်း၌လွန်စွာလူသိများပြီး သဒ္ဓါကြည်ညိုပွားမှုရှိသော နိုင်ငံ၏ရဟန္တာလည်းဖြစ်သော စိန့်အဲလစ်ဇဘက်နှင့်စပ်လျင်း၍ဥပမာပေးမိန့်ကြားခဲ့သည်။ သူသည်မေတ္တာတရားနှင့်ဆိုင်သောဘာသာစကားကိုပြောဆိုခဲ့သည်။ စိန့်အဲလစ်ဇဘက်သည်လည်း စိန့်ဖရန်စစ်၏ အသက်တာကအလင်းကိုရစေခဲ့သည်။ သူသည်ယေဇူးသခင်ထံမှလည်း ရူပါရုံရခဲ့သည်။ လောကစွဲလန်းတပ်မက်ခြင်းများအားလုံးကိုလည်းငြင်းဆန်နိုင်ခဲ့သည်။ ဆင်းရဲနွမ်းပါးချို့တဲ့သောသူ၊ ၄င်းတို့အနက် အနာကြီးရောဂါစွဲကပ်ခံစားနေရသူများအား သူကိုယ်တိုင်မရွံမရှာပြုစုစောင့်ရှောက်ခဲ့သည်။

စိန့်အဲလစ်ဇဘက်သည် မေတ္တာတရား၏ ပြယုဂ်ဖြစ်သည်။ ဆင်းရဲသားတို့နှင့်တွေ့ဆုံခြင်းသည် တစ်ဦးစိ၏ယုံကြည်ခြင်းအသက်တာကိုပိုမိုပြည့်၀စုံလင်စေသည်။ မေတ္တာတရားလုပ်ငန်းဟုဆိုရာ၌ ရုပ်၀တ္ထုပစ္စည်းများကူညီခြင်းကိုသာဆိုလိုသည်မဟုတ်။ ဘက်စုံလွှမ်းခြုံသောအကူအညီများကိုဆိုလိုသည်။ လူသားများအား မိမိတို့ခြေပေါ်၌ပြန်လည်ရပ်တည်လုပ်ကိုင်စားသောက်နိုင်အောင်ကူညီတည်ဆောက်ပေးခြင်း၊ ၄င်းတို့၌ရှိနေသောကောင်းချီးများနှင့်ဂုဏ်သိက္ခာကိုသိရှိမြင်တွေ့လာအောင်ကူညီခြင်းတို့ဖြစ်သည်။

အစားအစာများဖြင့်ဗိုက်ပြည့်ရုံမျှကူညီကျွေးမွေးရုံဖြင့်မလုံလောက်။ လူတို့၏ နှလုံးသားကိုလည်းပြည့်အောင်ဖြည့်ဆည်းရမည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီနိုင်ငံသားတို့၏ကြီးမားလှသော မေတ္တာတရားလုပ်ငန်းများအတွက် ကျေးဇူးတင်ကြောင်း၊ သာသနာပြုကွန်ရက်ကိုတည် ဆောက်၍သာသနာပြုများ၊ ပရဟိတ္တလုပ်သားများ၊ သာသနာအုပ်စု၊ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာများ၏ကရုဏာရေးရုံးများနှင့်ချိပ်ဆက်လုပ်ကိုင်နေကြကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအကူအညီများသာမကဘဲ ဆုတောင်းခြင်းအဖွဲ့များကိုလည်းဖွဲ့စည်း၍လည်းကောင်း၊ ကက်သလစ်မဟုတ်သောခရစ်ယာန်အဖွဲ့အစည်းများနှင့်လည်းအဖွဲ့များဖွဲ့၍စုပေါင်းကူညီနိုင်သည့်အကူအညီအများကိုကူညီပေးလျှက်ရှိသည်။ ထို့အတူရဟန်းမင်းကြီးဖရန်စစ်သည် ဥရောပအလယ်ပိုင်ဒေသမှနိုင်ငံများ၏ကြီးမာသောရက်ရောမှု၊ ဒုက္ခသည်များအားအထူးသဖြင့်ယူကရိန်းနိုင်ငံမှစစ်ရှောင်များအားလှိုက်လှဲနွေးထွေးစွာကြိုဆိုလက္ခံပေးခြင်းအတွက်လည်းကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်း ကြီးအဖြစ်အမှုတော်စတင်ထမ်းဆောင်လာခဲ့သည်နောက် ယခုတစ်ကြိမ်ဟန်ဂေရီနိုင်ငံသို့တမန်တော်ခရီးကြွရောက်ခြင်းသည် သူ၏ (၄၁) ကြိမ်မြောက်ပြည်ပခရီးစဉ်အဖြစ်မှတ်တမ်း၀င်ခဲ့ပါသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီနိုင်ငံ၌ (၃) ရက်တာသီတင်းသုံးမည်ဖြစ်သည်။ ရဟန်းမင်းကြီးအား ကလေး သူငယ်များမှပျော်ရွှင်စွာဖြင့်ကြိုဆိုခဲ့ကြသကဲ့သို့ ဒု၀န်ကြီးချုပ်တို့မှနွေးထွေးစွာကြိုဆိုခဲ့ကြသည်။ ဟန်ဂေရီနိုင်ငံ၏ရိုးရာအခမ်းအနားဖြင့်လည်းကြိုဆိုခဲ့ကြသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3HqApvD

Add new comment

2 + 2 =