ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဂျပန် ဧကရာဇ် ထံဂုဏ်ပြုလွှာ ပေးပို့

ဂျပန်နိုင်ငံ အင်ပါယာ ဧကရာဇ် အသစ် နာယူဟီတို (Naruhito)

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဂျပန် ဧကရာဇ် ထံဂုဏ်ပြုလွှာ ပေးပို့
မေလ ၂၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ က ဂျပန် ဧကရာဇ် အဖြစ် သရဖူ ဆောင်းခဲ့သော နာယူဟီတို (Naruhito) ထံသို့ ဂုဏ်ပြုသဝဏ်လွှာ သံကြိုးစာ ပေးပို့ခဲ့ပါသည်။

ဂျပန်နိုင်ငံ ဧကရာဇ် သမိုင်း ရာဇဝင် နှစ်ပေါင်း နှစ်ရာ အတွင်း ပထမ ဦးဆုံး မိမိအလို ဆန္ဒအလျောက် ထီးနန်း ကို ဧကရာဇ် အာကီဟီတို (Akihito) နှင့် ဧကရာဇ် ဘုရင်မ မီချီကို (Michiko) တို့မှ အင်္ဂါနေ့က စွန်လွတ်ခဲ့ပြီး နောက်တနေ့ ဗုဒ္ဓဟူးနေ့ က ဂျပန် ဧကရာဇ် အဖြစ် နာယူဟီတို (Naruhito) မှ ဧကရာဇ် သရဖူကို ရယူခဲ့ပါသည်။

ဂျပန် နိုင်ငံကို ဧကရာဇ် ဘုရင်အဖြစ် နှစ်ပေါင်း သုံးဆယ်ကျော် အုပ်ချူပ်ခဲ့သော ဧကရာဇ် အာကီဟီတို (Akihito) နှင့် ဧကရာဇ် ဘုရင်မ မီချီကို (Michiko) တို့မှ မိမိအလို ဆန္ဒအလျောက် ထီးနန်း စွန့်လွှတ်ခြင်းကို အင်္ဂါနေ့က အကျဉ်းချုံးရိုးရှင်းစွာ ပြုလုပ်ခဲ့ပြီး နန်းလျာ လွဲအပ်ပေးသော ဧကရာဇ် ဘုရင် အာကီဟီတို (Akihito) မှ ဂျပန်လူမျိုးများကို ကျေးဇူးတင်ကြောင်း နှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြောင်း ပြောကြားခဲ့ပါသည်။

သက်တော် ၅၉ နှစ် ဂျပန်နိုင်ငံ အင်ပါယာ ဧကရာဇ် အသစ် နာယူဟီတို (Naruhito)၊ ဧကရာဇ် မိသာစု နှင့် ဂျပန်နိုင်ငံသူ နိုင်ငံသားများ ထံသို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဂုဏ်ပြုသဝဏ်လွှာ နှင့် ဆုတောင်းမေတ္တာ များ ပေးပို့လိုက်ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ပေးပို သော ဂုဏ်ပြု သဝဏ်လွှာ ကို အောက်တွင် ဖော်ပြထားပါသည်။

ဂျပန် နိုင်ငံ၏ ဧကရာဇ် အရှင်ဘုရင်မင်းမြတ် နာယူဟီတို (Naruhito)

အရှင်မင်းမြတ်၏ ဂုဏ်သိက္ခာ ထုံးတမ်း အစဉ်အလာဖြစ်သော ထီးနန်း ဆက်ခံခြင်းအခန်းအနားအတွက် လှိုက်လှဲပျူ ငှာစွာ နုပ်ဆက်ဂုဏ်ပြု ခြင်းနှင့်အတူ နိုင်ငံအပေါ် ဆက်ကပ်ပေးဆပ်သော လုပ်ရပ်အတွက် ခွန်းအား နှင့် ဥာဏ်ပညာကျေးဇူးတော်များ ရရှိစေဖို့ ဆုတောင်းမေတ္တာ ပိုသပေးပါသည်။
အရှင်မင်းမြတ် နှင့် တော်ဝင်မိသားစုဝင်များ ဂျပန်နိုင်ငံသူ နိုင်ငံသား အားလုံးအပေါ် သို့ ဘုရားရှင်၏ ငြိမ်သက်ခြင်း နှင့် ကောင်းမြတ်ခြင်းကျေးဇူးတော်များ ရရှိခံစားကြရပါစေကြောင်း ကျွနုပ်ဆုတောင်းပေးလိုက်ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်

https://www.vaticannews.va/en/pope/news/2019-05/pope-francis-japan-emperor-naruhito-telegram-wishes.html

#pope #wishes, #japanemperor, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 5 =