ပါကစ္စတန် နိုင်ငံတွင် နှစ်ပေါင်း ၆၅ နှစ်တာ ဘာသာပေါင်းစုံမှ ကလေးသူငယ်များကို ပညာသင်ကြားပေးခဲ့သော ကက်သလစ်သီလရှင် တစ်ပါးအား ဆုချီးမြှင့်ခြင်း

စစ္စတာ ဂျွန် ဘာချမင်စ် ကွန်ဝေး (John Berchmans Conway)

ပါကစ္စတန် နိုင်ငံတွင် နှစ်ပေါင်း ၆၅ နှစ်တာ ဘာသာပေါင်းစုံမှ ကလေးသူငယ်များကို ပညာသင်ကြားပေးခဲ့သော ကက်သလစ်သီလရှင် တစ်ပါးအား ဆုချီးမြှင့်ခြင်း
ဇူလိုင်လ ၂၅၊ ၂၀၁၉

UK နိုင်ငံ လန်ဒန်မြို့ တွစ်ကင်ဟမ် ရှိ့ စိန့်မေရီ ကက်သလစ် တက္ကသိုလ်မှ ပါကစ္စတန် နိုင်ငံတွင် နှစ်ပေါင်း ၆၅ နှစ်တာ မွတ်စလင်၊ ခရစ်ယာန်၊ ပါစီ နှင့် ဟိန္ဒု ဘာသာဝင် ကလေးသူငယ်များကို ပညာသင်ကြားပေးခဲ့သော ကက်သလစ်သီလရှင် အိုင်းရစ်ရှ နိုင်ငံသူ စစ္စတာ ဘာချမင်စ် (Berchmans) အား Westminster ဂိုဏ်းချုပ်ဆရာတော် ရဟန်းမင်းအမတ်ကာဒီနယ် ဗင်းဆင်း နီကိုးစ် မှ ရဟန်းမင်းကြီး ဘက်နဒက် ၁၆ ကိုဂုဏ်ပြုထားသောတံဆိပ်ပါ ဆုတံဆိပ်ကို ထူးခြားပြောင်မြောက်သော သာသနာပြုအဖြစ် ဂုဏ်ပြုသောအားဖြင့် ပြီးခဲ့သော ရက်သတ္တပတ်က ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

စစ္စတာ အားဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ရဟန်းမင်းအမတ်ကာဒီနယ် ဗင်းဆင်း နီကိုးစ် မှ သူမ၏ တပါးသူအပေါ်မှာ လက်ခံနိုင်မူ့စွမ်းအား၊ လေးစားမူ့ရှိခြင်းတို့သည် အနာဂတ် ဆရာဆရာမများ နှင့်ကျောင်းသူကျောင်းသားများအတွက် စံနမူနာကောင်းများဖြစ်ကြောင်း မျိုးဆက်သစ်များကို ဆက်လက်အလင်းပေးနေမည်ဖြစ်ကြောင်းပြေားကြားခဲ့ပါသည်။

အိုင်ယာလန်နိုင်ငံ သမ္မတ Michael Higgins မှလည်း သူမ၏ ပေးဆပ်အနစ်နာခံမူ့အပေါ် ဂုဏ်ပြုပေးခဲ့ပါသည်။ ပါကစ္စတန် နိုင်ငံ မှ UK နိုင်ငံ သံအမတ်ဖြစ်သူ Muhammad Nafees Zakaria မှလည်း စစ္စတာအား လူသားတို့အတွက် လမ်းပြမီးအိမ်အဖြစ်ဂုဏ်ပြုခဲ့ပါသည်။ စစ္စတာသည် ပါကစ္စတန် နိုင်ငံမှ ပေးအပ်သော အမြင့်ဆုံး ဆု -Sitara-i-Quaid-i- Azam- ဆုကိုလည်း ရရှိထားသူဖြစ်ပါသည်။

စစ္စတာ ဂျွန် ဘာချမင်စ် ကွန်ဝေး (John Berchmans Conway) ကို ၁၉၃၀ ခုနှစ်က အိုင်ယာလန် နိုင်ငံ County Clare တွင်မွေးဖွားခဲ့ပြီး၊ ၁၉၅၁ ခုနှစ်တွင် Willesden ရှိ ယေဇူး နှင့် မယ်တော် မာရီယား အသင်းဂိုဏ်သို့ ဝင်ရောက်ခဲ့ပါသည်။ ယခုအချိန်တွင် စစ္စတာ သည် အသက် ၈၉ နှစ်ရှိပြီဖြစ်ပြီး သူမ သင်ကြားပေးခဲ့သော ကျောင်းသူကျောင်းသာများထည်းတွင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Benazir Bhutto နှင့် နိုလ်ဘယ်ဆုရှင် Nergis Mavalvala တို့ပါဝင်ကြောင်း ဖော်ပြထားပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2ZdWTYK

Add new comment

6 + 11 =