ပိုလန်ကက်သလစ်သာသနာ၊ ဘဲလာရုစ့်နယ်စပ်၌ရှိသောဒုက္ခသည်များအတွက်အလှူငွေများကောက်ခံမည်။

ပိုလန်ကက်သလစ်သာသနာ၊ ဘဲလာရုစ့်နယ်စပ်၌ရှိသောဒုက္ခသည်များအတွက်အလှူငွေများကောက်ခံမည်။

ပိုလန်ကက်သလစ်သာသနာ၊ ဘဲလာရုစ့်နယ်စပ်၌ရှိသောဒုက္ခသည်များအတွက်အလှူငွေများကောက်ခံမည်။

ပိုလန်နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Stanisław Gądecki သည် လာမည့်နို၀င်ဘာလ (၂၁) ရက်နေ့၌ ပိုလန်နိုင်ငံတစ်၀ှမ်းရှိ ကက်သလစ်ဘုရားကျောင်းများ၌ ဘဲလားရုစ့်နိုင်ငံ၏နယ်စပ်၌သောင်တင်နေသော ဒုက္ခသည်များအားကူညီရန် အလှူငွေများကောက်ခံရန် မေတ္တာရပ်ခံသွားမည် ဖြစ် ကြောင်းနိုင်၀င်ဘာလ (၅) ရက်နေ့ကပြောကြခဲ့သည်။

ဒုက္ခသည်များသည် ပိုလန်နှင့်ဘဲလားရုစ့်နှစ်နိုင်ငံကြား (၂၅၀) မိုင်အကွာတွင်ရှိနေကြသည်။ ဤကောက်ခံရရှိသောအလှူငွေများကို ပိုလန်ကာရီတာစ့်အားပေးအပ်ပြီး၊ အဆိုပါဒုက္ခသည် များ၏လိုအပ်ချက်များနှင့်ပိုလန်နိုင်ငံ၌ ခေတ္တနေထိုင်ကြမည့်ဒုက္ခသည်များအတွက်သုံးစွဲစေမည်ဖြစ်သည်။ ပိုလန်နိုင်ငံသည် ဥရောပတိုက်၏ဗဟိုဖြစ်ပြီး၊ နိုင်ငံ၏လူဦးရေမှာ (၃၈) သန်းရှိသည်။ နိုင်ငံနယ်နိမိတ်လုံခြုံရေးအတွက် စစ်တပ်များ စေလွှတ်ထားသည်။ အဆိုပါဒုက္ခသည်အများပိုင်းမှာ အရှေ့အလယ်ပိုင်းမှဖြစ်သည်။

ဘဲလာရုစ့်သည် ဤဒုက္ခသည်များ အား ယခုကဲ့သို့အခြေအနေမျိုးဖြစ်ရန် ဖန်တီးသည်ဟုဥရောပသမဂ္ဂနှင့်နေတိုးအဖွဲ့တို့ကစွပ်စွဲထားသည်။ သို့သော် ဘဲလားရုစ့်နိုင်ငံသမ္မတကငြင်းဆိုထားသည်။ နိုင်ငံလူဦးရေ (၉.၅) သန်းသာရှိသော ဘဲလာရုစ့်နိုင်ငံသည် ဥရောမသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့ခံထားရသည်ကို လက်တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့သောအကြပ်အတည်းကိုဖန်တီး ခြင်းဖြစ်သည် ဟု ပိုလန်နိုင်ငံ၏တာ၀န်ရှိသူများကဆိုပါသည်။

ဒုက္ခသည်စုစုပေါင်း (၄၀၀၀) အထိရှိနေကြောင်း၊ အမေရိကန်ပြည် ထောင်စုအနေဖြင့်လည်း လက်ရှိအခြေအနေကိုစိုးရိမ်နေကြောင်း၊ ပိုလန်နိုင်ငံ၏ ကရုဏာရေးလုပ်ငန်းလုပ်ဆောင်သည် အကြီးဆုံးအဖွဲ့ဖြစ်သော ကာရီတာ့စ်ပိုလန်အနေဖြင့် ဒုက္ခသည်များအတွက်စောင်များ၊ ရေများ၊ အာဟာရဖြစ်စေမည့် အစာခဲများ၊ လက်အိတ်များထည့်ထားသည့်အထုပ်များကို ဒုက္ခသည်များထံပေးပို့လျှက်ရှိသည်။ အလွန်အေးသော ကြောင့် ဒုက္ခသည်များသွေးခဲ၍ ကွယ်လွန်နေကြသည်များလည်းရှိနေသည်။ ပိုလန်နယ်စပ်သို့၀င်ရောက်သွားသောဒုက္ခ သည်များကို ဘဲလာရုစ့်အစိုးရကပြန်လည်၀င်ရောက်လာခွင့်မပြုတော့ပေ။ ပိုလန်အစိုးအရအနေဖြင့် ၀င်ရောက်လာသော ဒုက္ခသည်များအား လက်မခံ၍မရ။ လူသားချင်းစာနာစိတ်၊ ဘုရားသခင်၏မျက်နှာတော်ကို‌ထောက်၍လက်ခံထား ရ သည်။

ပိုလန်အနောက်ဖက်မှ Poznań ဂိုဏ်းချုပ်ဆရာတော်ကလည်း ဒုက္ခသည်များအားကူညီကြရန်တိုက်တွန်းထား သည်။ သာသနာတော်ကြီး၏အဓိကအမှုတော်မှာ ဧ၀ံဂေလိတရားကိုဟောကြားရန်၊ သူစိမ်းများအားစားစရာပေးရန်၊ မည်သည့်အခြေအနေကြောင့်မဆိုခွဲခြားမှုမပြုဘဲ ကောင်းသောဆာမာရီတန်ကဲ့သို့ အကူအညီလိုအပ်သူကိုကူညီပေးရန် ဖြစ်ကြောင်းကိုလည်း ဆရာတော်ကထောက်ပြသွားသည်။ အရှေ့ပိုလန်ဒေသ နယ်စပ်၏ငြိမ်းချမ်းရေးအတွက်ဆုတောင်း ပေးကြပါစို့။ ထို့အတူ ထိုဒေသတစ်၀ိုက်၌ နေထိုင်နေကြသော ဒုက္ခသည်များ၊ ထိုဒေသ၌နေထိုင်နေကြသူများ၊အမှုထမ်း များ၊ နယ်စပ်လုံခြုံရေးတာ၀န်ထမ်းဆောင်နေသူများ၊ နိုင်ငံရေးသမားများနှင့်ဘဲလာရုစ့်ပြည်သူများအတွက်ဆုတောင်း ပေးကြစို့ဟုဆရာတော်ကြီးက မြွက်ကြားခဲ့ပါသည်။
 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3c5cGRJ

Add new comment

1 + 14 =