ပီရူးကက်သလစ်ဆရာတော်ကြီးများအစာရေစာလိုအပ်သူများအားကူညီပေး

ပီရူးကက်သလစ်ဆရာတော်ကြီးများအစာရေစာလိုအပ်သူများအားကူညီပေး

ပီရူးကက်သလစ်ဆရာတော်ကြီးများအစာရေစာလိုအပ်သူများအားကူညီပေး

ပီရူးဆရာတော်ကြီးများသည်ကိုဗစ် (၁၉) ရောဂါကြောင့်စားရေးရိက္ခာအမှန်တကယ်လိုအပ်သူများအားဦးတည်၍စားစရာများကိုဝေဌ ပေးလျှက်ရှိသည်။ လာတင်းအမေရိကားကက်သလစ်ဆရာ တော်ကြီးများ၏အဖွဲ့ချုပ်ဖြစ်သောဂိုဏ်းချုပ်ဆရာတော် Miguel Cabrejos နှင့် Norberto Strottman တို့က ကပ်ရောဂါဘေးဆိုးကြီးအလွန်၌စီးပွားပြန်လည်ကောင်းမွန်လာကောင်း ကောင်းမွန်လာမည်။ သို့ သော်လက်ရှိလူ တို့၏လိုအပ်ချက်ကိုမူမျက်စိစုံမှိတ်ထား၍မရဟုပြောကြားခဲ့သည်။

ကိုဗစ် (၁၉) ရောဂါအလွန် ကိုဗစ် (၁၉) ရောဂါကပ်ဆိုးကြီးကြောင့်လူအသေအပျောက်လည်းများခဲ့သည်။ အလုပ်များလည်း ရပ်နားထားခဲ့ရပြီး၊ အခြေအနေမဲ့များ လည်းတိုးလာနေသည်။ ထို့ကြောင့်ကပ်ဆိုးကြီးအလွန်တွင်ဆိုး ရွားသောအခြေအနေအကြပ်အတည်းမကြုံရန် အတွက်ရည်ရွယ် ၍လုပ်ဆောင် နေရသည်။

သာသနာအ နေဖြင့်ပီရူးနိုင်ငံ ၏စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့်ချိပ် ဆက်၍ကျွန်ုပ်တို့ ခေတ်အခါ၏ကြီးမားသောလူမူရေးလိုအပ်ချက်များကိုကိုင်တွယ်ဖြေရှင်းရန်လုပ်ဆောင်နေကြကြောင်း၊ ဤသို့ပြင်ဆင်လျှက်ရှိသော်လည်း လက်ရှိ ကပ်ရောဂါဆိုးကြီး၏ဂယှက်သည်အလွန် ပြင်းမည်ဖြစ်သောကြောင့်အနာဂတ်ကိုလည်းရိုက်ခတ်မည်ကိုမူစိုးရိမ်ကြောင်း၊ တစ်စိတ် တစ်၀မ်းတည်းထား၍ လုပ်ဆောင်ချက်များတွင်စီးပွားရေးနှင့်ကျန်းမာရေးကိုချိပ်ခွင်လျှာမျှအောင်ထိန်း ညှိလုပ်ဆောင်ရန်မေတာရပ်ခံထားရ ကြောင်း၊ အဘယ် ကြောင့်ဆိုသော်ကပ်ရောဂါဆိုးရပ်တန့်သွား၍ စီးပွားရေးစတင်လိုက်သော်လည်း လူထု၏ လိုအပ် ချက်များကိုချက်ချင်းထုတ် လုပ်ပေးနိုင်မည်မဟုတ် ပေ။ ထို့ကြောင့်အလုပ်သမားအခွင့်အရေးကိုပြန်လည်စဉ်းစားသုံးသပ်ပေး၍အချိန်ကာလတစ်ခုအထိ ခံစားစေရန်လည်း လိုအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ရောဂါကပ်ဆိုးမှကျော်လွန်ရန်လိုပါသေးသည်။

ပီရူးသည်ကိုဗစ် (၁၉) ရောဂါဆိုးကြီး၏တိုက်ခိုက်မူကိုအလူးအလဲခံထားရသည်။ ရောဂါပိုးသည် လူပေါင်း (၆၈၀၀၀) ဦးကိုစွဲကပ်ခဲ့ပြီး၊ လူပေါင်း (၂၀၀၀) ၏အသက်ကိုချွေယူထားပြီးဖြစ်သည်။ ဘာရာ ဇီးသည်လာတင်းအမေရိကား၌အဆိုးရွားဆုံးခံစားရသော နိုင်ငံတစ်နိုင်ငံဖြစ် သည်။ အဘယ်ကြောင့်ဆို သော်လူပေါင်း (၁၇၀၀၀၀) ဦးကူးစက်ခံရပြီး၊ (၁၁၀၀၀) သေဆုံးပြီးဖြစ်သည်။ ဤသေဆုံးသူစာရင်း သည်စာရင်းပိတ် လိုက်နိုင်ပြီမဟုတ်ပေ။ မည်သည့်နေ့၊ အချိန်တွင်ထပ်တိုးမည်ကိုပြော၍မရ။ အဘယ် ကြောင့်ဆိုသော်ဤကပ်ရောဂါကြီးသည်ပြီးဆုံးသွား ပြီဟုယ တိပြတ်ပြောဆိုရန်ခက်ခဲ့သောအခြေအနေ ဖြစ်သောကြောင့်ဖြစ်ပါသည်ဟုပြောကြားခဲ့ပါသည်။

ဘာသာပြန်ဖာသာရ်ကလဲမင့်အားတယ်

Photo credit: AFP or Licensors

https://bit.ly/2T33SCF

 

Add new comment

6 + 10 =