ပိုလန်နိုင်ငံမှကက်သလစ်ဆရာတော်များသည် အစိုးရအသစ်နှင့်တွေ့ဆုံစကားပြောရန်ကတိပြု

ပိုလန်နိုင်ငံမှကက်သလစ်ဆရာတော်များသည် အစိုးရအသစ်နှင့်တွေ့ဆုံစကားပြောရန်ကတိပြု

ပိုလန်နိုင်ငံမှကက်သလစ်ဆရာတော်များသည် ပိုလန်နိုင်ငံ၏အစိုးရသစ်ကိုဦးဆောင်နေသော Donald Tusk နှင့်တွေ့ဆုံစကားပြောမည်ဟုပြည်သူတို့အားကတိပေးခဲ့သည်။ ဤအစိုးရသစ်သည် လီဘရယ်နိုင်ငံရေးပါတီမှဖြစ်သည်။

အဆိုပါပါတီ၏ဦးဆောင်မှုသည် ဘာသာရေးစံတန်ဖိုးများကိုလျော့နည်းသွား စေလိမ့်မည်ဟု ပိုလန်ကက်သလစ်ဘာသာတူများကစိုးရိမ်နေကြသည်။ နိုင်ငံပိုင်ကျောင်းများ၌ ဘာသာရေး သင်ကြားခြင်းများကိုလည်းလျော့ရန် ဖိအားပေးလာလိမ့်မည်။ သာသနာအားပြည်နယ်မှထောက်ပံ့ပေးသော အစဥ်အလာကိုလည်းဖျက်သိမ်းမည်ဖြစ်၍ပဋိပက္ခာဖြစ်ပေါ်လာနိုင်သည်ဟုစိုးရိမ်နေကြသည်။

၀ါဆောသာသနာပိုင်ဖာသာရ် Henryk Zielinski က သာသနာ၏ရံပုံေငွကိုနိုင်ငံေရးပုဂ္ဂိုလ်များမှမဟုတ်ဘဲ လူ့အသိုင်းအ၀ိုင်းကသတ်မှတ်ဆုံးဖြတ်ပေးသင့်သည်။ များများလှူ၍နည်းနည်းသာယူခြင်းသည် နိုင်ငံရေးအပေါ်မှီခိုကင်းသောအခြေအနေသို့ရောက်ရှိစေနိုင်သည့် နည်းလမ်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဒီဇင်ဘာ (၁၃) ရက်နေ့က သမ္မတသစ် Tusk သည် Third Way နှင့်လက်၀ဲယိမ်း Lewica နိုင်ငံရေးပါတီတို့နှင့်ညွှန့်ပေါင်းဖွဲ့၍အာဏာကိုစတင်ထမ်းဆောင်ခဲ့သည်။ သူသည် ‘တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတခြင်း’ ပါတီမှဖြစ်သည်။ သူ၏အဖွင့်မိန့်ခွန်း၌ ဥရောပသမ္မဂ္ဂနှင့်သူ့မိခင်ပါတီဆက်ဆံရေးကိုတိုးမြှင့်လုပ် ဆောင်မည်။ ပြုပြင်ပြောင်းဘဲမှုများစွာကိုပြုလုပ်မည်။ ပြုပြင်ပြောင်းလဲမှု၌ ဘာသာရေးနှင့်နိုင်ငံရေးကိုလည်းသီးခြားဆီဖြစ်စေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ပထမဦးဆုံး အစိုးရသစ်၏လက်တွေ့ဖော်ဆောင်မှုတစ်ခုမှာ ဒီဇင်ဘာ (၁၆) ရက်နေ့က ဖန်ပြွန်သန္ဓေတားတည်ခြင်းကိုခွင့်ပြုရန်ရံပုံငွေသုံးစွဲခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ထပ်လောင်း၍ လွိင်တူချစ်သူများပေါင်းသင်းနေထိုင်ခြင်းကို ဥပဒေပြု၍တရား၀င်ခွင့်ရန်နှင့်ပြည် သူပိုင်ကျောင်းများ၌ဘာသာရေးသွန်သင်ခြင်းများကို တစ်ပတ်လျှင် ယခင်က (၂) ကြိမ်ခွင့်ပြုခဲ့ရာမှ ယခုအခါ (၁) ကြိမ်သို့ လျော့ချရန်တို့ဖြစ်သည်။

၀ါဆောမြို့မှပိုလန်အမျိုးသားအတွေးအခေါ်များဆိုင်ရာအမွေအနစ်များကိုထိန်းသိမ်းသောကျောင်း ၏ သမိုင်းပါမောက္ခဖြစ်သော Jan Zaryn က ကျောင်းများ၌ ဘာသာရေးအကြောင်းသင်ကြားသောအချိန် လျော့ချသတ်မှတ်ခြင်းအားဖြင့် အစိုးရအနေဖြင့်အတိုက်အခံပြုသည်ကိုကြုံရမည်ဖြစ်ကြောင်း၊ ပြည်သူနှင့်နိုင်ငံရေးစိတ်၀မ်းကွဲမှုများဖြစ်ပေါ်လာနိုင်သည်ကိုလည်းစိုးရိမ်းကြောင်း၊ ပိုလန်နိုင်ငံ၏ဘာသာရေးအမွေအနစ်များထိန်းသိမ်းစောင့်ရှောက်ခြင်းကိုမလိုလားသောအဖွဲ့အစည်းများသည် ပြည်သူပိုင်ကျောင်း၊ အဖွဲ့အစည်းများအားလုံးအပေါ်လွှမ်းမိုးချုပ်ကိုင်လာမည်ကိုလည်းစိုးရိမ်ကြောင်း၊ သာသာ၏ခေါင်းဆောင်များအ နေဖြင့် ယခုကဲ့သို့သောဘာသာရေးနှင့်နိုင်ငံရေးမှု၀ါဒ၏အားပြိုင်မှုအခြေအနေ၌ မည်သည့်ဘက်မှမရပ်တည်ဘဲ ဖြစ်သင့်သည့်ကြား၀င်စေ့စပ်မှုကိုပြုလုပ်ပေးသည့်အတွက်လည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

အလွန်အထင်ကရရှိသော ကက်သလစ်သမိုင်းပညာရှိတစ်ဦးက အစိုးရသစ်အနေဖြင့် ပြည်သူ့ယုံ ကြည်မှုကိုအလေးမထားဘဲ သာသနာ၏ပါ၀င်ဆောင်ရွက်မှုကိုစိန်ခေါ်မှုဖြစ်အောင် ဥပဒေကိုချိုးဖောက်၍ ၄င်းတို့အစိုးရဖော်ဆောင်လိုသည်များကိုသိမ်မွေ့ညှင်သာမှုကင်းမဲ့စွာလုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် ခရစ္စမတ်မတိုင်မှီက နိုင်ငံပိုင်သတင်းမီဒီယာကိုထိန်းချုပ်လိုက်ခြင်းလည်းပါကြောင်း၊ အစိုးရသစ်၏လုပ် ဆောင်နေမှုများသည် သာသနာကိုဆန့်ကျင်နေကြောင်း၊ ၄င်းတို့ဖော်ဆောင်လိုသည်များကိုအလျင်ဆလိုဖော်ဆောင်နေကြောင်းထောက်ပြထားသည်။

ဒီဇင်ဘာ (၂၀) ရက်က ရဲများက နိုင်ငံပိုင်ရုပ်သံရုံးချုပ်ကိုပိတ်လိုက်ပြီး၊ နိုင်ငံပိုင်အသံလွှင့်ဌာနကိုလည်းထိန်းချုပ်လိုက်သည်။ ထို့ကြောင့် သတင်းဌာနတစ်ခုက လမ်းပေါ်ထွက်၍ဆန္ဒထုတ်ဖော်ခဲ့သည်။ အစိုး ရသစ်၏ ယခုကဲ့သို့သောလုပ်ရပ်သည် ဒီမိုကရေစီစံနှုန်းနှင့်ကွဲလွဲနေကြောင်း သမ္မတ Duda ကကန့်ကွက်‌ ပြစ်တင်ခဲ့သည်။

ပိုလန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သူ ဆရာတော် Stanislaw Gadecki ကလည်း ယခုကဲ့သို့လုပ်ဆောင်နေမှုများနှင့်စပ်လျင်း၍စိုးရိမ်ကြောင်း၊ နိုင်ငံ၏အနာဂတ်ငြိမ်းချမ်းတည်ငြိမ်ရေးအတွက်စေ့စပ်ဆွေးနွေးရန်၊ ပါတီတစ်ခုတည်း (သို့) ညွှန့်ပေါင်းအစိုးရတစ်ဖွဲ့တည်းအား အာဏာကုန်လွဲအပ်သည့်လုပ်ရပ်မျိုးကိုကာကွယ်ကြရန်၊ ဤသို့ပြုခြင်းသည် အာဏာရှင်စနစ်ကိုအသက်သွင်းနေခြင်းဖြစ် ကြောင်း၊ တသီးပုဂ္ဂလိကအသင်းအဖွဲ့များ (သို့) အတိုက်အခံပြုနေသောအသင်းအဖွဲ့များကိုထိန်းသိမ်းရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ သာသနာ၏ရံပုံငွေသည် အလွန်အခရာကျသောအငြင်းပွားဖွယ်ရာအကြောင်းတစ်ရပ်ဖြစ်လာသည်။ ကွန်မြူနစ်စနစ်ကျင့်သုံးစဉ်ပြည်သူပိုင်အဖြစ်သိမ်းယူခဲ့သော သာသနာပိုင်မြေယာနှင့်အခြားပိုင်ဆိုင်မှုများအတွက်လျောကြေးပေးဆောင်ရန် (၁၉၅၀) ခုနှစ်ကသတ်မှတ်ပြဌာန်းခဲ့သည်။ ထိုလျောကြေးသည် ပိုလန်နိုင်ငံကက်သလစ်သာသနာတစ်ခုလုံး၏သံဃာတော်အားလုံးအတွက်လုံ လောက်စွာအသုံးပြုနိုင်သည်။ သမ္မတသစ်က ဥပဒေတစ်ခုအနေဖြင့်မဟုတ်ဘဲ ဘာသာတူများမှမိမိတို့သဒ္ဓါ စိတ်ယိုဖိတ်သည့်အတိုင်းသာ ထည့်၀င်လှူဒါန်းစေရန်တောင်းဆိုလာသည်။

Lublin သာသနာပိုင်ဆရာတော် Artur Mizinsky သာသနာအနေဖြင့် ငွေကြေးဆိုင်ရာနှင့်ပတ် သက်၍ (၁၉၉၈) ပြဌာန်းချက်နှင့်အညီ စေ့စပ်ဆွေးနွေးရန်လမ်းဖွင့်ထားကြောင်း၊ သို့မဟုတ် ဗာတီကန်နှင့်သဘောတူညီထားချက်ကိုလက်ခံကြောင်း၊ အစိုးရ၏သဘောတူညီချက်မှုများအပေါ်မှုတည်၍ ဆွေးနွေးရန်အသင့်ရှိကြောင်းဖြေကြားခဲ့သည်။

Opole တက္ကသိုလ်၏ပါမောက္ခဖြစ်သော ဖာသာရ် Dariusz Walencik က သာသနာ၏ရံပုံငွေမှမည်သည့်သံဃာမျှတိုက်ရိုက်အကူအညီရရှိခြင်းမရှိကြောင်းဖြင့်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါရံပုံငွေ သည် သံဃာတော်များ၏အခြေခံလိုအပ်ချက်များနှင့်သက်ကြီးစရိတ်ကိုထောက်ပံ့ပေးသည်မဟုတ်။ အမှန်မှာ သာသနာ၏လူမှုလုံခြုံရေးအသုံးစရိတ်နှင့်ဒုတိယကမ္ဘာစစ်က ကွန်မြူနစ်အစိုးရလက်ထက် ပြညသူပိုင်သိမ်းလိုက်သောပစ္စည်း၊ အဆောက်အဦးများအတွက်နစ်နာကြေးအဖြစ်ပေးခြင်းသာဖြစ်သည်။

ဂိုဏ်းချုပ်ဆရာတော် Adrian Galbas မှ EM ကက်သလစ်ရေဒီယိုအသံလွှင့်ဌာန၏မေးမြန်းချက်အားပြန်လည်ဖြေကြားရာတွင် သာသနာ့ရံပုံငွေသည် သမိုင်း၀င်သောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မျက်မှောက် ခေတ်၌သာသနာ၏တမန်တော်လုပ်ငန်းများ၌ပြန်လည်ထောက်ပံ့နေခြင်းဖြစ်ကြောင်းသူ၏နှစ်သစ်သတင်း စကား၌ပါးထားသည်။

ပိုလန်ဂိုဏ်းချုပ်ဆရာတော် Gniezno ကပိုလန်လူမျိုးတို့အား ဘုရားသခင်သည်၄င်းတို့အား အဘယ်နေရာသို့ဦးတည်ခေါ်ဆောင်သွားနေသည်ကိုဆင်ခြင်ရန်နှင့်အတူမျှ‌ေ၀ခံထမ်းရန်နှင့်တာ ၀န်ခံမှုရှိရန်၊ ကိုယ်ကျိုးနှင့်အမြတ်အစွန်းကိုသာမတွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/3agnw
 

Add new comment

1 + 8 =