ပိုလန်နိုင်ငံ၌ ကာဒီနယ်တစ်ပါးနှင့်မာသာရ်ကြီးတစ်ပါးအား သူတော်မြတ်တင်မြောက်
ပိုလန်နိုင်ငံ၌ ကာဒီနယ်တစ်ပါးနှင့်မာသာရ်ကြီးတစ်ပါးအား သူတော်မြတ်တင်မြောက်
ယခင်က ရဟန္တာတင်မြောက်ခြင်း၊ သူတော်မြတ်တင်မြောက်ခြင်းအခမ်းအနားကို ရဟန်း မင်းကြီးတစ်ပါးတည်းသာတင် မြောက်နိုင်သည်ဟု စာရေးသူကိုယ်တိုင်ယုံကြည်ခဲ့သည်။ သို့သော် (၂၀၁၁) ခု၌ စာရေးသူ၏ကျောင်းထိုင်းဘုန်းတော်ကြီးဖြစ်ခဲ့သော ပီးမေဘုန်းတော်ကြီးအသင်း၀င် ယခုသူတော်မြတ်တစ်ပါးဖြစ်နေသော Blessed Clemente Vismara အား ရဟန်းမင်းကြီးကတင် မြောက်ခြင်းမဟုတ်ဘဲ မီလန်သာသနာပိုင်ကာဒီနယ်ကြီးကတင်မြောက်ပေးခဲ့သည်ကိုပထမဦးစွာ ကြုံတွေ့ခဲ့ရသည်။ အံ့အားသင့်ခဲ့ သော်လည်း ကာဒီနယ်လည်း ရဟန်းမင်းကြီး၏ခွင့်ပြုချက်ရလျှင် သူတော်မြတ်တင်မြောက်ခြင်းအခမ်း အနားကိုဦးဆောင်နိုင်သည် ကို မှတ်သားခဲ့ရပါသည်။
ပြီးခဲ့သောတနင်္ဂနွေနေ့က ဗာတီကန်၌အမှုထမ်းနေသောကာဒီနယ်တစ်ပါးက (၂၀) ရာစု ပိုလန်နိုင်ငံ၏ အထင်ကရရှိလှ သော သူတော်မြတ်နှစ်ပါးကို ပိုလန်မြေ၌တင်မြောက်ခဲ့သည်။ ရဟန္တာတင်မြောက်ခြင်းကိစ္စနှင့်ဆိုင်သောရုံးတော်တာ၀န်ခံ ကာဒီနယ် Marcello Semeraro သည် မြှော်မြင်ခြင်းမယ်တော် ဘုရားကျောင်း၌ ပိုလန်လူမျိုးကာဒီနယ် Stefan Wyszyński နှင့်မာသာရ် Elżbieta Róża Czacka တို့ကို ပိုလန်နိုင်ငံ၏မြို့တော် ‘၀ါဆော’ တွင်သူတော်မြတ်တင်မြောက်ခဲ့သည်။ ကာဒီနယ်က သူတော်မြတ် Wyszyński အားချီးမွှမ်းခဲ့သည်။
သူသည်ပိုလန်၏ဂိုဏ်းချုပ်ဆရာတော်ဖြစ်ခဲ့သည်။ ကွန်မြူနစ်စနစ်ကြားမှသာသနာကိုရွန်ရွန်ချွန် ချွန်ဦးဆောင်ခဲ့သည်။ သူတော်မြတ်မာသာရ် Czacka မှာမျက်စိအလင်းကွယ်နေခဲ့သူဖြစ်သော်လည်း သူကဲ့သို့မျက်စိအလင်းမရ သူများအား စံထားလောက်အောင်အလုပ်အကျွေးပြုပေးနိုင်ခဲ့သည်။
ယနေ့သူတော်မြတ်တို့သည် ဤလူမျိုးများထံမှ မှန်းဆ၍ပင်မရနိုင်လောက်သော ယုံကြည်ခြင်း မျိုးစေ့ကောင်းနှင့်ရာစုနှင့် ချီ၍ကြာမြင့်သော ဘုရားသခင်ကိုချစ်မြတ်နိုးသည့်အစဉ်မလာကောင်းများ ရရှိခဲ့ကြသည်။ သူတော်မြတ်ကလည်း လူတို့အားမည် သည့်အရာကိုပြန်လည်ပေးခဲ့သနည်း။ ဘုရား သခင်ကိုအရာရာထက်ချစ်မြတ်နိုးဦးစားပေးတတ်သော ဘ၀အသက်တာရှည်ကြီးကို ပေးခဲ့ပါသည်။ ဤချစ်ခြင်းသည် လူကိုသူ၏မူလဂုဏ်သိက္ခာ (ဖန်ဆင်းခြင်းနေ့၏အခြေအနေမျိုး (သို့) အပြစ်မကျ ရောက်မည်အ ခြေအနေမျိုး) သို့ပြန်လည်ရောက်ရှိသွားစေသည်။
၄င်းတို့၏လုပ်ဆောင်ချက်များကိုအဘယ်သူမျှအရေးတယူမပြုစေကာမူ လုပ်စ ရာရှိသည်များ ကိုလုပ်သွားခဲ့ရာ နောက်ဆုံး၌ မပူမအေးဖြစ်နေခဲ့သောအခြေအနေသည် အရေးနိမ့်သွားခဲ့သည်။
ကိုဗစ် (၁၉) ရောဂါကူးစက်မှုကိုထိန်းချုပ်ရေးဥပဒေကြောင့် သူတော်မြတ်တင်မြောက်သော ၀တ်ပြုခြင်းအခမ်းအနားသို့ တက်ရောက်ပါ၀င်ခွင့်ဦးရေကိုကန့်သတ်ထားသည်။ ထို့ကြောင့် လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ခြင်းမှစောင့်စားပါ၀င်ပူဇော်ခဲ့ကြသည်။ ရဟန်းမင်းကြီးလည်း ဟန်ဂေရီရောက် နေစဉ် မွန်းတည့်အချိန်အန်ဂျေလူးမေတ္တာဆိုသည့်အတောအတွင်း၌ ဟန်ဂေရီနှင့်မဝေးလှသော ပိုလန် နိုင်ငံ၊ ၀ါဆောမြို့၌ပိုလန်နိုင်ငံသား သူတော်မြတ်နှစ်ပါးကိုတင်မြောက်နေကြောင်း၊ ၄င်းတို့နှစ်ပါး သည် ဧ၀ံဂေလိတ ရားကိုအသွင်မတူသောနည်းလမ်းများဖြင့်ကြေညာဟောပြောခဲ့ကြောင်း၊ နှစ်ပါးလုံးသည် ကားတိုင်တော်နှင့်ဦးစွာမိတ်ဆက်ခဲ့ရ ကြောင်း၊ ကာဒီနယ် Wyszyński သည်ဖမ်းဆီးခံခဲ့ရပြီး၊ အကျဉ်း ချခံခဲ့ရသည်။ သို့သော်သူသည် ယေဇူးသခင်ကဲ့သို့သော စိတ်ထား ရှိသောသိုးထိန်းဖြစ်သည်။ လွှတ်လပ် မှုနှင့်ဂုဏ်သိက္ခာကိုရပ်တည်ကာကွယ်ခဲ့သည်။ Elżbieta ကား ငယ်ငယ်ရွယ်ရွယ်နှင့်ပင် စက္ခုအာရုံကွယ် သွားခဲ့ရသည်။ စက္ခုအာရုံမဲ့နေသော်လည်း သူ၏ဘ၀တစ်လျှောက်လုံးကို မျက်မမြင်သူများအားပြုစု စောင့်ရှောက် ရှင်သန်ခဲ့သည်။
တန်ခိုးကိုခံစားခဲ့ရသူ
သူမြတ်အဖြစ်တင်မြောက်နိုင်ရန် တန်ခိုးတစ်ခု (သဘာ၀ထက်ထူးခြားသောဖြစ်စဉ်) လိုအပ် သည်။ ယနေ့တင်မြောက်သော သူတော်မြတ်နှစ်ပါးတို့၏ကူညီဆုတောင်းပေးမှုဖြင့် ထိုကျေးဇူးတော် ခံစားရသူများလည်း ဤ၀တ်ပြုခြင်းအခမ်းအနား၌ပါ၀င်နေကြ သည်။ ပထမတစ်ဦးမှာ အသက် (၁၈) သာရှိသေးသော Karolina Gawrych ဖြစ်သည်။ သူသည် ယာဉ်မတော်တဆဖြစ်ပြီး မျှော်လင့် ချက် လုံး၀မရှိတော့သည့်အခြေအနေမှ သူတော်မြတ် Czacka ၏ကူညီဆုတောင်းမှုဖြင့် ပြန်လည်ရှင်သန် ကျန်းမာလာခဲ့သည်။ ကာဒီ နယ် Wyszyński ၏ဓာတ်တော်ကိုမူ စစ္စတာရ် Nulla ဖြစ်သည်။ သူသည် လည်ပင်းကင်ဆာဖြစ်ပြီး၊ နှစ်လက္မခန့်အပေါက်ကြီးဖြစ် သွားခဲ့ရာမှ ဘ၀တူသီလရှင်များက ကာဒီနယ် ၏ကူညီဆုတောင်းခြင်းကိုတောင်းခံခဲ့ရမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူတော်မြတ် Czacka ၏ ပွဲနေ့ကိုမူ မေလ (၁၉) ရက်နေ့၌ကျင်းပရန်ကြေညာခဲ့ပြီး၊ ကာဒီနယ် Wyszyński ၏ပွဲနေ့ကိုမူ မေလ (၂၈) ရက်နေ့ဖြစ်သည်။
ယခုသူတော်မြတ်တင်မြောက်ခြင်း
မစ္ဆား၀တ်ပြုခြင်း၌ ပိုလန်နိုင်ငံမှ ဆရာတော် (၈၀) ပါး၊ အခြားနိုင်ငံမှ ဆရာ တော် (၄၅) ပါး၊ ရဟန်းတော် (၆၀၀) ပါ၀င်ပူဇော်ခဲ့ကြသည်။ ထို့အတူပိုလန်နိုင်ငံ၏သမ္မတ Andrzej Duda ၊ ၀န်ကြီး ချုပ် Mateusz Morawiecki နှင့်အစိုးရအဖွဲ့၀င်များလည်းတက်ရောက်ခဲ့သည်။ ဤ၀တ်ပြုခြင်း၌ ပါ၀င်ခဲ့သော ကာဒီနယ်များ မှာ ရဟန်းမင်းကြီးဖရန် စစ်၏ကရုဏာရေးလုပ်ငန်းကိုစီမံကွပ်ကဲရသော ရုံးတော် တာ၀န်ခံကာဒီနယ် Konrad Krajewski ၊ ချက်နိုင်ငံမှကာဒီနယ် Dominik Duka ၊ ပိုလန်၊ ၀ါဆောဆရာတော် Kazimierz Nycz ၊စိန့်ဂျွန်ပေါလ် (၂) ၏ကိုယ်ရေးအတွင်းရေးမှူးဖြစ်ခဲ့သော ကာဒီနယ် Stanislaw Dziwisz တို့ပါ၀င်ခဲ့ကြသည်။ ဘာသာတူ (၇၀၀၀) ခန့်တက်ရောက်ခဲ့ကြ သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment