ပါပါး မြွက်ကြားတဲ့ အာပတ်ဖြေခြင်းစက္ကရာမင်တူး

ပါပါး မြွက်ကြားတဲ့ အာပတ်ဖြေခြင်းစက္ကရာမင်တူး

အာပတ်ဖြေဖို့သွားခြင်းက ကုသခြင်းရဖို့၊ အကျွန်ုပ်ဝိညာဉ်ရဲ့အနာကို ကုသနိုင်ဖို့အတွက် ဖြစ်ပါတယ်။

ဝိညာဉ်ရေးမှာ ပိုကျန်းမာသန်စွမ်းလာဖို့ ဖြစ်တယ်။ ဒုက္ခဝေဒနာကနေ ကရုဏာတရားကို ကူးပြောင်းဖို့ပါ။

အာပတ်ဖြေခြင်းရဲ့အဓိက အ ချက်က ကျွန်ုပ်တို့ ဝန်ခံလိုက်တဲ့ အပြစ်တွေပဲ မဟုတ်ဘဲ ကျွန်ုပ်တို့မှာ အမြဲလိုအပ်တဲ့ ဘုရားသခင်ရဲ့ကရုဏာမေတ္တာတရားကို ရရှိကြခြင်း ဖြစ်ပါတယ်။

အာပတ်ဖြေခြင်းရဲ့ အဓိက အချက်က ကျွန်ုပ်တို့ကို စောင့်ကြို၊ နားထောင်ပေးပြီး ခွင့်လွှတ်တဲ့ သခင်ယေဇူးပဲ ဖြစ်ပါတယ်။

ဘုရားသခင်ရဲ့ နှလုံးသားမှာ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ အ မှားတွေထက် ပိုမြင့်မြတ်တယ်ဆိုတာကို သတိရပါ။

ကျွန်ုပ်တို့ဟာ အာပတ်ဖြေခြင်းစက္ကရာမင်တူးကို နက်ရှိုင်းတဲ့ ပြု ပြင်ပြောင်းလဲမှုနဲ့အတူဘုရား သခင်ရဲ့အဆုံးမဲ့ချစ်ခြင်းနဲ့ ခွင့်လွှတ်ခြင်းရဲ့ အရသာကို မြည်း စမ်းကြုံတွေ့နိုင်ဖို့ ဆုတောင်းကြပါစို့။

အသင်းတော်ကို မနှိပ်စက်ဘဲ ကရုဏာမေတ္တာပြတတ်တဲ့ ဘုန်းကြီးတွေကို ဘုရားသခင်ပေးသနားဖို့အတွက်လည်း ဆုတောင်းကြပါစို့။

✍️ ထန်းဟာ, SJ

Photo courtesy of: NBC News

#Pope #prayerintentions #Prayers

Add new comment

5 + 7 =