Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်၏ဟန်ဂေရီနှင့်ဆလိုဗက်ကီးယားနိုင်ငံသို့ကြွမည့်တမန်တော်ခရီးစဉ်သည်အစီအစဉ်များဖြင့်ပြည့်နေ
ပုပ်ဖရန်စစ်၏ဟန်ဂေရီနှင့်ဆလိုဗက်ကီးယားနိုင်ငံသို့ကြွမည့်တမန်တော်ခရီးစဉ်သည်အစီအစဉ်များဖြင့်ပြည့်နေ
ရဟန်းမင်းကြီးဖရန်စစ်သည် ဤခရီးစဉ်ကို အူမကြီးခွဲစိတ်မူခံယူအပြီး တစ်လကျော်အကြာ လာမည့်စက်တင် ဘာလတွင်ကြွရောက်ရန်စီစဉ်ထားသည်။ ရောမမြို့မှ စက်တင်ဘာလ (၁၂) ရက်၊ တနဂ်နွေနေ့တွင်စတင်ထွက်ခွာမည် ဖြစ်ပြီး၊ စက်တင်ဘာလ (၁၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့၌ရောမမြို့သို့ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
ဤခရီးစဉ်သည် အသွားအပြန် (၄) ရက်တာကြာမည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် ရောမမြို့မှ စက်တင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၆) နာရီဖူမီချီးနိုလေဆိပ်မှထွက်ခွာပြီး၊ ဟန်ဂေရီနိုင်ငံ၏မြို့တော်၊ ဘူဒါပတ်မြို့လေးဆိပ်၌ နံနက် (၇း၄၅) မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ဆိုက်ရောက်ပြီး (၆) နာရီနောက်ပိုင်း၌ ဟန်ဂေရီနိုင်ငံ၏၀န်ကြီးချုပ် Viktor Orbán နှင့်သမ္မတ János Áder တို့ကိုလက်ခံတွေ့ဆုံမည်ဖြစ်သည်။ ထို့နောက်ဟန်ဂေရီနိုင်ငံမှကက်သလစ်ဆရာတော်ကြီးများနှင့်လည်း ကောင်း၊ အခြားခရစ်ယာန်ညီအစ်ကိုအသင်းတော်များ၏ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ ဂျူးအဖွဲ့အစည်းနှင့်လည်း ကောင်းတွေ့ဆုံမည်ဖြစ်သည်။
ရဟန်းမင်းကြီးသည် အပြည်ပြည်ဆိုင်ရာကိုယ်တော်မြတ်ကွန်ဂရက်စ်၏ ပိတ်ပွဲမစ္ဆားကို ဦးဆောင်တင်လှူပူဇော်မည်။ ထို့နောက် မွန်းလွှဲပိုင်း (၂း၄၀) တွင် ဆလိုဗက်ကီးယားနိုင်ငံသို့ဆက်လက်ကြွမည်ဖြစ်ပြီး၊ ပျံသန်းချိန်မှာ တစ်နာရီခန့်မျှသာကြာမည်။ သို့သော် ရဟန်းမင်းကြီး၏တစ်နေ့တာသည် ထိုနေရာ၌အဆုံးသတ်မည်မ ဟုတ်ဘဲ Bratislava ရှိ ရဟန်းမင်းကြီး၏ကိုယ်စားလှယ်ရုံးတော်တွင်ခရစ်ယာန်များစုပေါင်းအစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်သည်။ ထိုနေရာ၌ နိုင်ငံတော်မိန့်ခွန်းကိုမိန့်ကြားမည်ဖြစ်သည်။ ထိုဒေသ၌ဘုရားအမှုတော်ထမ်းနေ သောဂျက်ဆွီစ်ဘုန်းတော်ကြီးများနှင့်လည်းတွေ့ဆုံမည်။
အဂ်ါနေ့၌မူ Košice မြို့သို့ဆက်လက်ကြွပြီး၊ စိန့်ဂျွန်ခရီဆော့စတွမ်၏ဘိုင်ဇန်တိုင်း၀ိနည်းဖြင့်ဆုတောင်းခြင်းကို ပြုမည်ဖြစ်သည်။ ထို့နောက် လူနည်းစုလည်းဖြစ်ပြီး၊ လစ်လျူရူခံထားရသော ရောမ၀ိနည်းကိုကျင့်သုံးသောဘာသာတူ များနှင့်တွေ့ဆုံမည်ဖြစ်သည်။ Bratislava သို့ပြန်မကြွသွားမီ Košice မှလူငယ်များနှင့်လည်းတွေ့ဆုံဦးမည်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့သည် ရဟန်းမင်းကြီး၏ ယခုခရီးစဉ်နောက်ဆုံးနေ့ဖြစ်ရာ အမျိုးသားပြတိုက်သို့သွားရောက်လည်ပတ် ပြီး၊ ဆလိုဗက်ကီးယားကက်သလစ်ဘာသာတူများ၏ နှစ်စဉ်ဘုရားဖူးအစီအစဉ်၌ပါ၀င်မည်ဖြစ်သည်။ ထိုဘုရားဖူးနေရာ မှာ ‘၀မ်းနည်းခြင်းမယ်တော်’ ကိုတည်ထားကာကြည်ညိုကြသည်။ ‘၀မ်းနည်းခြင်းမယ်တော်’ သည် ဆလိုဗက်ကီးယား နိုင်ငံကိုမှိုင်းမသောမယ်တော်ဖြစ်သည်။ ဆိုဗီယက်ရုရှားဩဇာညောင်းစဉ်ကပင် ယခုဘုရားဖူးခြင်းအစီအစဉ်ကိုတစ်နှစ်မှ အပြတ်မခံခဲ့ပေ။ ရဟန်းမင်းကြီးသည် ထိုနေရာ၌ရောက်ရှိနေသောဆရာတော်ကြီးများနှင့်အတူ မစ္ဆားမပူဇော်မီ ဆု တောင်းခဲ့သည်။ မစ္ဆားပူဇော်ပြီးနောက် ရောမမြို့သို့ မွန်းလွှဲပိုင်း (၁း၄၅) တွင်ထွက်ခွာလာပြီး၊ ရောမသို့ဒေသစံတော် ချိန် (၃း၃၀) တွင်ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ခရီးစဉ်သည် (၄) ရက်သာကြာသော်လည်း ရဟန်းမင်းကြီးသည် အစီအစဉ်ပေါင်း (၂၀) ခန့်၌ပါ၀င်သည်။
Add new comment