ပိုလန်သမ္မတကြီးသည် ပုပ်ရဟန်းမင်းကြီးအား လာရောက်တွေ့ဆုံ

ပိုလန်သမ္မတကြီးသည် ပုပ်ရဟန်းမင်းကြီးအား လာရောက်တွေ့ဆုံ

ပိုလန်သမ္မတကြီးသည် ပုပ်ရဟန်းမင်းကြီးအား လာရောက်တွေ့ဆုံ

ပိုလန်သမ္မတနိုင်ငံ၏သမ္မတ Mr. Andrzej Tudaသည် ဗာတီကန်သို့လာရောက်ပြီး ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား လွန်ခဲ့သော သောကြာနေ့က လာရောက်တွေ့ဆုံခဲ့သည်။

ပုပ်ရဟန်းမင်းကြီးနှင့်တွေ့ဆုံအပြီးတွင် ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီယဲ့ထရို ပါရိုလင်းနှင့် နိုင်ငံခြားဆက်ဆံရေးအတွင်းရေးမှူး Archbishop Paul Richard Gallaghm တို့နှင့်လည်း ဆက်လက်ဆွေးနွေးခဲ့သည်။

ဗာတီကန်သတင်းဌာန၏ထုတ်ပြန်ချက်အရ အရှင်သူမြတ်နှင့်သမ္မတတို့သည် ပုပ်ရဟန်းမင်းကြီး စိန့်ဒုတိယမြောက်ဂျွန်ပေါလ်၏ မွေးနေ့ နှစ်တစ်ရာပြည့်အကြောင်းနှင့် လွတ်လပ်သောကုန်သွယ်မှုအသင်းကြီး "Solidarnosc" ဖွဲ့စည်းခြင်း နှစ်ပေါင်း၄၀ပြည့်မြောက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အသင်းတော်၏မျှော်လင့်ချက်ဖြစ်သည့် "မိသားစုအရေးနှင့်လူငယ်များ၏ပညာရေး"တို့အပြင် လတ်တလော ကိုဗစ်ကပ်ရောဂါနှင့် လုံခြုံရေးကိစ္စများကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဘာသာပြန် - Agnes Lawh Lun

https://bit.ly/3j9mgoF

Add new comment

1 + 1 =