ပုပ်ဂျွန်ပေါလ် (၂) ၏ အကြံပေးကာဒီနယ်ကြီး Javier Lozano Barragán ပျံလွန်

ပုပ်ဂျွန်ပေါလ် (၂) ၏ အကြံပေးကာဒီနယ်ကြီး Javier Lozano Barragán ပျံလွန်

ပုပ်ဂျွန်ပေါလ် (၂) ၏ အကြံပေးကာဒီနယ်ကြီး Javier Lozano Barragán ပျံလွန်

 

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ယောဟန်ပေါလူး ၊ ယခု ကြီးမြတ်သောရဟန္တာဂျွန်ပေါလ် ရဲ့ အကြံပေးပုဂ္ဂိုလ်ကြီးဖြစ်ခဲ့သူ ကာဒီနယ်ကြီး Javier Lozano Barragán ဟာ သက်တော် ၈၉ နှစ် မှာပျံလွန်သွားပါတယ်။

ကာဒီနယ်ကြီးဟာ မက္ကဆီကိုနိုင်ငံသားဖြစ်ပြီး ရောမမြို့မှာ မကြာသေးမှီက ပျံလွန်သွားတာဖြစ်ပါတယ်။ ပုပ်ဂျွန်ပေါလ် လက်ထက်မှာ ဗာတီကန်ရဲ့ ကျန်းမာရေးဌာနမှူးအဖြစ်၎င်း၊ လူမှုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာရုံးတော်အကြီးအကဲအဖြစ်၎င်း အမှုတော်ဆောင်ခဲ့သူဖြစ်ကာ ထိုရုံးတော်များတွင် တာဝန်ပေးအပ်ခံရမှုနှင့်ပတ်သက်ပြီး ၎င်းကျွမ်းကျင်သည့် အပိုင်း ကဏ္ဍ များမဟုတ်ကြောင်းနှင့် ကျွမ်းကျင်သည့်အပိုင်းမှာ သီဩလော်ဂျီ၊ ဘုရားစကား၊ ဆွေးနွေးဖလှယ်ခြင်း များနဲ့ လာတင်အမေရိက ဆိုင်ရာ နိုင်ငံရေး ရှုထောင့်များသာဖြစ်ကြောင်းကို လည်း အမှန်အတိုင်း ရင်ဖွင့်ခဲ့သူဖြစ်ပါတယ်။

သူဟာ ပုပ်ဂျွန်ပေါလ်အချိန်မှာ  အလွန်အရေးပါခဲ့သူတစ်ဉီးဖြစ်ကြောင်း၊

ပြီးခဲ့တဲ့ သန့်ရှင်းသောရက်သတ္တပတ်အတွင်းမှာ ဝေဒနာခံစားခဲ့ရပြီး ရောမမြို့ရှိ စိန့်ပီအုစ် ဆေးရုံသို့ခေါ်ဆောင်ကာကုသမှုခံယူခဲ့ကြောင်း၊ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်လည်း ၎င်းထံသို့ သောကြာနေ့ကြီးမှာ ကြွရောက်ကာဆုတောင်းပေးခဲ့ကြောင်းနှင့် အခြေအနေကို ဆရာဝန်များက ပါပါးဖရန်စစ်အားရှင်းပြခဲ့ကြတယ်လို့ဆိုပါတယ်။

ကာဒီနယ်ကြီး Barragán ကို မက္ကဆီကို နိုင်ငံမှာပဲ သဂြိုလ်မှာဖြစ်ပါတယ်။

ကာဒီနယ်ကြီးပျံလွန်သွားတဲ့အတွက် အခုအခါ ကက်သလစ်သာနာတော်ကြီးရဲ့ လက်ရှိကျန်ရှိတဲ့ ကာဒီနယ်ကြီး များအရေအတွက်ဟာ အပါး ၂၁၀ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးနေရာလစ်လပ်သည့်အချိန် အခန်းပိတ်အစည်းအဝေးကြီးလို့ခေါ်တဲ့ conclave မှာ မဲပေးပိုင်ခွင့်ရှိတဲ့ ကာဒီနယ် ဉီးရေကတော့ ၁၁၇ ပါးရှိပါမယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/37xaOT7

Add new comment

6 + 5 =