ပါတီနိုင်ငံရေးနှင့် ဆရာတော်၊ ရဟန်းတော်များ

ပါတီနိုင်ငံရေးနှင့် ဆရာတော်၊ ရဟန်းတော်များ

ရဟန်းမင်းကြီး ဒုတိယမြောက်

ယောဟန် ပေါလု (St. John Paul II) က ဆရာတော်၊ ရဟန်းတော်များ ပါတီနိုင်ငံရေးနှင့်ပတ်သက်လို့ ပါ၀င်ခြင်းမပြုဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။

ဘာသာတူများဟာ လွတ်လပ်စွာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ပါတီနိုင်ငံရေးမှာ ပါ၀င်ခွင့်၊ လှုပ်ရှားခွင့်၊ ပါတီတစ်ခု တည်ထောင်ခွင့်နှင့်အတူ ထောက်ခံမဲ ပေးပိုင် ခ ွင့် အပြည့်အဝရရှိ ရမှာဖြစ်တယ်။

အသင်းတော်ရဲ့ ယုံကြည်ခြင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ သ ွန်သင်ခြင်းများနှင့် လုံးဝ ဆန့်ကျင်တဲ့ ပါတီနိုင်ငံရေးမှာ မပါ၀င်ဖို့ ဆုံးမသွန်သင်ခွင့်ကိုတော့ ဆရာတော်များ၊ ရဟန်းတော်များရဲ့ တာဝန် ဖြစ်တယ် (John Paul II, Encyclical Letter Evangelium vitae, 73)။

ဆရာတော်ကြီးများ၊ ရဟန်းဘုန်းတော်ကြီးများအနေနှင့် ပါတီနိုင်ငံရေးမှာ ပါ၀င်ခြင်း၊ ပါတီနိုင်ငံရေး ခေါင်းဆောင်တစ်ဦးတစ်ယောက်ကို လူသိရှင်ကြားထောက်ခံခြင်း၊ ထောက်ပံ့ခြင်းများ ပြုလုပ်တဲ့ အခါမှာ ဘာတွေဖြစ်လာသလဲဆိုတော့က၊-

(က) ဘာသာတူများရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် ဘာသာရေးလွတ်လပ်ခွင့် နှစ်ခုအကြားမှာ ကြီးမားတဲ့ ဆိုးကျိုးဖြစ်စေတတ်ပါတယ်။

(ခ) ဘာသာရေးကို အသုံးချပြီး ပါတီနိုင်ငံရေး အမြတ်ထုတ်မှုဖြစ်စေ တတ်ပါတယ်။

(ဂ) ပါတီနိုင်ငံရေးအရ ခံယူချက်မတူတဲ့ ဘာသာတူတွေအကြားမှာ စိတ်ဝမ်း ကွဲမှုဖြစ်စေပြီး၊ အသင်းတော်အတ ွင်း မလိုလားအပ်တဲ့ ပြသနာပေါင်းစုံ ဖန်တီးမွေးထုတ်ပေးတတ်ပါတယ်။

ပါတီနိုင်ငံရေးမှာ ပါ၀င်တယ်ဆိုတဲ့နေရာမှာ၊-

(၁) နိုင်ငံရေးပါတီတစ်ခုခုမှာ ပါတီဝင်အဖြစ် စားရင်းဝင်ခြင်း

(၂) နိုင်ငံရေးပါတီ တစ်ခုခုအား လူသိရှင်ကြား ထောက်ခံအားပေး ဟောပြောခြင်း

(၃) နိုင်ငံရေးပါတီ တစ်ခုခု၏ နိုင်ငံရေး စည်းရုံးလှုံ့ ဆော်မှုမှာငေ ွ ကြေး အားဖြင့်၄င်း၊ အ ရေးအ သားအားဖြင့်၄င်း၊ အ ဟော အ ပြောအားဖြင့်၄င်း ကိုယ်တိုင်ပါ၀င်ခြင်း

(၄) နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးအား လူသိရှင်ကြား အားပေးထောက် ခံမှုပေးခြင်း (ဥပမာ၊ လူမှုစာမျက်နှာမှာ --အမေစုကို ထောက်ခံစို့-- NLD ကို မဲပေးစို့ -- အမေစုကို ၀န်းရံစု-- စသည်များ share ခြင်း၊ ကိုယ်တိုင် စာမျက်နှာမှာ post ခြင်း၊ NLD ထောက်ခံပွဲ၊ အ မေစု ထောက် ခံပွဲများ ပါ၀င်ခြင်း၊ သွားရောက် မိန့်ခွန်းပြောကြားခြင်းစသည်များ....ကို ဆရာတော်များ၊ ရဟန်းတော်များသည် လုံးဝ (လုံးဝ) မလုပ်ရပါ။ အ မေစုသည် ကောင်းသည် မ ကောင်းသည်ဟု ဆိုလိုခြင်းမဟုတ်၊ နိုင်ငံရေးပါတီတစ်ခု၏ ခေါင်းဆောင်ဖြစ်သောကြောင့်သာ ဖြစ်သည်။)

အောက်ကပုံဟာ ၁၉၈၃ ခုနှစ် Pope St. John Paul II ၏ Nicaraguan ခရီးစဉ်အတွင်း ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ Nicaraguan မှ Fr Ernesto Cardenal ဟာ ရဟန်းမင်းကြီးကို ကြိုဆိုနှုတ်ဆက်ရင်း ဒူးထောက်ခဲ့ခြင်းဖြစ်တယ်။

Fr Ernesto Cardenal ဟာ Sandinistas ပါတီoင်တစ်ဦးဖြစ်တယ်။ ရဟန်းမင်းကြီးက ပါတီနိုင်ငံရေးလုံးဝ (လုံးဝ) မပါ၀င်ဖို့ လူအများရှေ့ ဆုံးမတဲ့ ပုံဖြစ်ပါတယ်။ သို့သော် သူသည် နားမ ထောင်တဲ့အ တ ွက်ကြောင့် ရဟန်းအမှုတော်ဟူသမျှ လုပ်ဆောင် ခ ွင့် ကို ရဟန်းမင်းကြီးက ပိတ်သိမ်းခဲ့ရပါတယ်။

Fr. Damian Dal

 

Add new comment

15 + 4 =