ပါကစ္စတန် ခရစ်ယာန်တစ်ဦး၏​ဖေ့ဘွတ်မှတ်ချက်သည် ဘာသာ​ရေး​စော်ကားမှုဟုတရားစွဲခံရ

ပါကစ္စတန် ခရစ်ယာန်တစ်ဦး၏​ဖေ့ဘွတ်မှတ်ချက်သည် ဘာသာ​ရေး​စော်ကားမှုဟုတရားစွဲခံရ

ပါကစ္စတန် ခရစ်ယာန်တစ်ဦး၏​ဖေ့ဘွတ်မှတ်ချက်သည် ဘာသာ​ရေး​စော်ကားမှုဟုတရားစွဲခံရ

ပါကစ္စတန်နိုင်ငံတွင် နှစ်စဥ်ကျင်းပ​သော လူနည်းစုဘာသာဝင်များ၏လွတ်လပ်ခွင့်ပွဲ​တော် မတိုင်မီ ရက်​အနည်းငယ်အလိုတွင် ခရစ်ယာန်အမျိုးသားတစ်ဦးအား ဘာသာ​ရေး​စော်ကားမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
Sohol Masihဟူ​သော ခရစ်ယာန်အမျိုးသားသည် ​ဖေ့ဘုတ်​ပေါ်တွင်​ အစ္စလာမ်ဘာသာဝင်များ၏ အစ်​နေ့တွင် ပူ​​ဇော်ရာအသား စားသုံးမှုကို ​ဝေဖန်မိခဲ့သည်။ထိုပို့သ်၏​ကောမန့်တွင် သူက"နွားများနှင့်သိုးများ၏အ​​သွေးသည် အပြစ်များကို ​ဆေး​ကြောနိုင်သည်မှာ မဖြစ်နိုင်​ကြောင်း"​ရေးသားခဲ့ခြင်း ဖြစ်သည်။

ပန်ဂျပ်ပြည်နယ်မှ ရဲအရာရှိတစ်ဦးက Masihကို လုံခြုံ​စေရန် ထိန်းသိမ်းထားသည်ဟုဆိုသည်။ဖမ်းဆီးသည့်ည​နေတွင် ဘာသာ​ရေးအစွန်း​ရောက်လူအုပ်ကြီးသည် ရဲစခန်းကို ဝင်စီးခဲ့ပြီး တံခါးများကို ဖျက်ဆီးကာ ဆဲ​ရေးတိုင်းထွာခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံတွင် ဘာသာ​ရေးအစွန်း​ရောက်​သော ပါတီတစ်ခုမှ ဖိအား​ပေးမှုများရှိ​နေပြီး ခရစ်ယာန်ဘာသာဝင်များမှာ ​ကြောက်လန့်​နေရသည်။ဘုရား​ကျောင်းများ၊အိမ်များဖျက်ဆီးခံရ​ကြောင်း ခရစ်ယာန်များက ​ပြောကြားသည်။

ပါကစ္စတန်တွင် ဘာသာ​ရေး​စော်ကားမှုများအနက် ​​ကျော်ကြားသည့်အမှုမှာ အာစီယာဘီဘီဟူ​သော ခရစ်ယာန်အမျိုးသမီး၏အမှုဖြစ်ပြီး သူမသည် အစ္စလာမ်တို့၏ကိုရမ်ကျမ်းစာကို ​စော်ကားသည်ဟုဆိုကာ ​သေဒဏ်ကျခံထားရသည်။သို့​သော် ဆယ်နှစ်ကြာအမှုရင်ဆိုင်ပြီး​နောက် မနှစ်က ​သေဒဏ်မှ လွတ်​မြောက်လာခဲ့​လေသည်။ သြဂုတ်လ ၁၁ရက်​နေ့သည် ပါကစ္စတန်နိုင်ငံတည်​ထောင်​ရေးတွင် အင်တိုက်​အားတိုက်ပါဝင်ခဲ့​သော လူနည်းစုဘာသာဝင်များ၏အခွင့်အ​​ရေး​နေ့ဖြစ်သည်။သို့​​သော်လည်း လူနည်းစုခရစ်ယာန်များမှာ လွတ်လပ်ခွင့်ကို မရကြ​သေး​ပေ။

ဘာသာပြန် - Agnes Lawh Lun

Photo courtesy of: AFP
https://bit.ly/2EhBUhU

 

Add new comment

3 + 0 =