ပါပူဝါနယ် အပစ်အခတ်ရပ်စဲရန်အတွက် အင်ဒိုနီးရှားကက်သလစ် ဘုန်းတော်ကြီး အပါး ၃၀ တောင်းဆို

ပါပူဝါနယ် အပစ်အခတ်ရပ်စဲရန်အတွက် အင်ဒိုနီးရှားကက်သလစ် ဘုန်းတော်ကြီး အပါး ၃၀ တောင်းဆို

ပါပူဝါနယ် အပစ်အခတ်ရပ်စဲရန်အတွက် အင်ဒိုနီးရှားကက်သလစ် ဘုန်းတော်ကြီး အပါး ၃၀ တောင်းဆို

 

အင်ဒိုနီးရှားနိုင်ငံ၊ ပါပူဝါပြည်နယ်ရှိ Intan Jaya ခရိုင်တွင် အစိုးရတပ်နှင့် ကိုယ်ပိုင်လွတ်လပ်ရေးရရှိရေးအတွက် လှုပ်ရှားနေကြသော သူပုန်များအကြား တိုက်ခိုက်မှုများကြောင့် နှစ်နှစ်သား ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။ ထို့နောက် ဘုရားကျောင်းများတွင် လူထောင်ပေါင်းများစွာ ခိုလှုံနေရသည့် ပါပူဝါပြည်နယ် Intan Jaya ခရိုင်တွင် အောက်တိုဘာ ၃၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကက်သလစ် ခရစ်ယာန်ဘုန်းကြီးများလည်း တက်ရောက်ခဲ့ကြသည်။

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါပြည်နယ်ရှိ ဘုန်းတော်ကြီး ၃၀ ကျော်သည် လုံခြုံရေးတပ်ဖွဲ့များနှင့် ခွဲထွက်ရေးသူပုန်များကြား အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ထိုသို့ ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အောက်တိုဘာ ၂၈ ရက်မှစပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

အနောက် ပါပူဝါအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် "ဆူဂါပါ (Sugapa)" ရှိ စစ်စခန်းတစ်ခုရှိ Free Papua Movement သူပုန်များ၏ တိုက်ခိုက်မှုများကြောင့် ကလေးတစ်ဦးသေဆုံးပြီး အခြားတစ်ဦးမှာ ဒဏ်ရာရရှိ၍ ပြီးခဲ့သည့် သီတင်းပတ်မှစတင်၍ Intan Jaya ခရိုင်ရှိ ဘုရားကျောင်းဝင်းများတွင် လူပေါင်း ၆၀၀၀ နီးပါး ခိုလှုံနေကြရသည်။

အကြမ်းဖက်မှုကို ရှုတ်ချကြောင်းနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှား အုပ်ချုပ်မှုကို ဆန့်ကျင်သည့် အဆင့်နိမ့်သော သူပုန်ထမှုကို ခံခဲ့ရသည့် အင်ဒိုနီးရှား၏ အရှေ့ဖျားဒေသတွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုရန်အတွက် တီမီကာမြို့နယ်မှ ဘုန်းတော်ကြီး ၃၃ ပါးသည် အောက်တိုဘာ ၃၁ နေ့၌ ပူးတွဲကြေညာချက် ထုတ်ပြန်ရန် တောင်းဆိုခဲ့သည်။

“ဒုက္ခသည်တွေရဲ့ ဘဝဖူလုံရေးအတွက် ကျွန်တော်တို့ အရမ်းစိုးရိမ်တာကြောင့် အပစ်အခတ်ရပ်စဲရေး ကြေညာပေးဖို့ နှစ်ဖက်စလုံးကို တောင်းဆိုပါတယ်” ဟု ၎င်းတို့က တောင်းဆိုခဲ့သည်။

သူပုန်များသည် လူနေအိမ်များကို စတင်မီးရှို့သဖြင့် ဒုက္ခသည်များအား ပစ်ခတ်မှုအကြား ဖမ်းမိခြင်းမှ ရှောင်ရှားရန် ဖိအားပေးခြင်းခံရသဖြင့် ထွက်ပြေးခဲ့ကြသည်ဟု ၎င်းတို့က ဆိုသည်။

ပါပူဝါရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ahmad Musthofa Kamal က အနည်းဆုံး လူပေါင်း ၅၈၅၀ သည် ဘုရားကျောင်းဝင်းများတွင် ခိုလှုံရန် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။ "ဆူဂါပါ (Sugapa)" ရှိ စိန့်မိုက်ကယ်ဘုရားကျောင်းတွင် ၂၄၀၀ ခန့်နှင့် "အာဂါပါ (Agapa)" ရှိ ကတ်သလစ် ဘုရားကျောင်းတွင် ၃၀၀၀ ခန့်ရှိသည်။ အခြားရာနှင့်ချီသောသူများသည် ခရိုင်အတွင်းရှိ အခြားဘုရားကျောင်းများတွင် လွတ်ရာလွတ်ကြောင်း ရှောင်တိမ်းခဲ့ကြရသည်။

ဘုန်းတော်ကြီးများက လူများ နေရပ်ပြန်နိုင်စေရန်၊ အကြမ်းဖက်မှုများအဆုံးသတ်ရန် နှစ်ဖက်စလုံးမှ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားသည်။

"ဆူဂါပါ (Sugapa)" တွင် တိုက်ခိုက်မှုများကို အစီရင်ခံနေဆဲဖြစ်သည် ဟု ဘုန်းတော်ကြီး Fr. Dominikus Dulione Hodo က UCA သတင်းဌာနသို့ နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

တီမီကာမြို့၏ တရားမျှတမှုနှင့် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ Fr. Wanimbo က "ပဋိပက္ခ၏ အကျိုးဆက်ကြောင့် အပြစ်မဲ့ပြည်သူများ ဒုက္ခရောက်စေရန် စစ်တပ်သည် အရပ်သားများကြားတွင် တပ်စွဲထားခြင်းဖြင့် ကူညီခြင်းမရှိကြောင်း" ပြောဆိုခဲ့သည်။

“တိုက်ခိုက်မှုတစ်ခုဖြစ်ပွားတဲ့အခါ အရပ်သားတွေဟာ ပစ်ခတ်မှုမှာ ဖမ်းဆီးခြင်းခံရန် ဦးတည်‌နေပါတယ်” ဟု Fr. Saul Wanimbo မှ ပြောကြားခဲ့သည်။

ဘာသာပြန်=စစ္စတာရ်လူစီကျဲန်၊ SJA

https://bit.ly/3bycxWD

 

Add new comment

4 + 3 =