ပုပ်ဂျွန်ပေါလ် ၂ အမည်ခံ နှင်းဆီလေး သမ္မတ အိမ်ဖြူတော်နှင်းဆီခြံမှာ ထပ်တိုး စိုက်ပျိုး

ပုပ်ဂျွန်ပေါလ် ၂ အမည်ခံ နှင်းဆီလေး သမ္မတ အိမ်ဖြူတော်နှင်းဆီခြံမှာ ထပ်တိုး စိုက်ပျိုး

ပုပ်ဂျွန်ပေါလ် ၂ အမည်ခံ နှင်းဆီလေး သမ္မတ အိမ်ဖြူတော်နှင်းဆီခြံမှာ ထပ်တိုး စိုက်ပျိုး

ပါပါးဂျေပီလို့ ချစ်စနိုးခေါ်ကြတဲ့ ပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ယောဟန်ပေါလူး သို့ ရဟန္တာဂျွန်ပေါလ် ၂ ရဲ့ အမည်ခံ နှင်းဆီ အမျိုးအစားလေး ကို အမေရိကန်သမ္မတအိမ်ဖြူတော်မှ ပြန်လည်ပြုပြင်လိုက်တဲ့ နှင်းဆီခြံထဲမှာ ထပ်လောင်း စိုက်ပျိုးလိုက်ပါတယ်။

ပုပ်ဂျွန်ပေါလ် နှင်းဆီလို့ ခေါ်စမတ်ပြုတဲ့ White Tea Rose အမျိုးအစား နှင်းဆီဖြူလေးဟာ ပထမအမျိုးသမီးဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဇနီး မေလနီးယားထရန့်က ထပ်ပေါင်းစိုက်ပျိုးခဲ့ပြီး သြဂုတ်လ ၂၂ ရက်နေ့က ထုတ်ပြခဲ့တာဖြစ်ပါတယ်။

ပုပ်ဂျွန်ပေါလ် နှင်းဆီကို ၂၀၀၆ ခုနှစ်ကထဲက ဗာတီကန်ဉယျာဉ်တော်မှာစိုက်ပျိုးခဲ့ကြောင်းနှင့် နှင်းဆီများထဲတွင် အမွေးကြိုင်ဆုံး ပန်းဖြစ်ကာ အဖြူရောင်အပွင့်အကြီးကြီးပွင့်တယ်လို့ဆိုထားကြောင်းကို CNA သတင်းအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of Credit: Nathan Williams/wikimedia

https://bit.ly/3aSZcae

Add new comment

1 + 0 =