ပါပါးဖရန်စစ်၏မွန်ဂိုးလီးယားခရီးစဉ် ပြီးဆုံး

ပါပါးဖရန်စစ်၏မွန်ဂိုးလီးယားခရီးစဉ် ပြီးဆုံး

ရဟန်းမင်းကြီးဖရန်စစ်၏မွန်ဂိုးလီးယားသို့ (ဩဂုတ် ၃၁ မှ စက်တင်ဘာ ၄) သမိုင်း၀င်တမန်တော်ခရီးစဉ်သည်ယနေ့အဆုံးသတ်လိုက်ပြီဖြစ်သည်။

ရဟန်းမင်းကြီးသည်မွန်ဂိုးလီးယားနိုင်ငံမှမထွက်ခွာမီ 'House of Mercy' (သနားခြင်း ၏အိမ်တော်) အမည် ပေးထားသောအ ဆောက်အဦးတစ်ခုကိုကောင်းချီးပေးဖွင့်လှစ်ခဲ့သည်။ အဆိုပါဝေါဟာရနှစ်လုံးသည်သာသနာ၏ အုတ်မြစ်ဖြစ်သည်။

သာသနာသည် လူတိုင်းအားကြိုဆိုသော၊ အခြားနေရာ၌ မခံစားနိုင်သော၊ စိတ် နှလုံးသားအားလှုပ်ခတ်စေသောအဆင့်မြင့်သည့်ချစ်ခြင်းကိုပေးစွမ်းသော 'အိမ်' လည်းဖြစ်ရမည်။ နူးညံ့ပြီး၊ စီမံပေးတတ်သောဖခင်မေတ္တာကိုထိတွေ့ခံစားနိုင်သောနေရာဖြစ် သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

photo courtesy: Vatican Media

Add new comment

2 + 3 =