ပုပ်ဖရန်စစ်က ကနေဒါမှဌာနေတိုင်းရင်းသားများ၏အခွင့်အရေးကိုကာကွယ်ပြီး ပြန်လည်သင့်မြတ်ရေး နှင့်ကုသရေးကိုရှေ့ရှုဦတည်

ပုပ်ဖရန်စစ်က ကနေဒါမှဌာနေတိုင်းရင်းသားများ၏အခွင့်အရေးကိုကာကွယ်ပြီး ပြန်လည်သင့်မြတ်ရေး နှင့်ကုသရေးကိုရှေ့ရှုဦတည်

ကျွန်ုပ် (ရဟန်းမင်းကြီး) အနေဖြင့်သာသနာနှင့်ဌာနေတိုင်းရင်းသားများကြားရင်ကြားစေ့ရေးပြန်လည်ကြေ အေးနိုင်ရေးကိုသာရှေ့ရှုကြောင်း၊ နှစ်ဖက်လုံး၏ဆက်ဆံရေးသည်သည် ချစ်ခြင်းဖြင့်လွှမ်းခြုံထားပြီး၊ ခါးသီးနာကျင်ခဲ့ရ သောစွဲထင်ဒဏ်ရာများကို နားလည်ပေးသော၊ ကုစားပေးသော အလွန်အစွမ်းထက်သည့် အသီးကိုသီးလာစေမည်ဖြစ် ကြောင်းဖြင့် ဌာနေတိုင်းရင်းသားများ၏ကိုယ်စားလှယ်များအား ကနေဒါ၌ရောက်ရှိနေစဉ် အရှင်သူမတြၽ ပုပ်ဖရန်စစ်က မိန့်ကြားခဲ့သည်။

ဌာနေတိုင်း ရင်းသားများ၏အခွင့်အရေး ပိုမိုကျစ်လစ်ခိုင်မာလာသည်နှင့်အမျှ ဌာနေတိုင်းရင်းသားမဟုတ်သူများနှင့်ပြန်လည်ကြေ အေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏အမှားကိုပြန်လည်၀န်ချတောင်းပန်ရန်လည်းလိုအပ်ကြောင်း၊ သို့မှသာ သင်တို့အား လုံးပူးပေါင်းဦးတည်သောပန်းတိုင်သို့ရောက်ရှိနိုင်မည်။ ဒေသခံများ၏အခွင့်အရေးကို တရား၀င်မြှင့်တင်လုပ်ဆောင်မည်။ ဌာနေတိုင်းရင်းသားများနှင့်ဌာနေတိုင်းရင်းသားမဟုတ်သောနိုင်ငံအတွင်းမှ ပြည်သူများ ကုသခြင်းနှင့်ဖြန်ဖြေခြင်းကို သ ဘောတူကြည်ဖြူမည်ဖြစ်သည်ဟုဆိုသည်။

(၁၉) ရာစုမှ (၁၉၇၀) တိုင် ဌာနေတိုင်းရင်း သားများ၏ရင်သွေးများအား ကက်သလစ်သာသနာမှဖွင့်လှစ်သော ကျောင်း၌ အတင်း အကြပ်စီစစ်နေထိုင်စေခဲ့ခြင်း၊ ဌာနေတိုင်းရင်းသားများ၏ယဉ်ကျေးမှုကို ဖျောက်ဖျက်ပစ်ခြင်းကိုရဟန်း မင်းကြီးရှုံချခဲ့သည်။ အလွန်ဆိုး၀ါးသောရင်နာဖွယ်ဖြစ်ရပ်များဖြစ်သည်။ လူမျိုးတစ်မျိုး၏ယဉ်ကျေးမှုနှင့်ကွာဟချက် များကိုလက်ခံကျင့်ကြံရှင်သန်ရန်မှာ လွယ်ကူလှသည်မဟုတ်။ (မေလ ၂၇၊ ၂၀၂၁) ၌ ပျောက်ဆုံးနေခဲ့သော ကလေး (၂၀၀) ဦး၏ကြွင်းကျန်အရိုးများကိုရှာဖွေတွေ့ရှိခဲ့သည်။ ၄င်းတို့သည် အဘယ်သူဖြစ်သည်ကိုမှု မဖော်ထုတ်နိုင်ခဲ့သကဲ့သို့ မှတ်တမ်းတင်ထားခြင်းလည်းမရှိတော့ပေ။ ယခုကဲ့သို့ရှာဖွေတွေ့ရှိနိုင်ခြင်းမှာ မြေအောက်သို့ထိုးဖောက်မြင်တွေ့နိုင်သော ‘ရေဒါ’ ၏အကူအညီကြောင့်ဖြစ်ကြောင်း၊ ဤရုပ်ကြွင်းများကို British Columbia ကျောင်း၀င်းအတွင်းရှိ Kamloops Indian လူနေသောအဆောက်အဦး၏အောက်ခြေ၌တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ရှာဖွေတွေ့ရှိခဲ့ရ၍ ဆက်လက်ပြီးလည်းရှာ ဖွေနေကြသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3zWb49C

Add new comment

2 + 9 =