ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ရဟန်းမင်းအမတ် ကာဒီနယ် ၁၃ ပါးခန့်အပ်ရန်ကြေငြာခြင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် လူထုတွေဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ရဟန်းမင်းအမတ် ကာဒီနယ် ၁၃ ပါးခန့်အပ်ရန်ကြေငြာခြင်း
စက်တင်ဘာလ ၁၊ ၂၀၁၉

စက်တင်ဘာလ ၁ ရက် တနင်္ဂနွေနေ့ က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် လူထုတွေဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်းတွင် ရဟန်းမင်းအမတ် ကာဒီနယ် ၁၃ ပါးခန့်အပ်ရန်ကြေငြာခဲ့ပါသည်။ ယင်း ကာဒီနယ်အဖြစ် ရွေးချယ်ခံရသော ဆရာတော်ကြီးများ တွင် ၁၀ ပါးမှာ အသက်တော် ၈၀ အောက်ဖြစ်သည့်အတွက် ရဟန်းမင်းကြီးရွေးချယ်ခြင်းတွင် တရားဝင်မဲးပေးနိုင်ခွင်ရရှိမည်ဖြစ်ပြီး၊ သုံးပါးမှာ အသက်တော် ၈၀ ကျော်လွန်နေပြီးဖြစ်သည့်အတွက် ရဟန်းမင်းခြင်းရွေးချယ်ခြင်းတွင်ပါဝင်ခွင့်ရရှိမည်မဟုတ်ပေ။

ယင်းရွေးချယ်ခံရသော ကာဒီနယ် ၁၃ ပါးတွင် ၁၂ ပါးမှာ ဂိုဏ်းချုပ်ဆရာတော်ကြီးများ နှင့် ဂိုဏ်းအုပ်ဆရာတော်များဖြစ်ကြပြီး ထူးထူးခြားခြား တစ်ပါးမှာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါသည်။ ဘုန်းတော်ကြီး အဖြစ်မှ ကာဒီနယ် အဖြစ်သို့ ရွေးချယ်ခံရသူမှာ ချက်ကိုစလိုဘက်ကီးယား နိုင်ငံသား ဂျေဆွစ် အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး မိုက်ကယ် ချားနီ ဖြစ်ပါသည်။

ကာဒီနယ်အဖြစ်တင်မြောက်ခြင်း အခမ်အနားကို နိုဝင်ဘာလ ယေဇူးဘုရင်ပွဲးနေတွင်ကျင်းပလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ကိုအောက်တိုဘာလ ၅ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ကြောင်းကြေငြာခဲ့ပါသည်။ ယင်းသို့ပြုလုပ်ရခြင်းမှာ အောက်တိုဘာလ ၆ ရက်နေ့တွင် အမေဇုံဒေသ၌ သာသနာတော်၏ ဆရာတော်ကြီးများညီလာခံတွင် ပါဝင်နိုင်ရန် ရည်ရွယ်ပြီး ညီလာခံမတိုင်မှီ မတိုင်မှီ သိက္ခာ တင်ပေးခြင်းဖြစ်ကြောင်းကိုလည်းဖော်ပြထားပါသည်။
By Kyi Maung
Credit to Vatican News
By Kyi Maung
Credit to Vatican News

https://bit.ly/2UlgpAV
https://bit.ly/2keZVwK

Add new comment

8 + 3 =