ပါနမာ(Panama)နိုင်ငံတွင် ကက်သလစ်အသင်းတော်သည် နိုင်ငံအစိုးရနှင့်ပူးပေါင်းကာ Covid ရောဂါကို အတူတကွ ကာကွယ်တိုက်ဖျက်ရေးဆောင်ရွက်နေခြင်း

ပါနမာ(Panama)နိုင်ငံတွင် ကက်သလစ်အသင်းတော်သည် နိုင်ငံအစိုးရနှင့်ပူးပေါင်းကာ Covid ရောဂါကို အတူတကွ ကာကွယ်တိုက်ဖျက်ရေးဆောင်ရွက်နေခြင်း

 

ပါနမာနိုင်ငံရှိ ကက်သလစ်အသင်းတော်သည် နိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌါနနှင့် ပူးပေါင်းလက်တွဲလျက် Covid-19 ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေး၊ကူညီကယ်ဆယ် ရေး လုပ်ငန်းများ အတူတကွလုပ်ဆောင်သွားရန် သဘောတူညီလက်မှတ်ရေးထိုးခဲ့သည်။

ဤသဘောတူညီချက်အတိုင်း ကျန်းမာရေးဝန်ကြီးဌါနနှင့်ရင်ဘောင်တန်းကာ ပါနမာနိုင်ငံ တစ်ဝန်းလုံး ကျေးလက်၊မြို့ရွာမကျန် နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်သွားမည် ဖြစ်ကာ အထူးသဖြင့် အလိုအပ်ဆုံးလူများ၊နေရာများကိုဦးစားပေးကြည့်ရှုသွား မည်ဖြစ် သည်။

ကက်သလစ်အသင်းတော်အနေနှင့်လည်း တရားဝင်လုပ်ဆောင်ခွင့်ရထားသည့်အတိုင်း အစိုးရနှင့်ပူးပေါင်းအင်အားဖြင့် ပါနမာနိုင်ငံတွင် Covid-19 ကပ်ရောဂါကြီးကိုအပြီးသတ် ချေမှုန်းနိုင်သည်အထိပါဝင်သွားမည်ဟုသိရသည်။

ပါနမာဂိုဏ်းချုပ်ဆရာတော်ကြီး Jose Domingo Ulloa ကလည်း “ကျွန်ုပ်တို့ယုံကြည်ခြင်း နဲ့အတူတကွ စုစည်းဆောင်ရွက်ကြပြီး၊ ကျွန်ုပ်တို့အားလုံး အဓိက အာရုံစိုက်ရမှာက နိုင်ငံ သားများလူ့ဂုဏ်သိက္ခာတွေရရှိကြကာ၊နိုင်ငံကောင်းကျိုးတွေ တဖန်ဦးမော့လာတဲ့ နိုင်ငံ အဖြစ် ပြန်လည်တည်ဆောက်ဖို့ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

ပါနမာကက်သလစ်အသင်းတော်နှင့်ကျန်းမာရေးဝန်ကြီးဌါနကြား အခိုင်အမာလက် တွဲလျက် ရှင်းလင်းသေချာသော လုပ်ငန်းစဉ်များချမှတ်ထားကာ ထိရောက်စွာ လက်တွေ့ အကောင်အထည် ဖော်လုပ်ဆောင်နိုင်စေရန်ဒေသအလိုက် ကော်မတီများကိုလည်း ဖွဲ့စည်း ထားပြီး ပြိုင်တူလှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ လက်တွေ့လုပ်ဆောင်ရာတွင် ရောဂါစောင့်ကြည့်ခံရသည့်သီးခြားခွဲထားသော နေရာများ၌ သီးသန့်နေထိုင်နေရသူများ၊မိသားစုများကိုလည်း အထူးဦးစားပေး ကြည့်ရှု ကူညီသွားရန်ဖြစ်သည်။

မူရင်း - https://bit.ly/3iyoFs9

ဘာသာပြန် OSC-CBCM (Myanmar)

Add new comment

6 + 8 =