ပါစကားတနင်္ဂနွေနေ့က မန္တလေးနံ့သာကုန်းမီးဘေးသင့်ပြည်သူများထံသို့ စိန်ဂျိုးဇက်သီလရှင်များမှ ဆေးနှင့်မိုးကာ သွားရောက်လှူဒါန်း

ပါစကားတနင်္ဂနွေနေ့က မန္တလေးနံ့သာကုန်းမီးဘေးသင့်ပြည်သူများထံသို့ စိန်ဂျိုးဇက်သီလရှင်များမှ ဆေးနှင့်မိုးကာ သွားရောက်လှူဒါန်း

ပါစကားတနင်္ဂနွေနေ့က မန္တလေးနံ့သာကုန်းမီးဘေးသင့်ပြည်သူများထံသို့ စိန်ဂျိုးဇက်သီလရှင်များမှ ဆေးနှင့်မိုးကာ သွားရောက်လှူဒါန်း
(4.4.2021)
(4.4.2021)ရက်နေ့ ပါစကားတနင်္ဂနွေနေ့က မန္တလေးမြို့ ရှိ စိန်ဂျိုးဇက်အသင်းဂိုဏ်းများ သီလရှင်များသည် အလှူရှင်များ၏ ကိုယ်စား မန္တလေးနံ့သာကုန်း မီးဘေးသင့် ပြည်သူများ အတွက် ဆေး၊မိုးကာနှင့် အခြေခံပစ္စည်းအချို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။ စစ္စတာရ်များသည် ပစ္စည်းများကိုလှူဒါန်းခဲ့ပြီးနောက်ယာယီကယ်ဆယ်ရေးစခန်းတွင်နေထိုင်ကြသော မီးဘေးသင့်ပြည်သူများအား အားပေးနှစ်သိမ့်ပေးခဲ့ကြပါသည်။ မန္တလေးပြည်ကြီးတံခွန်မြို့နယ် နံသာရပ် တံခွန်တိုင်ရပ်ကွက်တွင် ဧပြီလ (1) ရက်နေ့ နံနက်(5:00)နာရီဝန်းကျင်က မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ(90) နီးပါး မီးလောင်ဆုံးရှုံးခဲ့ပါသည်။ မီးသေးသင့် အိမ်ထောင်စုပေါင်း (150) ​ေကျာ်နှင့် လူဦးရေအားဖြင့် အယောက်(500) ကျော် အား မြဘယက်သာမဏေကျောင်းဝင်း ကွက်လပ်တွင် မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်ထားကာ နေရာထိုင်ခင်း စီစဥ်ထားရှိပေးထားပါသည်။ ္္၎င်းကယ်ဆယ်ရေးစခန်းသို့ မန္တလေးမြို့မှ မြို့ခံပြည်သူများမှ အစားအစာနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို နေ့စဉ်လာရောက်လှူဒါန်းပေးလျှက်ရှိတယ်လို့သိရှိခဲ့ရပါသည်။ ပရဟိတလူငယ်အဖွဲ့မှ လူငယ်တစ်ဉီးကလည်း ယာယီကယ်ဆယ်ရေးစခန်းဖွင့်ထားပေးပြီး ကူညီရုံသာမက ပြန်လည်ထူထောင်ရေးအတွက်ပါ ဆက်လက်လုပ်ဆောင်ပေးသွားမှာဖြစ်တဲ့အကြောင်းကိုလည်းပြောပြခဲ့ပါသည်။ ထိုနေ့တစ်ရက်တည်းမှာပင် စစ္စတာရ်များသည် ဧပြီလ (1)ရက်နေ့က မန္တလေး စိန်ပန်းရပ်ပသ်ခတ်ဖြိုခွဲမှုအတွင်းသေဆုံးသွားခဲ့သော လူငယ်လေးများဖြစ်သည့်ဇော်ကိုလတ်(ခ)သေးသေး နှင့် ရဲနေမင်းတို့ မိသားစုများထံသို့သွားရောက်ကာ အားပေးနှစ်သိမ့်ခဲ့ကြပါသည်။
#RVAMyanmar #rvapastoralcare #Donation

Add new comment

4 + 13 =