ပုပ်ဖရန်စစ်က ငွေကြေးအကြပ်အတည်းနှင့်ကြုံနေရသော ကက်သလစ်ဆေးရုံများအတွက် ငွေပဒေသာပင်ကိုစိုက်ထူပေး

ပုပ်ဖရန်စစ်က ငွေကြေးအကြပ်အတည်းနှင့်ကြုံနေရသော ကက်သလစ်ဆေးရုံများအတွက် ငွေပဒေသာပင်ကိုစိုက်ထူပေး

ပုပ်ဖရန်စစ်က ငွေကြေးအကြပ်အတည်းနှင့်ကြုံနေရသော ကက်သလစ်ဆေးရုံများအတွက် ငွေပဒေသာပင်ကိုစိုက်ထူပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပဒေသာပင်တစ်ခုကို ကြေညာ ချက်ထုတ်ပြန်၍ စိုက်ထူခဲ့ကြောင်း ဗာတီကန်သတင်းဌာနမှ အောက်တိုဘာလ (၆) ရက်နေ့ကပြောကြားခဲ့သည်။

ထိုကြေညာချက်ကို စက် တင်ဘာလ (၂၉) ရက်နေ့ ရက်စွဲတပ်ထားသည်။ ထိုကြေငြာချက်၌ ရဟန်းမင်းကြီးဖရန်စစ်သည် ကက်သလစ်ကျန်းမာရေးအစီအစဉ်အတွက် ပဒေသာပင်ကိုစိုက်ထူရန်သဘောတူထားကြောင်းဖော်ပြထားသည်။

ထိုအဖွဲ့အစည်းကို အီတလီ၌ ‘Fondazione per la Sanità Cattolica’ (ကက်သလစ်ကျန်းမာရေးစောင့်ရှောက်သည့်အဖွဲ့) ဟုလူသိများသည်။ ဤကြေညာချက်၌ ကက်သလစ်ကျန်းမာရေး ဌာနများကို ဗာတီကန်မှတိုက်ရိုက်၀င်ရောက်ကြီးကြပ်လမ်းညွှန်မှုကိုတောင်းဆိုသည့်အတိုင်း ဖြေရှင်းရန်ဖြစ်ကြောင်းဆိုထားပါသည်။ ဤသို့ပြုလုပ်ရခြင်းမှာ ကက်သလစ်ကျန်းမာရေးဌာနများ၌ ငွေကြေးအကြပ်အတည်းများနှင့်ရင်ဆိုင်ကြုံ တွေ့နေရမှုများကိုကိုင်တွယ်ဖြေရှင်းရန် ရဟန်းမင်းကြီးကခြေလှမ်းလိုက်ခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကြုံ တွေ့ရသောအခက်အခဲများကြောင့် ဆက်လက်မရပ်တည်နိုင်တော့၍ ရပ်နားလိုက်ရ၊ ရောင်းချလိုက်ရသည်များရှိလာနေ သောကြောင့်ဖြစ်သည်ဟုဆိုသည်။

ကြေညာချက်၌ ယခုအသစ်တည်ထောင်လိုက်သော ပဒေသာပင်သည် ဗာတီကန်ရုံးတော်ကို အာဏာကုန်လွှဲ အပ်ထားပြီး၊ ၄င်း၏လမ်းညွှန်ချက်အတိုင်းဖော်ဆောင်မည်။ ထို့အတူ ဗာတီကန်၏ပိုင်ဆိုင်မှုအဖြစ်လည်းကောင်း၊ ဘဏ္ဍာအ ဖြစ်လည်းကောင်းစာရင်း၀င်သွားမည်ဖြစ်ကြောင်း၊ ဤပဒေသာပင်၏အလုပ်အမှုဆောင်များသည် ကျန်းမာရေး လုပ်ငန်းရပ်များ၊ ငွေကြေးလည်ပတ်စီးဆင်းမှုများနှင့်ပတ်သက်၍ ၀င်ရောက်စစ်ဆေးပိုင်ခွင့်အပြည့်အ၀ရှိကြောင်း၊ ဤ ပဒေသာပင်အသစ်တည်ထောင်ခြင်းနှင့်အတူ အလုပ်အမှုဆောင်အဖွဲ့များကိုလည်း အသစ်ပြန်လည်ခန့်အပ်ဖွဲ့စည်းလိုက် သည်ကိုလည်း ရဟန်းမင်းကြီးကသဘောတူခဲ့သည်။

ဗာတီကန်မှလည်း အဆိုပါအသစ်တည်ထောင်လိုက်သော ပဒေသာပင်၏အလုပ်အမှု ဆောင်အဖွဲ့၀င်အသစ်များ၏ စာရင်းကိုလည်းကြေညာခဲ့သည်။ ထိုအဖွဲ့၏ဥက္ကဌအဖြစ် ဆရာတော် Nunzio Galantino အားခန့်အပ်လိုက်ပြီး၊ ဤအ ဖွဲ့အတွင်းရေးမှူးအဖြစ် Fabio Gasperini အားခန့်အပ်အတည်ပြုလိုက်ကြောင်း အောက်တိုဘာလ (၆) ရက်နေ့က ကြေညာခဲ့သည်။

ဤအလုပ်အမှုဆောင်အဖွဲ့သစ်အတွင်း၌ပါ၀င်သောဒေါက်တာများမှာ Mariella Enoc ဖြစ်ပြီး၊ ရောမမြို့ရှိ ‘Bambino Gesù’ ကလေးအထူးကုဆေးရုံး၏ဥက္ကဌ၊ Sergio Alfieri ရဟန်းမင်းကြီးတို့၏ကျန်းမာရေးကိုတာ၀န်ယူကု သပေးသော ‘Gemelli’ မှခွဲစိတ်ဆရာ၀န်၊ ဇွန်လက ရဟန်းမင်းကြီးဖရန်စစ်အားလည်း ကိုယ်တိုင်ခွဲစိတ်ပေးခဲ့သောခွဲစိတ်ဆရာဝန်လည်းဖြစ်သည်။

အသစ်တည်ထောင်လိုက်သော ပဒေသာပင်သည် ကက်သလစ်သာသနာ‌တော်မှ ကြီးမှူးနေသည့် ကျန်းမာရေး လုပ်ငန်းစဉ်များအား ကူညီထောက်ပံ့ပေးမည်။ ပြန်လည်မွမ်းမံပေးမည်။ ကက်သလစ်များမှဦးစီးနေသော ကျန်းမာရေး၀န်ဆောင်မှုပေးနေသည့်ဌာနများအနေဖြင့် ငွေကြေးအကြပ်အတည်းများကြုံနေရသော်လည်း အလျင်စလိုရပ်တန့်ခြင်း၊ ရောင်း ထုတ်လိုက်ခြင်းများမပြုလုပ်ရန်ကိုလည်းအားပေးဟန့်တားလိုကြောင်း၊ ထို့အတူ ကျန်းမာရေးစောင့်ရှောက်မှုသည် လူချမ်းသာများအတွက်သာဖြစ်ပြီး၊ ငွေကြေးမတတ်နိုင်ပါကကူသမှုမပေးဟူသော ခံစားချက်မျိုး၊ အမြင်မျိုးကိုလည်းရှောင်လို၍ လည်းယခုကဲ့သို့ တည်ထောင်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆရာတော် Galantino ကဗာတီကန်သတင်းဌာန အားဖြေကြားခဲ့သည်။

‘ရဟန်းမင်းကြီးအနေဖြင့် ယခုကဲ့သို့တည်ထောင်ရခြင်းမှာ သူကိုယ်တိုင် ဆေးရုံတက်ရောက်ကုသမူခံအယူအပြီး မြင်တွေ့ကြားသိ ဆွေးနွေးခဲ့ရသောအခြေအနေများပေါ်မူတည် ၍လည်းဖြစ်နိုင်သည်။ သူဆေးရုံတက်ရောက်နေစဉ် ဆေးရုံကြီး၏စင်္ကြန်မှ အန်ဂျေလူးဆုတောင်းမေတ္တာဆုတောင်းအပြီး လူထုကြီးအား ‘ကျွနု်ပ်ဆေးရုံတက်ရောက်ပြီး ကုသမူခံယူနေတဲ့ဒီရက်ပိုင်းမှာဘဲ ကျန်းမာဖို့ဘယ်လောက်အရေးကြီးသလဲ၊ ကျန်းမာရေးစောင့်ရှောက်မှုဟာ အီတလီမှာ ရော တခြားနိုင်ငံတွေမှာရော အရမ်းအရေးကြီးတယ်။ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့အတူထိရောက်တဲ့စောင့် ရှောက်မှုလည်းအရေးကြီးတယ်။ လူတိုင်းကိုလည်းစောင့်ရှောက်ပေးရမယ်။ ဒီကောင်းကျိုးကိုမပျောက်မပျက်စေရဘူး။ သာသနာအတွင်းမှာလည်း တစ်ခါတစ်ရံမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အဖွဲ့အစည်းတွေဟာ စီမံကွပ်ကဲမှုမကောင်းလို့ ယုံယုံကြည်ကြည်နဲ့လာရောက်ကုသသူတွေနည်းတယ်။ ကုသသူတွေနည်းတော့ ၀င်ငွေကလျော့နည်းလာ တယ်။ အဲဒီအခါမှာ အလုပ်ပေးထားရတဲ့အသိပညာရှင်၊ အတတ်ပညာရှင်ကိုလစာပေးဖို့ဖြေရှင်းရတော့မယ်။ အဲဒီအခါမှာ တခြားရွေးချယ်စရာမရှိဘဲ ၀န်ဆောင်မှုတွေအားလုံရပ်နားပစ်လိုက်တယ်။ အဆောက်အအုံကိုရောင်းထုတ်ပစ်လိုက်ဖို့ ဘဲ ခေါင်းထဲမှပေါ်လာတော့တယ်။ သာသနာအတွင်းက ခေါ်တော်မူခြင်းဟာ အသပြာအတွက်မဟုတ်ဘူး။ အလုပ်အ ကျွေးပြုတယ်ဆိုတာအခမဲ့ပါ။ ဒါကိုမမေ့ပါနဲ့’ ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကမိန့်ကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/30oGGp5

Add new comment

4 + 0 =