ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် တောင်ဆိုပေးရန် ဂျပန်ဆရာတော်ကြီးများ မျော်လင့်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် တောင်ဆိုပေးရန် ဂျပန်ဆရာတော်ကြီးများ မျော်လင့်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် တောင်ဆိုပေးရန် ဂျပန်ဆရာတော်ကြီးများ မျော်လင့်
သြဂုတ်လ ၇၊ ၂၀၁၉

ဂျပန်နိုင်ငံသို့ ၂၀၁၉ နိုဝင်ဘာလ ထည်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သွားရောက်လည်ပတ်ခြင်ကြောင်းကို ၂၀၁၉ ဇန်နဝါရီလထည်းက ပြေားကြားခဲ့ပါသည်။ ယင်းခရီးစဉ်ကို တရားဝင် အတည်ပြုခြင်း မရှိသေးသော်လည်း ဂျပန်နိုင်ငံ ရှိ ဆရာတော်ကြီးများမှ မျော်လင့်နေကြောင်း ထုတ်ဖော်ခဲ့ပြီး လာရောက်ဖြစ်ခဲ့ပါက ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အတွက် ပထမဦးဆုံး ဂျပန်နိုင်ငံ သိုးထိန်းခရီးစဉ် ဖြစ်ကြောင်း နှင့် ၁၉၈၁ ခုနှစ် ဖေဖေါ်ဝါရီလ က ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလ်လူး ကြွရောက်ခဲ့ပြီး ၃၉ နှစ်ကြာမှ ရဟန်းမင်းကြီး ကြွရောက်ခြင်း ခရီးစဉ်ဖြစ်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလ်လူး ကြွရောက်ခဲ့စဉ်က ၁၉၈၁ ခု ဖေဖေါ်ဝါရီလ ၂၅ ရက်နေက ဟီရိုရှီးမားမြို့ တွင် နယူကလီးယား လက်နှက်ဖျက်သိမ်းရေးကို တောင်းဆိုခဲ့သလို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှလည်း တောင်ဆိုသွားမည်ဟု မျှော်လင့်ကြောင်း ဆရာတော်ကြီးများမှ ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး ဂျပန်နိုင်ငံရှိ ကက်သလစ် သာသနာတော်မှ ဆယ်​ရက်တာ ငြိမ်းချမ်းရေးနေ့အဖြစ် သြဂုတ်လ ၆ ရက်မှ ၁၅ ရက်နေ့အထိ သတ်မှတ်ပြီး ဆုတောင်းခြင်းများ ပြုလုပ်ကြဖို့ ကိုလည်း သတ်မှတ်ထားကြောင် ဟီရိုရှီးမား ဂိုဏ်းအုပ်ဆရာတော် အလက်စစ် မစ်စူယူ ရှီရာဟားမား မှ အာရှ သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ကျွန်ုပ်တို့မျှော်လင်တောင်းတသော ငြိမ်းချမ်းရေးမှာ လူသားခုတရပ်လုံး အပြည့်အဝဖွံဖြိုးတိုးတက်မူ့မှ ထွက်ပေါ်လာသည် ငြိမ်းချမ်းရေး အသီးအပွင့်ကို ဆိုလိုကြောင်း၊ အမြစ်ပြတ်ချေမုန်းပြစ်ခြင်း၊ အများအပြားသေကျေပြီး အားရောနည်းသွားအောင်လုပ်ခြင်း၊ အပြန်အလှန်တိုက်ခိုက် ဖျက်စီးနေကြခြင်းတို့သည် မှားယွင်းသော လုံခြုံရေးတည်ဆောက်မူများဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ယင်းအပြုအမူများပေါ်တွင် အခြေတည်ပြီ တည်ဆောက်၍မရနိုင်ပါ။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ၂၀၁၅ ခုနှစ် စက်တင်လာလ ၂၅ ရက်နေ့က ကုလသမ္မဂ အထွေထွေညီလာခံ တွင် မိန်ကြားခဲ့သော အချက်များကို အခြေခံပြီး ဂျပန်နိုင်ငံရှိ ဆရာတော်ကြီးများမှ ငြိမ်းချမ်းရေး ကို တည်ဆောက်ခြင်တယ်ဆိုရင် အပြည့်အဝ ခံစားနားလည်ပေးတပ်သော စည်းလုံးမူ့၊ အပြန်အလှန် ပြောဆိုဆွေးနွေးခြင်း၊ လုံလောက်သော ကျန်းမာရေးအထောက်အပံ့ ပြည်ဝသော ပညာရေးစနစ်တို့ ဖန်တည်းပေးနိုင်ခြင်း၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးသော ထုံးတမ်းအစဉ်အလာများကို ထောက်ပံပေးခြင်း၊ တစ်ဦး နှင့်တစ်ဦး တစ်နိုင်ငံ နှင့်တစ်နိုင်ငံ အပြန်အလှန် ယုံကြည်မူများရှိခြင်း၊ အများသူငှါကောင်းကျိုးတည်ဆောက်ပေးခြင်းမှာ အတူတကွပါဝင်ကြခြင်း၊ ဖန်းဆင်ခံအရာအားလုံးကိုကာကွယ်စောင့်ရှောက်ခြင်း၊ အခြေခံလူအခွင့်အရေးအားလုံးကို လေးစားခြင်း၊ လူသားထုတစ်ရပ်လုံး အတူတကွဖွံဖြိုးတိုးတက်လာခြင်း၊ စသည့်အချက်များပေါ်မှာသာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု ပြေားကြားခဲ့ပါသည်။ ဆက်လက်ပြီး ရှိးသားစွာ ရိုးရှင်းစွာ ပါဝါအာဏာထိမ်းညှိခြင်း မှာ အတူတကွလုပ်ဆောင်ကြဖို့ ပြေားကြားခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/33kcCbi

Add new comment

13 + 6 =