Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပါပါးဖရန်စစ်ကျန်းမာစွာဖြင့် ဆေးရုံမှဗာတီကန်သို့ပြန်လည်ရောက်ရှိ
ပါပါးဖရန်စစ်ကျန်းမာစွာဖြင့် ဆေးရုံမှဗာတီကန်သို့ပြန်လည်ရောက်ရှိ
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ အူလမ်းကြောင်းခွဲစိပ်ကုသမှုကို ခံယူဘို့ ဂျယ်မာ့လီ ဆေးရုံမှာ ၁၁ ရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီး ဒီနေ့ ဂျူလိုင် ၁၄ ရက် နံနက် ၁၀:၃၀ နာရီ မှာတော့ ဗာတီကန်သို့ ကျန်းမာစွာနဲ့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။
အရှင်သူမြတ်ကိုပြုစုပေးနေကြတဲ့ ဆရာဝန်များရဲ့ ကျန်းမာရေးအတည်ပြုချက်နဲ့ ဆေးရုံမှ ဆင်းလာခဲ့တာဖြစ်ပြီး မိမိသတင်းသုံးရာ ဆန်တာမားတာ သို့ မရောက်မှီ စိန့်မေရီမေဂျာ ဘာဆီးလိကား ကျောင်းတော်ကြီးမှာ ဝင်ရောက်ဆုတောင်းခဲ့သလို ဆေးရုံမှ မထွက်ခွာခင်လည်း လူနာကလေးငယ်များထံ အလည်အပတ်ကြွရောက်ခဲ့တာပါ။
၎င်းရဲ့ခွဲစိပ်ကုသခြင်းအောင်မြင်မှုအတွက် ဘုရားရှင်ကိုကျေးဇူးတင်ကြောင်းနဲ့ မိမိတွေ့ဆုံခဲ့ရသော ဆေးရုံမှ လူနာများအတွက်လည်းဆုတောင်းပေးခြင်းဖြစ်တယ်လို့ ဗာတီကန်က ထုတ်ပြန်ပါတယ်။
လာမယ့်တနဂ်နွေအထိတော့ အရှင်သူမြတ်ဟာ အထူးဧည့်သည်တော်များနဲ့ တွေ့ဆုံတဲ့အစီအစဉ်တွေရှိသေးမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Add new comment