ပုပ်ဖရန်စစ်ကြွရောက်ခြင်းနှင့်ကမ္ဘာ့လူငယ်များနေ့အထိမ်းအမှတ်အဖြစ် ပေါ်တူဂီအစိုးရတံဆိပ်ခေါင်းနှစ်ခုပုံနှိပ်ထုတ်‌ေ၀

ပုပ်ဖရန်စစ်ကြွရောက်ခြင်းနှင့်ကမ္ဘာ့လူငယ်များနေ့အထိမ်းအမှတ်အဖြစ် ပေါ်တူဂီအစိုးရတံဆိပ်ခေါင်းနှစ်ခုပုံနှိပ်ထုတ်‌ေ၀

ပေါ်ဂီနိုင်ငံ၏မြို့တော် လစ္စဘွန်း၌ကျင်းပမည့်ကမ္ဘာ့လူငယ်များနေ့ကျ‌ရောက်ရန် နှစ်ပတ်ခန့်သာလိုတော့သည်။ ထိုသမိုင်း၀င်အခမ်းအနားအားကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇူလိုင်လ (၁၉) ရက်နေ့က တံဆိပ် ခေါင်းနှစ်ခုကို ပေါ်တူဂီအစိုးရမှ ရိုက်နှိပ်ထုတ်‌ေ၀ခဲ့သည်။

ကမ္ဘာ့လူငယ်များနေ့သည် ဩဂုတ်လ (၁ – ၆) ရက်နေ့အထိကျင်းပ မည်ဖြစ်သည်။ တံဆိပ်ခေါင်း၌ ရဟန်းမင်းကြီးဖရန်စစ်နှင့်ကမ္ဘာ့လူငယ်များနေ့၏အမှတ်တံဆိပ်ဖြစ်သော လက်၀ါးကပ်တိုင်နှင့် Salus Romani Populi အမိမယ်တော်ပုံတော်တို့ကိုထည့်သွင်းထားပါသည်။

ဤတံ ဆိပ်ခေါင်းများ၏တန်ဖိုးမှာ (၀.၆၀) ယူရိုနှင့် (၁.၁၅) ယူရိုတန်များဖြစ်ကြပြီး (၇၅၀၀၀) ခုကိုသာရိုက်နှိပ်ထုတ်‌ေ၀လိုက်ခြင်းဖြစ်သည်။

ပေါ်တူဂီနိုင်ငံ၏စာတိုက်လုပ်ငန်းမှ နောက် ဆုံးတစ်ကြိမ်တံဆိပ်ခေါင်းအသစ် ရိုက်နှိပ်ထုတ်‌ေ၀ခဲ့သည်မှာယခင်နှစ်ဩဂုတ်လကဖြစ်သည်။

ပေါ်တူဂီနိုင်ငံ၏မြို့တော်၌ ကမ္ဘာ့လူငယ်များနေ့အတွက်ပြင်ဆင်မှုများမှာအသင့်အနေအထားသို့ရောက်လုလုနီးပြီဖြစ် သည်။ မြို့တော်အတွင်း၌ ပြခန်းပေါင်း (၁၇၈) ခုပြမည်ဖြစ်သည်။ ထိုပြခန်းများကိုသွားလာရန်လွယ်ကူမည့်နေရာများ၌စီစဉ်ထားသည်။

ပြခန်း၏အဓိကဦးတည်ချက်မှာ သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေးအားမှိုင်းမသောရဟန္တာဖြစ်သော အာစီးစီမြို့မှစိန့်ဖရန်စစ်၏တရားကိုအခြေခံ၍ ရဟန်းမင်း ကြီးဖရန်က ‘Laudato Si’ စာချွန်တော်ကိုရေးသားထုတ်‌ေ၀လမ်းညွှန်ထားသည်ဖြစ်ရာ ထိုအတိုင်းပေါ် လွင်စေရန်ကြိုးစားတင်ဆက်ထားသည်။

ပါးဒူအာမြို့မှစိန့်အန်ထော်နီနှင့်သူတော်မြတ် Marcel Callo တို့၏အကြောင်းကိုလည်း ပြခန်း၌ခင်းကျင်းပြထားမည်ဖြစ်သည်။ ထို့အတူ နိုင်ငံ့သမိုင်အစဉ် အလာအရ တပည့်တော်ကြီး (၁၂) ပါးအနက် တစ်ပါး ဖြစ်သော စိန့်ဂျိမ်းစ် ၏ ဘုရားကျောင်းတော်ကြီးရှိရာ Santiago de Compostela ကိုလည်းထည့်သွင်းပြသသွားမည်ဖြစ်သည်။

မယ်တော်နှင့်ဆိုင်သောပြခန်းလည်းပါ၀င်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမိမယ်တော်သည် ဖာတီမာမြို့၌ သိုးကျောင်းသားမောင်နှမသုံးဦးအားကိုယ်ထင်ရှားပြခဲ့သောမြေလည်းဖြစ်သောကြောင့်ဟုဆိုသည်။

ကမ္ဘာ့လူငယ်များနေ့၏အစိတ်အပိုင်းတစ်ခုအဖြစ် ယဉ်ကျေးမှုနှင့်စပ်ဆိုင်သည့်အပိုင်း (၄၈၀) ခု၊ ဘသာရေး၊ အားကစားအမျိုးပေါင်း (၁၀၀) တို့ကိုလည်းခင်းကျင်းထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3rxDXHm

Add new comment

1 + 10 =