ပါကစ္စတန်နိုင်ငံ၌ ပထမဦးဆုံးသော လူငယ် ၊ ဘုရားသခင်၏အစေခံရရှိ

ပါကစ္စတန်နိုင်ငံ၌ ပထမဦးဆုံးသော လူငယ် ၊ ဘုရားသခင်၏အစေခံရရှိ

ပါကစ္စတန်နိုင်ငံ၌ ပထမဦးဆုံးသော လူငယ် ၊ ဘုရားသခင်၏အစေခံရရှိ

            အမိကက်သလစ်သာသနာတော်ကြီး၌ ရဟန္တာတစ်ပါးတင်မြောက်ရန် အဆင့် (၃) ဆင့်ရှိ ပါသည်။ (၁) ဘုရားသ ခင်၏အစေခံအဖြစ်ကြေညာခြင်း၊ (၂) သူတော်မြတ်အဖြစ်ကြေညာခြင်း၊ (၃) ရဟန္တာအဖြစ်ကြေညာခြင်းတို့ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၌ ခရစ်ယာန်လူနည်းစု သာရှိသော နိုင်ငံဖြစ်သည်။ ထိုနိုင်ငံမှဒေသခံတစ်ဦးအား ရဟန္တာအဖြစ်တင်မြောက် နိုင်ရေးအတွက် ပထမခြေလှမ်းဖြစ်သော ဘုရားသခင်၏အစေခံအဖြစ် ပြီးခဲ့သော ဇန္န၀ါရီလ (၃၁) ရက်နေ့က Lahore ဂိုဏ်းချုပ်ဆရာ Sebastian Shaw ကတရား၀င်ကြေညာခဲ့သည်။

ဘုရားသခင်၏အစေခံအဖြစ်ကြေညာခံရသော ဒေ သခံ၏အမည်မှာ Akash Bashir ဖြစ်သည်။ သူပျံလွန်ချိန်၌ အသက် (၂၀) သာရှိသေးသော ကက်သလစ်လူငယ်လေး တစ်ဦးဖြစ်သည်။ သူသည် လွန်ခဲ့သော (၂၀၁၅၊ မတ်လ၊ ၁၅) ရက်နေ့က Youhanabad ရှိ စိန့်ဂျွန်ဘုရားကျောင်းအ တွင်း၌ ၀တ်ပြုဆုတောင်းနေသောလူအုပ်ကြီးအား ဗုံးခွဲသတ်ဖြတ်ရန်ကြံစည်သူအား ၀င်ရောက်တားမြစ်ခဲ့ရာမှ အသက် ပေးဆပ်ခဲ့ရသူဖြစ်သည်။ ထိုအခင်း၌ သူနှင့်အတူ (၁၅) ဦးသေဆုံးခဲ့ပြီး၊ (၇၀) ကျော်ထိခိုက် ဒဏ်ရာရခဲ့ကြသည်။ ထို တိုက်ခိုက်မှုနှင့် မရှေးမနှောင်း၌ပင် အနီးအနားရှိပရို တက်စတန်ဘုရား ကျောင်းတစ်ကျောင်း၌လည်း အလားတူတိုက် ခိုက်ခဲ့သည်။ သူသည် အခြားသူများ၏အသက်ကိုကယ်ရန် သူအသေခံခဲ့သည်။ သူသည် သီဩလိုဂျီ၊ ဖီလိုဆိုဖီဘာသာရပ် များကိုမသင်ကြားခဲ့ရ။ သူ၏ခရစ်ယာန် အသက်တာ ရိုးသားစွာအသက်ရှင်သည်။ ယေဇူးသခင်နောက်သို့ နေ့တိုင်း၊ အချိန်တိုင်း၊ နာရီတိုင်း၊ အခြေအနေတိုင်း၌လိုက်ခဲ့သူဖြစ်သည်။

            ထိုအခင်းဖြစ်သောနေ့၌ မစ္ဆားပူဇော်နေခဲ့သော သူ၏ကျောင်းထိုင်ဖြစ်သူ ဖာသာရ် Francis Gulzar က ဤ ကောင်လေးကြောင့်သာသူအသက်ရှင်နေရကြောင်း၊ ထိုနေ့၌ ဘုရား၀တ်ပြုခြင်းတွင် ပါ၀င်နေသောဘာသာတူ ထောင်နှင့် သောင်းနှင့်ဘုရားအတွင်းအပြင်တွင်ပြည့်နေသည်။ အမှန်မှာ ဗုံးဖောက်ခွဲသူသည် ကျောင်းထိုင်နှင့်ဘုရား၀တ်ပြုနေသော ဘာသာတူများအား ပစ်မှတ်ထား ၍လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဤကောင်လေးတွေ့သွား၍ ၀င်ရောက်ကာကွယ်ပေး နိုင်ခဲ့သည်။ သူသည် သာသနာအုပ်စုအတွင်းမှ လူငယ်ဖြစ်ပြီး၊ ကျောင်းထိုင်နှင့်လည်း လွန်စွာရင်းနှီးကျွမ်း၀င်သည်။ သူ သည် သူ၏ခရစ်ယာန်အသက်တာကို လူအများ၏အသက်တာကိုကယ်တင်ရန် အသေခံခြင်း ဖြင့် ထုတ်ဖော်၀န်ခံခဲ့သည်။ ဤသို့သော သူရဲကောင်းလုပ်ရပ်အတွက် ဂုဏ်ယူမဆုံးကြောင်းနှင့် ၄င်း၏မိ ဘနှစ်ပါးကိုလည်းကျေးဇူးတင်ကြောင်းဆိုသည်၊ မတ် လ (၁၅) ရက်နေ့ နှစ်ပတ်လည်နေ့ မစ္ဆားတရားတော်မြတ်၌ လူငယ်များစွာတက်ရောက်ရန်ဖိတ်ကြားခဲ့ကြောင်း၊ ဤလူ ငယ်လေးထံမှ သင်ယူပြီး၊ မိသားစုအတွက်၊ သာသနာအတွက်၊ နိုင်ငံအတွက်အဘယ်သို့အလုပ်အကျွေးပြုရမည်၊ ဂုဏ်ယူ လောက်သောသူများဖြစ်ရမည်ကိုသင်ယူရမည်ဖြစ်ကြောင်း၊ ဤလူငယ်လေးသည် ဘုရားသခင်၏ လူမျိုးအတွက် အ ကောင်းဆုံးပေးဆက်ခဲ့ကြောင်း၊ သူ၏လောက အသက်တာသည်တို တောင်းသော် လည်း သူ၏လုပ်ဆောင်ချက်သည်အ လွန်ကြီးမားလှကြောင်း  သူသည် စစ်မှန်သော ခရစ်ယာန်ဖြစ်ကြောင်းကို သူ၏အသက်တာဖြင့်ပြသွားခဲ့သည်ဟုပြောကြားခဲ့ သည်။ 

            ဤအခင်းဖြစ်ပွားခဲ့သည်မှာ ယခုနှစ်နှင့်ဆိုပါလျှင် (၇) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် သူ့အားမမေ့ခဲ့ပေ။ သူ၏ မွေးနေ့ကိုအောက်မေ့ကျင်းပလေ့ရှိသည်။ စီတန်းလှည့်လည်ခြင်း၊ စုပေါင်း၍သူ၏အုတ်ဂူဘေး၌ဆုတောင်းခြင်းများကို လည်းပြုလုပ်လေ့ရှိသည်။ သူ၏ဆရာ၊ ဆရာမများလည်း သူ့အားအရိုအသေပေးလေ့ရှိသည်။

            ယခုကဲ့သို့ ဒေသခံတစ်ဦးသည် ရဟန္တာတင်မြောက်နိုင်ရန်အတွက် အစပြုလိုက်သောကြောင့် သာသနာပိုင်ဆရာတော်သည်လည်းကောင်း၊ ပါကစ္စတန်ကက်သလစ် သာသနာတော်ကြီး အတွက် သော်လည်းကောင်း ဂုဏ်ယူစရာဖြစ်ရပါသည်။ ပါကစ္စတန်ကက်သလစ်သာသနာသည် (၁၉၄၇) မှသာစတည်ခဲ့သောကြောင့် သက်တမ်းနုသေးသောသာသနာ ဖြစ်ပါသည်။ သာသနာတော်ကြီးသည် စွန့်လွှတ်ပေးဆပ်သူများရှိလာလျှင် အားကောင်းလာပြီး၊ တိုးတက်ပြောင်းလဲမှုရှိ လာသည်။

 အဘယ်သူမျှ အသိအမှတ်ပြုခြင်းမခံခဲ့ရသော ဘာသာသူများစွာလည်းရှိခဲ့သည်။ ရှိနေသည်။  ကျွန်ုပ် တို့သည် လူနည်းစုဘာသာ၀င်များဖြစ်ကြသော်လည်း ခရစ္စတူးသခင်ကိုသက်သေခံရာ၌ အလွန်စိတ် အားထက်သန်ကြသည်။ အထူးသဖြင့် ပညာရေးနှင့်ကျန်းမာရေးအပိုင်း၌ အလွန်ပေးဆပ်လာခဲ့သည်။    

            အဆိုပါအခင်းဖြစ်ပွားပြီးနောက်ပိုင်း၌ ဘုရားကျောင်း၀တ်ပြုခြင်း အခမ်းအနားအစမှ သည်အဆုံးထိတိုင် ဘာသာ တူများမှစီစဉ်၍ အလှည့်ကျလုံခြုံရေးယူပေး၍လည်း အလွန်ကျေးဇူး တင်ရပါသည်။ ဤလုံခြုံရေးအဖွဲ့ထဲ၌ သူတော်မြတ် တင်မြောက်ခံမည့်ကောင်လေး၏ အစ်ကို အသက် (၂၇) နှစ်ရှိ Arsalan လည်းတက်ကြွစွာပါသည်။ လုံခြုံရေးအဖွဲ့၀င် (၅၂) ဦးရှိသည်။ ၄င်းတို့အနက် အမျိုးသားများသာမဟုတ်။ အမျိုးသမီးများလည်းပါသည်။ မိမိတို့၏ဘုရားကျောင်းနှင့်ယုံ ကြည်ခြင်းကို အဘယ်သို့ကာကွယ်စောင့်‌ရမည်ကိုပညာပေးသွားခဲ့သည်။     

            ဤဒေသခံ ပါကစ္စတန်လူငယ်၏ ရဟန္တာတင်မြောက်ရေးကိစ္စကိုလက်ခံပေးသည်အတွက် ရဟန်းမင်းကြီးအား လည်းကောင်း၊ ရဟန္တာတင်မြောက်ရေးဆိုင်ရာ ရုံးတော်မှာတာ၀န်ရှိ သူများ အားလည်းကောင်း ကျေးဇူးတင်ကြောင်း၊ ယခု ကဲ့သို့စတင်နိုင်ရန်အတွက် မျက်မြင်သက်သေ (၁၀၀) ကျော်၏အချက်အလက်များကိုကောက်ခံတင်ပြခဲ့ကြောင်း၊ ဤ လုပ်ဆောင်မှု၌ ဆလေးရှင်း အသင်းမှ အဓိကထားလုပ်ဆောင်ပေးခဲ့ကြောင်း၊ ယခုအခါ ပထမအဆင့်ပြီးစီးပြီဖြစ်သည်ဟုဆိုသည်။

ယ ခုမျှော်လင့်စောင့်စားရမည်မှာ ပါကစ္စတန်နိုင်ငံအတွက်သတင်းကောင်းကြီးဖြစ်သည့် သူတော်မြတ်အဖြစ် တင်မြောက်နိုင် ခြင်းပင်ဖြစ်သည်။  

 

            ယခုကဲ့သို့ ပါကစ္စတန်နိုင်ငံ၏ ဒေသခံတစ်ဦးအား သူတော်မြတ်အဖြစ်တင်မြောက်နိုင်ရန် ဘုရားသခင်၏အစေခံ အဖြစ်ကြေညာနိုင်ခဲ့သည့်အတွက် အားသစ်ကိုပြန်လည်ရရှိလာပြီး၊ ဘာသာရေး၌ စိတ်အားထက်သန်မှုပိုရှိလာကြသည်။ ပါကစ္စတန်နိုင်ငံသားမြောက်များစွာသည် ရောမမြို့၌ကျင်းပမည့် Arsalan အားသူတော်မြတ်တင်မြောက်ခြင်းအခမ်းအ နား၌ ပါ၀င်ကြရန်ကိုလည်းမျှော်လင့်ပါသည်။ ဤအချက်သည်လည်း အလွန်အရေးကြီးသည်။ 

            သာသနာတော်ကြီး၏ဖခင်ဖြစ်သော Tertullian ၏အဆိုအမိန့်ကိုကိုးကားရမည်ဆိုပါလျှင် ‘the blood of the martyrs is the seed of the Church’ (ဓမ္မအာဇာနည်တို့၏ သွေးသည် သာသနာကြီး ၏မျိုးစေ့ဖြစ်သည်’ ဟူ၍ပင်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/38o80I7

 

 

Add new comment

2 + 0 =