ပါကစ္စတန် မှ မေ့လျော့ခံ ကလေးများ၏ မိခင် သီလရှင် ကိုဗစ်ကြောင့် ကွယ်လွန်

ပါကစ္စတန် မှ မေ့လျော့ခံ ကလေးများ၏ မိခင် သီလရှင် ကိုဗစ်ကြောင့် ကွယ်လွန်

ပါကစ္စတန် မှ မေ့လျော့ခံ ကလေးများ၏ မိခင် သီလရှင် ကိုဗစ်ကြောင့် ကွယ်လွန်

ပါကစ္စတန်ရှိ စိတ်ပိုင်းခန္တာပိုင်းချို့တဲ့သည့် ကလေးသူငယ်များအတွက် ဘဝတလျှောက်လုံး ပေးဆပ်ခဲ့သည့် သီလရှင်ကြီး Sister Ruth Lewis ဟာ ကိုဗစ် ၁၉ ကြောင့် သက်တော် ၇၇ နှစ် ကရာချီမှာ ကွယ်လွန်သွားပါတယ်။

ကရာချီမြို့က မေ့လျော့ခံ မသန်မစွမ်းကလေး များအတွက် လုံးလုံးလျားလျား ပေးဆပ် တဲ့ ပါကစ္စတန် မိခင် အဖြစ် အများက သိကြတဲ့ သီလရှင်ကြီးလည်းဖြစ်ပါတယ်။

"Dar ul Sukun" ဆိုတဲ့ မသန်မစွမ်း ဂေဟာကို ၁၉၆၉ ခု ဖေဖော်ဝါရီကထဲက သူမစတင်တည်ထောင်ခဲ့တာပါ။ မိသားစု များက စွန့်ပစ်သော စိတ်ပိုင်းခန္တာပိုင်း ချို့တဲ့သော ကလေးသူငယ်များအတွက်ကတော့ ၅၁ နှစ်တာလုံး မိခင်ကြီးတပါးဖြစ်ခဲ့ပါတယ်။

စစ္စတာရ်ကြီးဟာ ကလေးငယ် ၁၅၀ အားကိုဗစ် ကာလမှာလည်း ဂရုစိုက်ကာ နွေးထွေးမှုပေးခဲ့ကြောင်း၊ သူမ ဂေဟာမှ ကလေး ၂၁ ဉီး ဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့ကြောင်းနှင့် ဂျုလိုင် ၈ ရက်တွင် သူမ၌ ပိုးတွေ့ရှိကာ ဆေးရုံတင်ခဲ့ကြောင်းနှင့် ဂျူလိုင် ၂၀ ရက်နေ့မှာတော့ Aga Khan ဆေးရုံမှာ စစ္စတာရ်ကြီးဟာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ဆိုတာကို ဗာတီကန် သတင်းအရသိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of :Gulf News

https://bit.ly/3eZUyro
 

 

Add new comment

9 + 11 =