ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သူ၏ ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်ကို မယ်တော်ထံအပ်နှံ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် စိန့်မေရီ မေရာ ဘာစီလီကာကျောင်းတော်ကြီးသို့ သွားရောက်ဆုတောင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သူ၏ ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်ကို မယ်တော်ထံအပ်နှံ
စက်တင်ဘာ ၃၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် သူ၏ သိုးထိန်းခရီးစဉ်မတိုင်မှီ သူ၏ ခရီးစဉ်အတွက် မယ်တော်သခင်မ၏ ကူညီစောင်မမူ့ရရှိရန် စိန့်မေရီ မေရာ ဘာစီလီကာကျောင်းတော်ကြီးသို့ သွားရောက်ဆုတောင်းလေ့ ရှိပါသည်။

ယခုတကြိမ်တွင်လည်း၊ ဒီကနေ့ ဗုဒ္ဓဟူး နေ့မှ စတင်မည့် မိုဇမ်ဘစ်၊ မာဒါဂါစကာ နှင့် မိုရေးရှပ် နိုင်ငံများ သို့ ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ် မတိုင်မှီ အင်္ဂါနေ့ မနက် မနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် စိန့်မေရီ မေရာ ဘာစီလီကာကျောင်းတော်ကြီးသို့ သွားရောက်ခဲ့ပြီး သူ၏ ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်ကို မယ်တော်ထံ အပ်နှံခဲ့ပါသည်။

အာဖရိက နိုင်ငံများဖြစ်သည့် မောရိုကို၊ အာဖရိကအလယ်ပိုင်းဒေသ၊ ယူဂန်းဒါ၊ ကင်ညာ၊ အီဂျစ် စသည့်နိုင်ငံတို့ကို သိုးထိန်းခရီးစဉ်များသွားယောက်ခဲ့ပြီး ဖြစ်ကာ ယခုတကြိမ်တွင်၊ ၂၀၁၉ ခု နှစ် စက်တင်ဘာလ ၄ ရက် ဗုဒ္ဓဟူး နေ့ မှ ၁၀ ရက် အင်္ဂါ နေ့အထိ အိန္ဒိယ သမုဒ္ဒရာ ကျွန်းနိုင်ငံများဖြစ်သော မာဒါဂါစကာ နိုင်ငံ အင်တာနာရီဘို မြို့၊ မိုရေးရှပ် နိုင်ငံ ပေါ့တ် လူးဝစ် မြို့ နှင့် အရှေ့တောင်အာဖရိက မိုဇမ်ဘစ် နိုင်ငံ မာပူတိုမြို့များ သို့ မျှော်လင့်ခြင်း နှင့်ငြိမ်းချမ်းခြင်း ခေါင်းစဉ်ဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သိုးထိန်း ခရီး စဉ် အဖြစ် သွားရောက်နေပါသည်။

မိုဇမ်ဘစ် နိုင်ငံအတွက် ခရီးစဉ်အမှတ်တံဆိတ်ကို ပြန်လည်သင့်မြတ်ခြင်း၊ မျှော်လင့်ခြင်း နှင့်ငြိမ်းချမ်းခြင်း အဖြစ်လည်းကောင်း၊

မာဒါဂါစကာ နိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်အား မျှော်လင့်ခြင်း နှင့်ငြိမ်းချမ်းခြင်း မျိုးစေ့ကြဲချသူအဖြစ် လည်းကောင်း၊

မိုရေးရှပ် နိုင်ငံအတွက် ဘုရားဖူးခရီးစဉ်အဖြစ်လည်းကောင်း ရဟန်းမင်းကြီး၏ ရည်ရွယ်ချက်နှင့် ကိုက်ညီ ပြီး နိုင်ငံများအတွက်လည်း အဓိပ္ပါယ်ရှိသည့် အမှတ်တံဆိတ်များ သင်္ကေတ များ ပြုလုပ်ထားကြပါသည်။

ယင်းခရီးစဉ်တွင် နိုင်ငံရေး ခေါင်ဆောင်များ၊ ဘာသာခေါင်ဆောင်များ၊ ဆရာတော်ကြီးများ၊ ဘုန်တော်ကြီးများ၊ သူတော်စင်ဂိုဏ်းဝင်များ၊ ဘာသာတရားမတူညီသော အဖွဲ့အစည်းများ နှင့်တွေဆုံခြင်း၊ လူငယ်များနှင့်တွေ့ဆုံခြင်း၊ ကက်သလစ်ဘာသာဝင်များအတွက် မေစ္ဆားတရား ဟောကြားပေးခြင်း များ ပြုလုပ်သွားမည်ဖြစ်ကြောင်းကို၊ ဆက်လက်ပြီး ဂျေဆွစ် အသင်းဂိုဏ်းဝင် များနှင့် သီးသန့်တွေ့ဆုံမည်ဖြစ်ကြောင်း ကိုလည်း ထည့် သွင်းဖော်ပြထားပါသည်။

By Kyi Maung
Credit to Vatican News

https://bit.ly/2kqr53F

Add new comment

1 + 3 =