ပီရူးနဲ့ကိုလံဘီယာဘုရားဖူးများ ပုပ်ဖရန်စစ်အားဖူးတွေ့ရန်အတွက် ခရီးစဉ်အားပြောင်းလဲ

ပီရူးနဲ့ကိုလံဘီယာဘုရားဖူးများ ပုပ်ဖရန်စစ်အားဖူးတွေ့ရန်အတွက် ခရီးစဉ်အားပြောင်းလဲ

ပီရူးနဲ့ကိုလံဘီယာဘုရားဖူးများ ပုပ်ဖရန်စစ်အားဖူးတွေ့ရန်အတွက် ခရီးစဉ်အားပြောင်းလဲ

ပီရူးနှင့် ကိုလံဘီယာတို့မှ ဘုရားဖူးများဟာပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား တွေ့ဆုံရန်အတွက်၎င်းတို့၏ ခရီးသွားအစီအစဉ်ကို ပြောင်းလဲခဲ့ကြပါတယ်။

ဒီဘုရားဖူးအဖွဲ့ဟာ လာတင်အမေရိကားမှ ဥရောပသို့ ခရီးထွက်ခဲ့ ကြသူများဖြစ်ကြောင်း

ရောမမြို့ဟာ သူတို့ ဦးတည်ပြီးသွားမည့် ထိပ်တန်းနေရာများထဲမှ တစ်ခုဖြစ်သော်လည်း ပုပ်ရဟန်းမင်းကြီး၏ လူထုပရိတ်သတ်နဲ့ တွေ့ဆုံပွဲကို တက်ရာက်ဘို့ကတော့ မူလခရီးစဥ် အစီအစဥ်မှာမပါကြောင်း

CARLOS TRIBIN

"ကျွန်တော်တို့အတွက်၊ ဥရောပခရီးစဥ်တလျောက်မှာ အရေးကြီးဆုံး အခိုက်အတန့်တွေထဲက တစ်ခုကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ လူထုပရိတ်သတ်နဲ့ တွေ့ဆုံပွဲမှာ တက်ရောက်ဖို့ပါပဲ။ ပုပ်ရဟန်းမင်းကြီးနဲ့ လူထုပရိတ်သတ်တွေ့ဆုံပွဲဟာအရမ်းအရေးကြီးတဲ့အတွက် ကျွန်တော်တို့ အဖွဲ့အားလုံးကို တက်ရောက်ဖို့ တိုက်တွန်းခဲ့ပါတယ်" လို့ ဘုရားဖူးအဖွဲ့ထဲက Carols Tribin က ပြောပါတယ်။

ရောဘတ်တို YEPES

"ပုပ်ရဟန်းမင်းကြီးနဲ့ လူထုပရိတ်သတ်တွေ့ဆုံပွဲဟာ အရမ်းဝမ်းသာ ကြည်နူးဖို့ကောင်းတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ ပေအနည်းငယ်အကွာတွင်နေရပြီး​ကျွန်ုပ်တို့အား မျှော်လင့် ခြင်း ပြည့်ဝသည့် ဝိညာဉ်ရေးအတွေ့အကြုံကောင်းတစ်ခုရရှိ စေတယ်" လို့လည်း ဘုရားဖူးအဖွဲ့ ထဲမှ ရောဘတ်တိုက ပြောခဲ့သည်။

ပုပ်ရဟန်းမင်းကြီးရဲ့ လူထုပရိတ်သတ်နဲ့ တွေ့ဆုံပွဲမှ ကောက်နုတ်ချက်ဟာ သူတို့အတွက်ကတော့ လာတင်အမေရိကားသားထံပေးတဲ့ သတင်းစကားတွေ ဖြစ်တယ်။

CARLOS TRIBIN

"ကျွန်ုပ်တို့၏ လာတင်အမေရိကားဟာ လူမျိုးတစ်မျိုးမှ အခြားနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သည့် ဖြစ်ရပ်များစွာကို မြင်တွေ့နေရသည်။ ဒါကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေကို ကြိုဆိုတဲ့အနေနဲ့ စည်းလုံးမှု၊ ချစ်ခင်မှုနဲ့ ရက်ရောမှုတို့ရဲ့ သတင်းစကားပါဆိုပြီး ဘုရားဖူးအဖွဲ့ထဲက Carlos က ထပ်မံပြောဆိုပါသည်။

လူတိုင်းအတွက် အကြံပြုလိုသည်မှာ ပုပ်ရဟန်းမင်းကြီးနဲ့ လူထုပရိတ်သတ်တွေ့ဆုံပွဲဟာ ကြည်နူးစရာကောင်းသော အတွေ့အကြုံတစ်ခုဖြစ်သည်ဟု ဘုရားဖူးအဖွဲ့များက ဆိုသည်။ ပြီးတော့ ဗာတီကန်ကို သူတို့ လည်ပတ်ခြင်းသည် နောက်ဆုံး လည်ပတ်ခြင်း မဖြစ်ပါစေနဲ့ လို့ သူတို့ မျှော်လင့်ဆုတောင်းတယ်လို့လည်းပြောကြားခဲ့ကြပါတယ်။

RVA Myanmar

https://bit.ly/32HK93y
 

Add new comment

2 + 3 =