ပုပ်ရဟန်းမင်းကြီး ၇ နှစ်ပါးတိုင်အောင် အစေခံခဲ့သော အသက်အကြီးဆုံး ကာဒီနယ်ကြီး ပျံလွန်တော်မူခြင်း

ရဟန်းမင်းအမတ်ကာဒီနယ် ဟိုဆေး ဒီ ဟေစူး ဖီမြဲန်တို ရောဒရီးဂူစ်(Jose de Jesus Pimiento Rodriguez)

ပုပ်ရဟန်းမင်းကြီး ၇ နှစ်ပါးတိုင်အောင် အစေခံခဲ့သော အသက်အကြီးဆုံး ကာဒီနယ်ကြီး ပျံလွန်တော်မူခြင်း
သြဂုတ်လ ၄၊ ၂၀၁၉

ကိုလံဘီယာ နိုင်ငံသား ရဟန်းမင်းအမတ်ကာဒီနယ် ဟိုဆေး ဒီ ဟေစူး ဖီမြဲန်တို ရောဒရီးဂူစ်(Jose de Jesus Pimiento Rodriguez) စက်တက်ဘာလ ၃ ရက်နေ့က သက်တော် ၁၀၀ တွင်ပျံလွန်တော်မူခဲ့ပါသည်။ သူ၏ နောက်ဆုံးအချိန်များကို ဘုန်းတော်ကြီးများ ဥပုသ်သီလဆောက်တည်ရာ သာသနာ့ အဆောက်အဦးတွင် နေထိုင်ခဲ့ပါသည်။

ရဟန်းမင်းအမတ် ကာဒီနယ်များထည်းတွင် သက်တော်အကြီးဆုံးဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ၇ နှစ်ပါးတိုင်အောင် အစေခံခဲ့သော အသက်အကြီးဆုံး ကာဒီနယ်ကြီး တစ်ပါဖြစ်ပါသည်။

ကာဒီနယ်ကြီး ပျံလွန်တော်မူခြင်းအတွက် ကိုလံဘီယာ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဝမ်းနည်းကြောင်း၊ အသင်းတော်အပေါ် သစ္စာရှိစွာပေးဆပ်လုပ်ကိုင်ခဲ့မူ့များ၊ သူ၏ ရှည်လျားလှသော ခေါ်တော်မူခြင်းသက်တာတလျှောက် တာဝန်ကျေခဲ့မူ၊ နောက်လိုက်ကောင်းပီသမူ့၊ တိုင်ပြည်ကောင်းကျိုး၊ အများကောင်းကျိုးများ ထိရောက်စွာလုပ်ဆောင်ခဲ့မူများ အတွက်ကျေးဇူးတင်ကြောင်း ထုတ်ဖော်ခဲ့ပါသည်။

လက်ရှိ သာသနာတော်တွင် ကာဒီနယ် ၂၁၄ ပါးရှိပြီး ၎င်းတို့အထည်းမှ ၁၁၈ ပါးသာ ရဟန်းမင်းကြီး ရွယ်ချယ်ခံအဖွဲ့တွင်ပါဝင်နိုင်ပြီး ၉၆ ပါးမှ အသက်အရွယ်ကျော်လွန်ခြင်းကြောင့် ရွေးချယ်ခံ အဖွဲ့တွင် ပါဝင်ခွင့်မရရှိပါ။
By Kyi Maung
Credit to Vatican News
https://bit.ly/2lUAr85

Add new comment

2 + 10 =