ပိုလန်နိုင်ငံလည်းကျန်းမာရေးထောက်ပံ့ပစွည်းများကိုဗာတီကန်သို့ပေးလှူ

ပိုလန်နိုင်ငံလည်းကျန်းမာရေးထောက်ပံ့ပစွည်းများကိုဗာတီကန်သို့ပေးလှူ

ပိုလန်နိုင်ငံလည်းကျန်းမာရေးထောက်ပံ့ပစွည်းများကိုဗာတီကန်သို့ပေးလှူ

ပိုလန်နိုင်ငံသားများပေးပို့သောကျန်းမာရေးထောက်ပံ့ပစွည်းများကိုယမန်နေ့ (သောကြာ) ကလက်ခံရရှိ၍စာနာစိတ်ဖြင့်ကူညီပံ့ပိုး မူအတွက်ဗာတီကန်အနေဖြင့်ကျေးဇူးတင်ပါကြောင်းပြောကြားခဲ့သည်။

အီတလီနိုင်ငံအနေဖြင့်ကိုဗစ် (၁၉) ရောဂါဆိုးကိုအလူးအလဲတိုက်ခိုက် နေရချိန်ဤပစွည်းများရောက်လာခြင်းဖြစ်သည်။ လွန်ခဲ့သောနေ့များကပုပ်ရဟန်းမင်းကြီးနှင့်ပိုလန်သမ္မတတို့သည်ဤအလျှူပစ္စည်းနှင့်ပတ်သက်၍ ဖုန်းဖြင့်စကားပြောဆိုခဲ့ကြသည်။ ဤသို့လျှူဒါန်းနိုင်ရန်အတွက်ပိုလန်နိုင်ငံ၏ဗာတီ ကန်သံအမတ်၊ ရဟန်းမင်းကြီးကိုယ်စားလှယ် နှင့်ပိုလန်ကာ ဒီနယ်တို့သည်အဓိကစီစဉ်ခဲ့ကြသည်။

ပို လန်ကာဒီနယ်သည်ကိုဗစ် (၁၉) နှင့်ပတ်သက်၍ရဟန်းမင်းကြီးဖရန်စစ်၏ချို့တဲ့နွမ်းပါးသူများအားအ လေးထားဆောင်ရွက်ချက်များကိုကူညီနိုင်ရန်ကြိုးစားနေသူဖြစ်သည်။ အေးအတူပူအမျှစိတ်ထားသည် အားလုံး၏ထူးခြားချက်၊ ပိုလန်လူမျိုးတို့ ၏ထူးခြားချက်ဖြစ်သည်။ ယခုပေးပို့သောအကူပစွည်းများ သည်ချို့တွဲ့နွမ်းပါးသူများ၊ အီတလီနိုင်ငံသား၊ ဗာတီကန်အမှူထမ်းများအတွက် ရည် ရွယ်ပါသည်။ ပိုလန် နိုင်ငံသည်လည်းကိုဗစ် (၁၉) ရောဂါကိုခံစားခဲ့ရသော်လည်းအီတလီနိုင်ငံ၊ စပိန်နှင့်ဂျာမဏီနိုင်ငံတို့ လောက်မဆိုးရွားခဲ့ပေ။ အ မှန်ဆိုသော်ပိုလန်နိုင်ငံအတွက်လည်းပြန်လည်နံလံထူရန်ရုန်းကန်နေရသော အချိန်ကာလဖြစ်ပါကြောင်းပိုလန်နိုင်ငံဆိုင် ရာဗာတီကန်သံအမတ် ကရှင်းပြခဲ့ပါသည်။

ဘာသာပြန်ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3chpgff

Add new comment

5 + 13 =