ပါးပါးဖရန်စစ်ကို မျက်ရည်ကျစေလောက်အောင် ဝမ်းသာပီတိဖြစ်စေခဲ့သည့် ကလေးလေး ရဟန်းဖြစ်သင်ကျောင်းဝင်ပြီ

ပါးပါးဖရန်စစ်ကို မျက်ရည်ကျစေလောက်အောင် ဝမ်းသာပီတိဖြစ်စေခဲ့သည့် ကလေးလေး ရဟန်းဖြစ်သင်ကျောင်းဝင်ပြီ

ပါးပါးဖရန်စစ်ကို မျက်ရည်ကျစေလောက်အောင် ဝမ်းသာပီတိဖြစ်စေခဲ့သည့် ကလေးလေး ရဟန်းဖြစ်သင်ကျောင်းဝင်ပြီ

 

ဘရာဇီးနိုင်ငံ၊ Rio de Janeiro မှာကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ်ကမ္ဘာ့ လူငယ်များပွဲနေ့ရဲ့ အထင်ကရဖြစ်သွားခဲ့တဲ့ ပုံလေး တစ်ခု ကတော့ ဘရာဇီးမှ ၉ နှစ်သားကောင်လေးနဲ့ ပါးပါးဖရန်စစ်တို့ နွေးထွေးစွာပွေ့ဖက်နေတဲ့ပုံပဲဖြစ်ပါတယ်။

သူ့အနေနဲ့ ရဟန်းတစ်ပါးဖြစ်ချင်တဲ့ အကြောင်းကို ပုပ်ရဟန်းမင်းကြီးကို အရမ်းပြောပြချင်ခဲ့တာကြောင့် တားဆီးမှုတွေကို ကျော်ပြီး ၉ နှစ်သားကောင်းလေး က ပါးပါးဖရန်စစ်ဆီအရောက်သွားပွေ့ဖက်ခဲ့တဲ့ပုံလေးပါ။ 

Nathan de Brito လို့ခေါ်တဲ့ကောင်လေးရော ပါပါးဖရန်စစ်ရော ဝမ်းသာပီတိမျက်ရည်များနဲ့ ပွေ့ဖက်တဲ့အချိန်မှာပဲ “သားရဲ့ခေါ်တော်မူခြင်းလမ်းက အခုပဲစပြီနော်” လို့ ဆိုရင်း ၎င်းအနေနဲ့ ဆုတောင်းပေးနေမှာဖြစ်တဲ့အကြောင်းကို ပါပါးဖရန်စစ်က နာသန် ကို ပြောကြားခဲ့ပါတယ်။

၎င်းတို့တွေ့ဆုံအပြီး ၈ နှစ်အကြာယခုအခါမှာတော့ နာသန်ဟာ ဘရာဇီးမှာရှိတဲ့ ရဟန်းဖြစ်သင်ကျောင်းတစ်ကျောင်းကို ဝင်ရောက်နေပါပြီ။

လော်ရိန်း ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ကြီး ဖြစ်သူ Bishop Dom Joaquim Wladimir Lopes Dias က နာသန်နဲ့ ပုပ်ဖရန်စစ်တို့ တွေ့ဆုံမှုကို သိရှိထားတာနဲ့ အမျှ နာသန် အနေနဲ့ ယခုအခါ ရဟန်းဖြစ်သင်ကျောင်းသားလေး တစ်ဉီးဖြစ်နေပြီဆိုတဲ့အကြောင်းကို ၎င်းရဲ့ ဖေ့စ်ဘုခ် စာမျက်နှာမှာ နာသန်ရဲ့ ဓာတ်ပုံလေးနဲ့ အတူ ပိုစ့်ရေးတင် ဝေမျှလိုက်တာလည်းဖြစ်ပါတယ်။

နာသန် ရဲ့ လည်ပင်းက ဆွဲထားတဲ့ ခရစ္ဆတူးကားတိုင်တော်ဟာလည်း ပါးပါးဖရန်စစ်ရဲ့ ကားတိုင်တော်နဲ့ တူတဲ့ ကားတိုင်ကိုဆွဲထားတာကို ပုံထဲမှာတွေ့ရပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of SW News

https://bit.ly/32J4QMI

 

 

Add new comment

3 + 1 =